အဆီစားတာက ကိုယ်အလေးချိန်ကို တိုးစေပြီး ခန္ဓာကိုယ် ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယေဘုယျအားဖြင့် သိထားကြမယ် ထင်ပါတယ်။ ဒါပေမယ့် ကွီးတို့ ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ အဆီဓာတ် ပမာဏကို ဖြည့်တင်းပေးဖို့တော့ လိုပါလိမ့်မယ်။ အဆီ လုံးဝမစားဘူးဆိုရင် ယောကျာ်းလေးတွေမှာ ကျားကျန်းမာရေးနဲ့ ပတ်သတ်တဲ့ တက်စတိုစတီရုန်း (Testosterone) ထုတ်လုပ်မှုမှာ ပြဿနာ ရှိနိုင်လို့ပါ။

Healthy Diet

Photo : Nutritionist Resource

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အဆီနည်းတဲ့ အစားအစာတွေဟာ ကိုယ်အလေးချိန်ကို ထိန်းညှိရာမှာ အထောက်အကူပြုပေမယ့် အမျိုးသား ကျန်းမာရေးနဲ့ ပတ်သတ်ရင်တော့ အန္တရာယ်ရှိတယ်လို့ ဆိုထားပါတယ်။ အဓိကအားဖြင့် တစ်နေ့တာအတွင်းမှာ စားသောက်တဲ့ အစားအသောက်တွေထဲမှာ အဆီဓာတ်လုံးဝမပါဝင်ဘူးဆိုရင် တက်စတိုစတီရုန်း (Testosterone) အဆင့်ကို ကျဆင်းစေမှာ ဖြစ်ပါတယ်။

National Health and Nutrition Examination Survey ရဲ့ အမျိုးသား ၃၀၀၀ ကျော်ကို ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာလည်း အဆီဓာတ် လုံးဝမပါတဲ့ အစားအသောက်တွေကို စားတဲ့ အမျိုးသားတွေနဲ့ တစ်နေ့တာ လိုအပ်တဲ့ အဆီဓာတ်ပမာဏကို စားသုံးပေးတဲ့ အမျိုးသားတွေကြားမှာ တက်စတိုစတီရုန်း (Testosterone) အဆင့်ဟာ ကွာခြားမှုရှိပြီး အဆီစားသူတွေထက် အဆီ လုံးဝမစားတဲ့ အမျိုးသားတွေက ကျားဟော်မုန်း နိမ့်ကျမှု ပိုဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း (Testosterone) အဆင့်ဟာ Body Mass Index ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ၊ ဆေးဘက်ဆိုင်ရာ အခြေအနေ စတဲ့ အချက်တွေကြောင့်လည်း ကျတက်ပြီး ကျန်းမာတဲ့ Lifestyle တစ်ခုကို ပြုစုပျိုးထောင်မယ် ၊ နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာ အဆီဓာတ် အနည်းငယ် ပါဝင်အောင် စားသုံးပေးမယ်ဆိုရင် တက်စတိုစတီရုန်း (Testosterone) ပမာဏဟာ ပြန်လည်မြင့်တက် လာနိုင်ပါတယ်။

Healthy Diet
Photo : Health

ဒါကြောင့် ကွီးတို့အနေနဲ့ ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း ပမာဏ မြင့်တက်နေစေဖို့ နေ့စဉ်အစားအသောက်တွေထဲမှာ အသားချည်းရွေးအစားပဲ စားသင့်တဲ့ အဆီ ဓာတ်ပမဏကိုလည်း ထည့်သွင်းစားသုံးပေးဖို့ အကြံပေးချင်ပါတယ်။

Source : Healthshots

Featured Photo : MedicalNewsToday