အမျိုးသား တစ်ယောက်အတွက် အတွင်းခံ ဘောင်းဘီ ဝတ်တဲ့ အလေ့အထဟာ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ အမျိုးသား ကျန်းမာရေးအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အမျိုးသား တော်တော်များများကတော့ အတွင်းခံ ဘောင်းဘီတွေ နဲ့ ပတ်သတ်ရင် ဂရုစိုက်မှု အားနည်းကြပြီး မကျန်းမာတဲ့ အလေ့အထ အမှားတွေကို လုပ်မိလေ့ရှိကြတယ်လို့ လေ့လာမှု စစ်တမ်းတွေက ဖော်ပြထားပါတယ်။ တချို့ အလေ့အထ တွေက ကွီးတို့ရဲ့ ပင်ကိုယ်စတိုင်နဲ့ ဆွဲဆောင်မှုကို လျော့ကျစေတဲ့အပြင် ကျန်းမာရေး ကိုလည်း ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေ အနေနဲ့ ချက်ချင်းရပ်တန့်ဖို့လိုတဲ့ အတွင်းခံ ဘောင်းဘီ နဲ့ ပတ်သတ်တဲ့ ကျန်မားရေး ဆိုင်ရာအလေ့အထ အမှားတွေကို ပြောပြပေးချင်ပါတယ်။

(၁) အတွင်းခံ ဘောင်းဘီ တစ်ထည်တည်းကိုပဲ ထပ်ခါထပ်ခါ ဝတ်ဆင်ခြင်း


Photo : The Manual

ဒီနေ့ဝတ်ထားတဲ့ အတွင်းခံ ဘောင်းဘီကို လျှော်ဖွတ်သန့်စင်ခြင်းမရှိပဲ နောက်တစ်ရက်မှာ ပြန်ဝတ်တာက ကျန်းမာရေးအတွက် အန္တရာယ်ကြီးပါတယ်။ အတွင်းခံ တစ်ထည်တည်းကိုပဲ ရက်အတော်ကြာ ထပ်ခါထပ်ခါ ဝတ်ဆင်ခြင်းဟာ ချွေးနဲ့ ဘက်တီးရီးယားတွေ စုပုံလာစေပြီး လိင်အင်္ဂါ အနီးတဝိုက် အရေပြားမှာ မှိုဆွဲတာ ၊ နီမြန်းယားယံတာ နဲ့ အနံ့သက်ဆိုး ထွက်တာတွေ ဖြစ်စေနိုင်ပါတယ်။ လျှော်ဖွတ်ထားတဲ့ ခြောက် သွေ့သန့်စင်တဲ့ အတွင်းခံဘောင်းဘီကို နေ့တိုင်း အလဲအလှဲလုပ်ပြီး ဝတ်တာကတော့ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး ဖြစ်ပါတယ်။

(၂) တင်းကျပ်လွန်းတဲ့ အတွင်းခံ ဘောင်းဘီတွေ ဝတ်ဆင်ခြင်း


Photo : Luxe Digital

အတွင်းခံ ဘောင်းဘီတွေ ဝတ်တဲ့အခါ မှန်ကန်တဲ့ ဆိုဒ်အရွယ်အစား ရွေးချယ်တက်ဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။ တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီတွေ ဝတ်ဆင်တာက ဝှေးစေ့နာကျင်မှု ဖြစ်စေနိုင်ပြီး သုတ်ပိုးအရေအသွေးကို လျှော့ကျစေတယ်လို့ အမျိုးသား ကျန်း မာရေးဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။ ဒါ့အပြင် တင်းကျပ်တဲ့ ဘောင်းဘီတွေက ချွေးအောင်းစေတာကြောင့် လိင်အင်္ဂါတစ်ဝိုက်မှာ စိုထိုင်းဆများစေပြီး ဘက်တီးရီးယား ပေါက်ဖွားနိုင်ခြေ ပိုများစေပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ လိင်အင်္ဂါကို ဖိသိပ်ထားသလို ဖြစ်စေတဲ့ ကျပ်လွန်းတဲ့ ဘောင်းဘီတွေကို လုံးဝမဝတ်ပဲ သက်တောင့်သက်သာနဲ့ အံဝင်ခွင်ကျဖြစ်ပြီး လေဝင်လေထွက် ကောင်းမွန်တဲ့ အတွင်းခံ ဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

(၃) အတွင်းခံ ဘောင်းဘီ အသစ်မဝယ်ခြင်း

Photo : Freshpair
တကယ်လို့ ကွီးတို့က အတွင်းခံ ဘောင်းဘီ တစ်ထည်ကို နှစ်တော်တော်ကြာ စွဲစွဲမြဲမြဲ ဝတ်လေ့ရှိသူတစ်ယောက်ဆိုရင် ဒီအလေ့အထကို အခုကစပြီး ရပ်တန့်လိုက်ပါ။ အတွင်းခံ ဘောင်းဘီ တစ်ထည်ဟာ အနည်းဆုံး ၆ လ ကနေ ၁၂ လအထိပဲ ဝတ်ဆင်သင့်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အတွင်းခံ ဘောင်းဘီတွေက ပေါက်တာပြဲတာ ၊ ပုံစံပျက်တာတွေ ဖြစ်လာတက်တာကြောင့် လိင်အင်္ဂါကို ကောင်းစွာ ပံ့ပိုးမှုပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွင်းခံ ဘောင်းဘီတွေ ဝတ်ဆင်တာက ကွီးတို့ရဲ့ စတိုင်ကိုလည်း လျော့ကျစေတာကြောင့် အနည်းဆုံး ၆ လ တစ်ကြိမ်ခန့် အတွင်းခံဘောင်းဘီ အသစ်လဲပေးဖို့ အကြံပြုချင်ပါတယ်။

(၄) ချွေးစိုနေတဲ့ အတွင်းခံ ဘောင်းဘီကို အချိန်ကြာကြာ ဝတ်ဆင်ထားခြင်း


Photo : Luxe Digital

လေ့ကျင့်ခန်း လုပ်ပြီးချိန် ၊ Gym ကစားပြီးတဲ့ အချိန်တွေမှာဆိုရင် ပေါင်ခြံနဲ့ လိင်အင်္ဂါ တဝိုက်မှာ ချွေးတွေ အများကြီး ထွက်နေတက်ပါတယ်။ ဒီလို ချွေးထွက်များစေတဲ့ လှုပ်ရှားမှုတစ်ခုခု လုပ်ပြီးချိန်မှာ အချိန်မဆွဲပဲ အတွင်းခံ ဘောင်းဘီတွေကို ချွတ်ပစ်တာ ၊ ပေါင်ခြံနဲ့ လိင်အင်္ဂါ အနီးတဝိုက်ကို ဆေးကြောသန့်စင်တာမျိုးတွေ ချက်ချင်းလုပ်ပေးဖို့ လိုပါတယ်။ အကြောင်းကတော့ ချွေးစိုနေတဲ့ အတွင်းခံ ဘောင်းဘီကို အချိန်ကြာကြာ ဆက်ဝတ်ထားတာက ဘတ်တီးရီးယားတွေ ပေါက်ဖွားလာစေနိုင်လို့ပဲ ဖြစ်ပါတယ်။

(၅) အတွင်းခံ ဘောင်းဘီ ဝတ်ပြီး ညဘက်အိပ်စက်ခြင်း


Photo : The Sun

ကွီးတို့ ညဘက်မှာ အတွင်းခံ ဘောင်းဘီ ဝတ်ပြီး ဘယ်နှစ်ကြိမ်လောက် အိပ်ရာဝင်ဖူးပါသလဲ။ တစ်ခါတစ်လေ အလုပ်အရမ်းပင်ပန်းပြီး အိပ်ချင်စိတ်များနေတဲ့ ညတွေမှာဖြစ်ဖြစ် ၊ အတွင်းခံဝတ်ထားရင် ပိုပြီး စိတ်လုံခြုံမှု ခံစားရတယ်လို့ တွေးထင်ထားလို့ပဲ ဖြစ်ဖြစ် အတွင်းခံ ဘောင်းဘီဝတ်ပြီး အိပ်ရာဝင်ကြသူတွေ ရှိကြပါတယ်။ ကျန်းမာရေး ရှု့ထောင့်ဘက်က ကြည့်မယ်ဆိုရင်တော့ အတွင်းခံ ဘောင်းဘီဝတ်ပြီး ညဘက်အိပ်ရာ ဝင်တာက ကောင်းမွန်တဲ့ အလေ့အထတစ်ခု မဟုတ်ပါဘူး။ တစ်နေ့တာလုံး သွားလာလှုပ်ရှားနေချိန်မှာ အတွင်းခံဝတ်ဆင်ထားတာ ကောင်းပေမယ့် နေ့ရောညပါ အတွင်းခံဘောင်းဘီ ဝတ်ဆင်ထားမယ်ဆိုရင် လိင်အင်္ဂါကို တင်းကျပ်စေပြီး အပူအောင်းစေတာကြောင့် သုတ်ပိုးအရည်အသွေး ကျဆင်းတာ ၊ သုတ်ပိုးထုတ်လုပ်မှု ပမဏလျော့နည်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်ချိန်မှာ အတွင်းခံဘောင်းဘီ မဝတ်ဘဲ အိပ်စက်တာက ကျန်းမာရေးအရ ပိုကောင်းသလို ပိုပြီးလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ပါတယ်။

Featured Photo : The Trend Spotter