ဟိုတယ်တိုင်းက အပြစ်အနာအဆာမရှိ Perfect ဖြစ်နေကြတာတော့ မဟုတ်ပါဘူး။ တချို့  ဟိုတယ် တွေကတော့ မတည်းခင်ကတည်းက ကြိုပြီး သိထားရင် စိတ်ချမ်းသာရပါမယ်။ ဒီတစ်ခေါက်တော့ တည်းစရာ ဟိုတယ်ရွေးခါနီး ကြည့်သင့်တာလေးတွေ မျှဝေပေးချင်ပါတယ်။
အတော်များများက ခရီးသွားလို့ တည်းခိုစရာပေါ်လာရင် နီးစပ်ရာ လူတွေဆီက မေးတာတွေ လုပ်ကြပါတယ်။

အခုနောက်ပိုင်းတော့ Social Media ပေါ်က ပို့စ်တွေ ၊ ဟိုတယ်ကြော်ငြာတွေ နဲ့ Travel Blogger တွေရဲ့ ရီဗျူးတွေကို ကြည့်ပြီးမှ ဟိုတယ်တွေ တည်းကြတာတွေ ရှိလာပါတယ်။ ကိုယ်ကိုယ်တိုင် ဟိုတယ်အခန်းငှားဖို့ ကြုံလာပြီး Travel Blogger ရီဗျူးမရှိသေးတဲ့ ဟိုတယ်ဆိုရင် ဟိုတယ်ရဲ့ Website ဒါမှမဟုတ် Facebook Page ကနေ သွားကြည့်နိုင်ပါတယ်။

02_Hotel-bed_shutterstock_770

Photo : rdasia

အခုခေတ်မှာ ဘယ်ဟိုတယ်မဆို Facebook Page တစ်ခုတော့ ရှိနေကြပြီ ဖြစ်ပါတယ်။ Page မှာ ဟိုတယ် ပုံတွေ ကြည့်ကြည့်ပါ။ ဓါတ်ပုံတွေကနေ ဟိုတယ်ရဲ့ အဆင့်အတန်းကို ခန့်မှန်းနိုင်ပါတယ်။ ဓါတ်ပုံတွေ သိပ်ပြင်ထားတာတို့ ၊ ရေချိုးခန်း ၊ အိမ်သာတို့လို အတွင်းခန်း မပြဘဲ အပြင်ဘက် Exterior ပုံပဲ ပြထားတာတို့ဆိုရင် သိပ်ပြီး တည်းလို့ ခိုလို့ ကောင်းမယ့်ပုံ မပေါ်ပါဘူး။ နောက်တစ်ချက်လုပ်နိုင်တာ ရှိပါတယ်။

အဲ့ဒါကတော့ ဟိုတယ်တွေ မတည်းခင် အရင်ဆုံး Booking ဝက်ဘ်ဆိုက်တွေကနေ ကိုယ်သွားမယ့်နေရာက ဟိုတယ် စာရင်းကို ရှာပြီး ကိုယ်စိတ်ဝင်စားတဲ့ ဟိုတယ်အကြောင်းကို ဝက်ဘ်ဆိုက်တွေကနေ ဖတ်ကြည့်ပါ။ Reviews တွေလည်း ဖတ်ကြည့်ပါ။ ဟိုတယ်ရှိတဲ့ လိပ်စာကို Google Earth ကနေ Street View သုံးပြီး ကြည့်ကြည့်ပါ။ ဒါဆို လမ်းနေရာနဲ့ မြင်ကွင်းတွေပါ အနီးစပ်ဆုံးနဲ့ တိကျမှုအမြင့်ဆုံး ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

03-online-reviews-GettyImages-879813798-770

Photo : rdasia

ဈေးနှုန်းက မယုံနိုင်အောက်တဲ့ ဈေးတွေ ဖြစ်နေရင်လည်း Double-Check လုပ်ဖို့ လိုပါတယ်။ ပုံမှန်အခန်းဈေးက ဘယ်လောက် ရှိနိုင်သလဲ ဆိုတာပါ ဒီနားတစ်ဝိုက်က ဟိုတယ်တွေရဲ့ ဝက်ဘ်ဆိုက်နဲ့ Page တွေမှာ ဝင်မွှေကြည့်ပါ။ တချို့နိုင်ငံတွေမှာတော့ ကြမ်းပိုးရှိတဲ့ ဟိုတယ်တွေအကြောင်းကို ဟိုတယ်နာမည်ရိုက်ပြီး ရှာနိုင်တဲ့ Bedbugreports ဆိုတဲ့ ဝက်ဘ်ဆိုက်မျိုး တင်ထားလို့ ပိုအဆင်ပြေပါတယ်။ ဒါက နိုင်ငံခြားခရီးသွားသူတွေအတွက် ပိုပြီး အဆင်ပြေမှာပါ။

ပြည်တွင်းမှာတော့ Review ကြည့်ပြီး ဟိုတယ် ရွေးတာက ပိုကောင်းပါတယ်။ Negative Review များနေတဲ့ ဟိုတယ်မျိုးကတော့ မသွားတာကောင်းပါတယ်။ တစ်ခုရှိတာက Positive Review တွေကလည်း ဟိုးအရင်တုန်းက တင်ခဲ့တာ ဖြစ်ပြီး နှစ်လည်း အတော်ကြာနေပြီဆိုရင် နည်းနည်း သတိပြုဖို့တော့ လိုပါတယ်။

Featured Photo : rdasia