လိင်မှုကိစ္စဆိုတာ လူတိုင်းရှောင်လွဲလို့ မရနိုင်တာ အမှန်ပါ။ တစ်ချိန်မဟုတ် တစ်ချိန် ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ကြုံလာချိန်မှာ အလွဲလွဲ အချော်ချော်မဖြစ်ဖို့ အဓိကအားဖြင့် အန္တရာယ်ကင်းပြီး ပျော်ရွှင်ဖွယ်အတွေ့အကြုံကို ခံစားရစေဖို့ ပြင်ဆင်ရမယ့် အချက်တွေကို သိထားရင် အကောင်းဆုံးပါပဲ။ လိင်မှုကိစ္စနဲ့ အထိအတွေ့ လုံးဝမရှိသေးတဲ့ အတွေ့အကြုံ မရှိတဲ့ အဖြူထည် လေးတွေဆိုရင် ပိုပြီး သိထားသင့် ၊ ပြင်ဆင်သင့်တဲ့ အချက်တွေ အများကြီး ရှိနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အတွေ့အကြုံမရှိသေးတဲ့ ကွီးတို့အတွက် ပထမဆုံးအကြိမ် ချစ်တင်းနှောရာမှာ လိုက်သင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) စိတ်ကို သက်တောင့်သက်သာဖြစ်အောင် ဖြေလျော့ထားပါ
Photo : www.cloudninecare.com
လိင်မှုကိစ္စဟာ စိတ်လှုပ်ရှားစရာ ရင်ခုန်စရာ အပြည့်နဲ့ပါ။ ပထမဆုံးအကြိမ် ဖြစ်တယ်ဆိုရင်တော့ ပိုလို့တောင် စိတ်လှုပ်ရှားစရာကောင်း နေပါလိမ့်မယ်။ ဒါပေမယ့်လည်း စိတ်ကိုဖိအားမဖြစ်စေဖို့တော့ အထူးသတိထားသင့်ပါတယ်။ အများစုက စိတ်လှုပ်ရှားမှုနဲ့တဆက်တည်းမှာ စိတ်ဖိစီးမှုတွေ ကပ်ပါလာတက်ပါတယ်။ ပါတနာ စိတ်ကျေနပ်မှုရှိရဲ့အောင် စွမ်းဆောင်နိုင်ပါ့မလား ၊ ၃ မိနစ်ကောင် ဖြစ်နေမလား စတဲ့ အတွေးပေါင်း သောင်းခြောက်ထောင်ကို ခေါင်းထဲက ခဏထုတ်ထားလိုက်ပါ။ စိတ်ကို အရင်ဆုံး သက်တောင့်သက်သာဖြစ်အောင် ဖြေလျော့ထားဖို့ အရေးကြီးပါတယ်။ စိတ်ခံစားမှုတွေ အဆင်သင့်မဖြစ်သေးပဲ စတင်မိရင် သင့်အတွက် စိတ်ပျက်စရာ အတွေ့အကြုံတွေ ဖြစ်လာနိုင်ပါတယ်။
(၂) လက်တွေ့ကျတဲ့ မျှော်လင့်ချက် တွေပဲထားပါ
Photo : Mommy Matters
လူကြီးရုပ်ရှင်တွေထဲက ပြကွက်တွေလို တကယ့်လက်တွေ့ဘဝ အိပ်ရာထက်မှာ သွားမျှော်လင့်နေမိမယ်ဆိုရင် အမှားကြီးမှားသွား နိုင်ပါတယ်။ ညစ်ညမ်းရုပ်ရှင်နဲ့ လက်တွေ့ဘဝဟာ အမြဲကွာခြားနိုင်တယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ လိင်မှုကိစ္စဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ လူတစ်ယောက်က ၂ မိနစ်ပဲ ကြာအောင်စွမ်းအောင်နိုင်သလို အခြားတစ်ယောက်ကလည်း ၂ နာရီလောက် ကြာအောင် စွမ်းဆောင်နိုင်ကောင်းနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ပထမဆုံးအကြိမ်ကို လက်တွေ့ကျကျ Expectations တွေပဲထားမယ်ဆိုရင် ပျော်စရာကောင်းတဲ့ လိင်မှုအတွေ့အကြုံကို ခံစားရရှိနိုင်ပါလိမ့်မယ်။
(၃) အကာအကွယ် မဖြစ်မနေသုံးပါ
Photo : National Today
လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးတွေက မပါမဖြစ်လို့ ပြောနိုင်ပါတယ်။ ကွန်ဒုံးအသုံးပြုခြင်းက လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်သလို ကိုယ်ဝန်ရနိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ ပထမဆုံးအကြိမ်ဟာ နောက်ဆုံးအကြိမ် မဖြစ်ချင်ဘူး ၊ ဆိုးရွားတဲ့ မှတ်ဉာဏ်တွေ မကျန်ခဲ့ချင်ဘူးဆိုရင် အကာအကွယ်အသုံးပြုတဲ့ နည်းလမ်းက အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးပဲ ဖြစ်ပါတယ်။
(၄) အချိန်နဲ့ နေရာကို သေချာရွေးပါ
Photo : Freepik
ကောင်းမွန်တဲ့ လိင်မှုအတွေ့အကြုံကို ရဖို့ဆိုရင် မှန်ကန်တဲ့အချိန် / မှန်ကန်တဲ့နေရာ ရွေးချယ်တက်ဖို့ အရေးကြီးပါတယ်။ ပထမဆုံးအကြိမ် လိင်ဆက်ဆံတဲ့အခါ အလျင်စလို မလုပ်မိစေဖို့နဲ့ သင်ရော သင့်ပါတနာပါ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ အဆင့်သင့်မဖြစ်သေးပဲ မစတင်မိစေဖို့ လိုပါတယ်။ နှစ်ဦးစလုံးအတွက် စိတ်ပူပင်မှုတွေမရှိစေပဲ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ နှစ်ပါးသွားနိုင်ဖို့ အဓိကဖြစ်ပါတယ်။ ဒါကြောင့် သက်တောင့်သက်သာနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာကိုရွေးချယ်ပါ။ တက်နိုင်သမျှ စိတ်နဲ့ ခန္ဓာကိုယ်ကို ဖြေလျော့ထားပြီး နှစ်ဦးသား ရယ်ဒီဖြစ်တဲ့ အချိန်ကို စောင့်သင့်ပါတယ်။
(၅) ဖြည်းဖြည်းနဲ့နှေးနှေး အကွက်ရွေ့ပါ
Photo : MindBodyGreen
လိင်မှုကိစ္စမှာ စိတ်လောရင် အဆင်မပြေနိုင်ဘူးဆိုတာကို နားလည်ထားရပါမယ်။ ပထမဆုံးအကြိမ်မှာ ပျာတိပျာယာ ဒရောသောပါး သွားလို့အဆင်မပြေပါဘူး။ မြေစမ်းခရမ်းပျိုး နှေးနှေးပဲသွားဖို့ အရေးကြီးပါတယ် ကိုယ့်လူ။ ဒီနေရာမှာ အရေးကြီးဆုံးက ကနဦးနှိုးဆွမှုလေးတွေကို သေချာအချိန်ပေး ကောင်းကောင်းလုပ်ဖို့ပါပဲ။ အပွတ်အသပ် ၊ အချော့အမြူလေးတွေနဲ့ အနမ်းတွေချွေ ပန်းတွေဝေအောင် လုပ်ပါ။ အင်ထရိုကောင်းကောင်းဝင်ပြီးမှ နောက်အဆင့်တွေ ဆက်အကွက်ရွေ့ဖို့ အကြံပြုချင်ပါတယ်။
Featured Photo : What to Expect