နေရောင်ကာခရင်မ် Sunscreen ဆိုတာကတော့ ဘယ်လို Skin Types မျိုးမတွက်ဆို မဖြစ်မနေ လိုအပ်တဲ့ Daily Use Skin Care ထုတ်ကုန် တစ်ခုပါပဲ။ ကွီးတို့ အခြား Skin Care အဆင့်တွေ ဘယ်လောက်လုပ်လုပ် Sunscreen မလိမ်းရင်တော့ အသားအရေ ကောင်းလာနိုင်ဖို့ မရှိပါဘူး။ Sunscreen ဟာ နေပူထဲသွားမှ ရတာမဟုတ်ပဲ နေ့အချိန်အတွင်းမှာ လိမ်းကိုလိမ်းပေးရမယ့် Skin Care Step တစ်ခု ဖြစ်ပါတယ်။
Photo : Clinikally
Sunscreen လိမ်းတဲ့အခါ တခြားသော Skin Types သမားတွေထက် အဆီပြန်တဲ့ Oily Skin နဲ့ ဝက်ခြံထွက်တဲ့ Acne Prone Skin အသားအရေ သမားတွေဟာ ပိုပြီး တိုင်ပတ်ကြပါတယ်။ များသောအားဖြင့် ဒီလိုအသားအရေ ပိုင်ရှင်တွေဟာ နေရောင်ကာခရင်မ် Sunscreen လိမ်းတဲ့အခါ မျက်နှာကြီး ဖြူဖွေးပြာနှမ်း သွားတာမျိုး ဒါမှမဟုတ်လည်း မှားယွင်းတဲ့ Sunscreen Type ရွေးချယ်မှုကြောင့် ချွေးပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံတွေ ဆိုးဆိုးရွားရွား ထွက်လာတာတွေ ကြုံရတက်ပါတယ်။
ဒီလိုအခြေအတွေကို ရှောင်ရှားချင်တယ် ဆိုရင်တော့ အဆီပြန်ပြီး ဝက်ခြံထွက်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ Nourishing Ingredients တွေ အများကြီး မပါဝင်တဲ့ ရေအခြေခံ Sunscreen အမျိုးအစား ၊ Oil-Free Sunscreen အမျိုးအစား ဒါမှမဟုတ် Gel Type Sunscreen အမျိုးအစားတွေကို သုံးသင့်ပါတယ်။ အဆီပြန်ခြင်း မရှိတဲ့ ဖော်မြူလာနဲ့ ထုတ်ထားတဲ့ Sunscreen အမျိုးအစားတွေကတော့ အကောင်းဆုံးပါပဲ။
Non-Greasy Formula Sunscreen တွေဟာ မျက်နှာပေါ် လိမ်းလိုက်တာနဲ့ အရေပြားထဲကို အလွယ်တကူ စိမ့်ဝင်သွားနိုင်တဲ့အတွက် ဖြူပြီးပြာနှမ်းသွားတာ ၊ အဆီပြန်တာ ၊ ဝက်ခြံထွက်တာတွေကို မဖြစ်စေတော့ပါဘူး။ UVA နဲ့ UVB ရောင်ခြည် ၂ မျိုးလုံးမှလည်း ကာကွယ်မှုကောင်းကောင်း ပေးစွမ်းနိုင်ပြီး အသားအရေကိုလည်း အစိုဓာတ် ဖြည့်တင်းပေးတဲ့အတွက် ကွီးတို့အသားအရေဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ပျက်စီးမှုဒဏ်မှ ကာကွယ်ရာရောက်စေမှာ ဖြစ်ပြီး အစိုဓာတ် ပြည့်ပြည့်ဝဝနဲ့ နုပျိုတင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Photo : DermaSkinShop
ဒီလောက်ဆိုရင်တော့ အဆီပြန်ပြီး ဝက်ခြံထွက်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ ဘယ်လို Sunscreen အမျိုးအစားကို ရွေးချယ်သင့်လဲဆိုတာ သိသွားမယ်ထင်ပါတယ်။ စာဖတ်သူ ကွီးတို့ရော နေ့စဉ် Sunscreen ပုံမှန် လိမ်းဖြစ်ပါရဲ့လား ????
Source : La Roche-Posay Australia
Featured Photo : Real Simple