ချစ်တင်းနှောချိန်မှာ ဆီးယိုစိမ့်တာဟာ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ပုံမှန်ဆိုရင် အတူနေပြီးချိန်မှ ဆီးသွားချင်စိတ် ဖြစ်ပေါ်တာဆိုပေမယ့် ဆက်ဆံစဉ်နေစဉ်အတွင်းမှာ ထိန်းမနိုင်အောင် ဆီးသွားချင်စိတ်ဖြစ်ပေါ်တာ ဆီးယို့စိမ်တာတဲ့ အခြေအနေတွေလည်း ရှိတက်ပါတယ်။ လေ့လာမှုတွေအရ ချစ်တင်းနှောချိန် ဆီးသွားချင်တာဟာ လိင်စိတ်နိုးကြားမှုကြောင့် ဖြစ်နိုင်သလို အမျိုးသမီး ၅၀ – ၆၀ ရာခိုင်နှုန်းလောက်မှာ ကြုံတွေ့ရတက်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဘာကြောင့် အမျိုးသမီးဟာ အတူနေချိန် မှာ ဆီးသွားချင်စိတ် / ဆီးယိုစိမ့် ဖြစ်လဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။
(၁) တင်ပါးဆုံတွင်း ကြွက်သားတွေ အားနည်းလို့
Photo : Walnut Hill OBGYN
Pelvic Floor Muscles လို့ခေါ်တဲ့ တင်ပါးဆုံတွင်း ကြွက်သားတွေ အားနည်းနေရင် ဆီးမထိန်းနိုင်တဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။ တင်ပါးဆုံတွင်း ကြွက်သားတွေဟာ အဓိကအားဖြင့်ဆီးအိမ် ၊ သားအိမ်နဲ့ မိန်းမကိုယ် ကြွက်သားတွေကို ထောက်ပံ့ပေးနေတာပါ။ လေ့ကျင့်ခန်းမလုပ်သူတွေ ၊ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေနဲ့ မီးဖွားပြီးနောက်ပိုင်းမှာ တင်ပါးဆုံတွင်း ကြွက်သားတွေ အားနည်းသွားတက်ပြီး အတူနေချိန် မှာ ဆီးမထိန်းနိုင်တဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။
(၂) ဆီးလမ်းကြောင်း ပိုးဝင်လို့
Photo : Healthshots
အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပိုးဝင်မှု အခြေအနေ UTI ဟာ ဆီးအိမ်အတွင်း နံရံတွေကို ယားယံစေပြီး မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေတက်ပါတယ်။ ချစ်တင်းနှော ချိန်မှာ ထိန်းမရအောင် ဆီးသွားချင်တယ် ၊ ဆီးယိုစိမ့်မှု ဖြစ်နေတယ်ဆိုရင်တော့ ကွီးတို့ရဲ့ ပါတနာ အမျိုးသမီးမှာ ဆီးလမ်းကြောင်း ပိုးဝင်မှု အခြေအနေ ရှိမရှိကို စစ်ဆေးသင့်ပါတယ်။
(၃) လိင်စိတ်အင်မတန် နိုးကြားလာလို့
Photo : Cosmopolitan
အတူနေချိန်မှာ လိင်စိတ်ခံစားမှု မြင့်တက်ပြီး လိင်စိတ်ခံစားမှု အလွန်အမင်း နိုးကြားတက်ကြွလာတဲ့အခါ ဆီးသွားချင်တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အကြောင်းကတော့ လိင်စိတ်နိုးကြားတာနဲ့အမျှ တင်ပါးဆုံတွင်း ကြွက်သားတွေဆီ သွေးစီးဆင်းမှု တိုးလာပြီး ၊ လိင်စိတ်အာရုံခံနိုင်စွမ်း မြင့်မားလာခြင်းတို့ကြောင့် ချစ်တင်းနှောနေစဉ်အတွင်းမှာ ဆီးသွားချင်စိတ် ၊ ဆီးမထိန်းနိုင်မှု စတဲ့ ပြဿနာတွေ ကြုံရတာ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : Healthshots