အခုနောက်ပိုင်း လုပ်ငန်းခွင်တွေမှာ အနိမ့်အမြင့်ကို လိုသလို Adjust လုပ်လို့ရတဲ့ Standing Desks တွေ အသုံးများ လာပါတယ်။ ထိုင်ခုံမှာ အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်ရ သူတွေအတွက် အညောင်းမိတာ ၊ အထိုင်များတဲ့ ပြဿနာတွေကို Standing Desks တွေက ဖြေရှင်းပေးနိုင်ပါတယ်။ Standing Desks တွေဟာ ကိုယ်ဟန်အနေအထားကို မြှင့်တင်ပေးနိုင်ပြီး အထိုင်များခြင်းကြောင့် ဖြစ်နိုင်တဲ့ အဝလွန်ခြင်း ၊ နှလုံး ၊ ဆီးချို ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် ပိုမို တက်ကြွပျော်ရွှင်စွာ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နိုင်စေမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အထိုင်များတဲ့ ကွီးတို့အတွက် အညောင်းမိမှာ ပူစရာမလိုပဲ အထာကျကျ အလုပ်လုပ်နိုင်ဖို့ အမိုက်စား Standing Desks တွေကို ပြောပြပေးပါမယ်။
(၁) ApexDesk Elite Series
Photo : Amazon
ApexDesk Elite Series 71″ ကတော့ အထာကျကျ အလုပ်လုပ်နိုင်မယ့် Electric Standing Desk တစ်လုံးပါ။ စားပွဲရဲ့ အနှိမ့်အမြင့်ကို ကိုယ့်စိတ်ကြိုက် လိုသလို အလွယ်တကူ ချိန်ဆနိုင်ပါတယ်။ အလေးချိန်အားဖြင့် ၂၂၅ ပေါင်ခန့်အထိ ခံနိုင်ရည်ရှိပြီး တောင့်တောင့်တင်းတင်းနဲ့ ဖိအားဒဏ်ကောင်းကောင်း ခံနိုင်ရှိအောင် ဒီဇိုင်းထုတ် ဖန်တီးထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။
(၂) Uplift V2 Desk
Photo : Work While Walking
Uplift V2 Standing Desk ကတော့ ကြံ့ခိုင်မှုနဲ့ ဘေးကင်းလုံခြုံမှု ရှိဖို့အတွက် Anti-Collision နည်းပညာကို အသုံးပြုထားတဲ့ မော်တာ ၂ လုံးတပ် Standing Desk တစ်လုံး ဖြစ်ပါတယ်။ ၎င်းမှာ Quick Height Adjustable Feature ပါဝင်ပြီး အလေးချိန်အားဖြင့် ၃၃၅ ပေါင်ခန့်အထိ ခံနိုင်ရည် ရှိပါတယ်။ ဒီစားပွဲက Wirecutter ကနေ အကောင်းဆုံး Standing Desk ဆုကိုပါ ချီးမြှင့်ခြင်း ခံထားရပါတယ်။ အာမခံ ၁၀ နှစ်အထိ ပေးထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၆၀၀ ဝန်းကျင်ခန့် ရှိပါတယ်။
(၃) Vari Electric Desk
Photo : Wave Office
အထာကျကျ အလုပ်လုပ်နိုင်ဖို့ တောင့်တင်းခိုင်ခံ့ပြီး စမတ်ကျနေရမယ် ၊ လွယ်လွယ်ကူကူလည်း အသုံးပြုနိုင်မယ့် Standing Desks ထဲကဆိုရင် Vari Electric Desk ရှိပါတယ်။ အလေးချိန်အားဖြင့် ပေါင် ၂၀၀ ခန့်အထိ ခံနိုင်ရည်ရှိပြီး Dual Motor တပ် Height Adjustable Electric Desk တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။
(၄) Monarch Elevate Standing Desk
Photo : India MART
Monarch Elevate Standing Desk က စားပွဲရဲ့ အနိမ့်အမြင့်ကို စိတ်ကြိုက် ချိန်ညှိနိုင်မယ့် Led Display Control Panel ပါရှိပါတယ်။ Anti-Collision နည်းပညာနဲ့ Dual Bosch Motor တပ်ဆင်ပေးထားပြီး စက္ကန့်ပိုင်း အတွင်းမှာတင် Sit-Stand Adjustment ကို မြန်မြန်ဆန်ဆန် လုပ်နိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ပေါင် ၂၆၀ ခန့် ခံနိုင်ရည် ရှိပြီး Power Dock အထိုင်တစ်ခုလည်း ထည့်ပေးထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၆၀ ဝန်းကျင်ခန့် ရှိပါတယ်။
(၅) Sunon Adjustible Desk
Photo : Amazon
Sunon Adjustible Desk ကတော့ ဘက်စုံသုံး Standing Desk တစ်လုံး ဖြစ်ပါတယ်။ Anti-collision နည်းပညာ ၊ Anti-scratch နည်းပညာနဲ့ Waterproof လုပ်ဆောင်ချက်တွေ ပါဝင်ပြီး High-Quality Tabletop Board ကို သေချာ ဒီဇိုင်းထုတ် ဖန်တီးထားပါတယ်။ Dual-Motor System အသုံးပြုထားတဲ့အတွက် အနိမ့်အမြင့် ချိန်ညှိမှုပိုင်းက တော်တော်လေး လျင်မြန်ပြီး ချောမွေ့ညက်ညောတာကို တွေ့ရမှာပါ။ အလေးချိန် ပေါင် ၂၂၀ အထိ ခံနိုင်ရည်ရှိပြီး အထာကျတဲ့ ရုပ်ထွက်ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၅၀ ဝန်းကျင် ရှိပါတယ်။
ကွီးတို့ရော ရိုးရိုးစားပွဲတွေထက် အထာကျကျ အလုပ်လုပ်နိုင်မယ့် Standing Desks တွေ ပြောင်းသုံးကြည့်ဖို့ စိတ်ကူးရှိပါသလား ?
Featured Photo : Autonomous