အမျိုးသားများအတွက်လည်း ဖက်ရှင်နဲ့ စတိုင်လ်ကလည်း ဖက်ရှင်ရေစီးကြောင်း တိုးတက်လာတာနဲ့အမျှ ရေပန်းစားလာပါတယ်။ အမျိုးသားတို့ စတိုင်လ်ကို မြှင့်တင်ပေးနိုင်မဲ့ အသုံးအဆောင်တွေကလည်း ခေတ်နဲ့ အညီအများအပြား ရှိနေပါတယ်။ ဒါပေမဲ့ စတိုင်လ်ကျစေဖို့ အသုံးအဆောင်တွေ တစ်နည်းအားဖြင့် Accessories တွေ အများကြီးမလိုအပ်ပါဘူး။ တကယ်ကို အသုံးဝင်တဲ့ အကောင်းဆုံး အချို့သာ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စာရေးသူက ကွီးတို့ကို စတိုင်လ်မိမိ အထာကျကျ ဘဲရီးတစ်ဗွေ အဖြစ် ပြောင်းလဲနိုင်ဖို့ Accessories အချို့ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

အရည်အသွေးကောင်းသော လက်ပတ်နာရီ

အထာကျကျ Accessories

Photo : Time of India

ကွီးတို့ရေ အထာကျကျ နဲ့ စတိုင်လ်ကျစေဖို့ အမျိုးသားတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ Accessories တွေထဲက တစ်ခုကိုပြောပါဆိုရင် ပထမဦးစားပေးက လက်ပတ်နာရီပါပဲ။ နာရီတွေက မည်သည့်ဝတ်စုံတွင်မဆို ကိုယ့်ရဲ့ အသွင်အပြင်ကို ပြသရန် ပြီးပြည့်စုံသောနည်းလမ်းဖြစ်ပြီး အချိန်အတွက်လည်း အသုံးဝင်ပါတယ်။ နာရီကိုရွေးချယ်သောအခါတွင် ဂန္ထဝင်ဆန်ပြီး အမြဲတမ်းအတွက် အဆင်ပြေတဲ့ ဒီဇိုင်းကို ရှာပါ။ လအနည်းငယ်အတွင်း စတိုင်လ်ကျမယ့်အရာမျိုးမဟုတ်ဘဲ နောင်နှစ်ပေါင်းများစွာ ဝတ်ဆင်နိုင်မယ့် အရည်အသွးကောင်းတဲ့ လက်ပတ်နာရီမှာ ရင်းနှီးမြှပ်နှံဖို့ မနှမြောပါနဲ့။

ခါးပတ်များ

အထာကျကျ Accessories

Photo : Tanner Bates

ကွီးတို့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ခါးပတ်တွေကလည်း သိသာထင်ရှားမှုနဲ့ ကိုယ့်ရဲ့ အသွင်အပြင်ကို ပေါ်လွင်စေဖို့အတွက် အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။ ခါးပတ်များက ဖက်ရှင်ကျတဲ့ အမျိုးသားအားလုံးရဲ့ မရှိမဖြစ်ပါပဲ။ သားရေ သို့မဟုတ် အရည်အသွေးမြင့်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ခါးပတ်များကို ရှာဖွေပါ။ ကြီးမားသောကြိုးများပါသော ခါးပတ်များကို ရှောင်ကြဉ်ပါ။

နေကာမျက်မှန်

အထာကျကျ Accessories

Photo : Pinkvilla

အထာကျကျ နဲ့ စတိုင်လ်မိမိ ဘဲရီးလို့ ပြောလိုက်တာနဲ့ နေကာမျက်မှန်နဲ့တွဲလျက် မြင်မိကြတယ်မဟုတ်ပါလား။ ဟုတ်ပါတယ် နေကာမျက်မှန်တွေက ကွီးတို့ကို အထာကျကျ အသွင်အပြင်နဲ့ ကြည့်ကောင်းနေအောင် ကူညီပေးနိုင်တဲ့ Accessories တွေထဲက တစ်ခုဖြစ်သည်သာမက ကွီးတို့ရဲ့ မျက်လုံးကို နေရောင်ကနေ ကာကွယ်ပေးပါတယ်။ နေကာမျက်မှန်တစ်ရံကို ရွေးချယ်သည့်အခါ ကွီးတို့ရဲ့ မျက်နှာအသွင်အပြင်ကို လိုက်လျောညီထွေဖြစ်စေမည့် စတိုင်လ်ကို ရှာဖွေပါ။

ပိုက်ဆံအိတ်

Style

Photo : Harber London

ပိုက်ဆံအိတ် ကောင်းကောင်းဆိုတာလည်း အမျိုးသားတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တစ်ခုပါ။ သားရေလို အရည်အသွေးမြင့် ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ လအနည်းငယ်ကြာအောင် သုံးပြီးနောက် ကွဲသွားမယ့် ဒါမှမဟုတ် အရောင်မှိန်သွားမဲ့ အရာမျိုးမဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာရှည်ခံမယ့် ပိုက်ဆံအိတ် ကောင်းကောင်းတစ်လုံးကို ရွေးချယ်ပါ။

လက်စွပ်နဲ့ ဆွဲကြိုးများ

Style

Photo : Men’s Health

ကွီးတို့ရေ အခုနောက်ပိုင်းမှာ အမျိုးသားတို့အတွက် လက်ကောက်၊ ဆွဲကြိုး၊ လက်စွပ်စတဲ့ အသုံးအဆောင်တွေကလည်း လူကြိုက်များလာပြီး သေချာစွာ ဝတ်ဆင်တတ်ရင် အထာကျပြီး မိမိုက်စေမှာ အမှန်ပါပဲ။ ကွီးတိုအနေနဲ့ ဒီလို Accessories တစ်ခါမှ မဝတ်ဆင်ဘူးသေးဘူးဆိုရင်တော့ အခုက စတင်ဖို့အချိန်ကောင်းပါပဲ။ ကွီးတို့အနေနဲ့ Street ဖက်ရှင်အတွက်ပဲ ဖြစ်ဖြစ်၊ ဂန္ထဝင်အသွင်အပြင်အတွက်ပဲ ဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ ကွီးတို့်ရဲ့ ဝတ်စားဆင်ယင်မှု အပေါ်မူတည်ပြီး ထို Accessories တွေရဲ့ ဒီဇိုင်းကို သေချာရွေးချယ်ဖို့ပဲ လိုပါတယ်။

ကွီးတို့ရေ အထာကျကျ ဘဲရီးတစ်ဗွေ ဖြစ်ဖို့ ဒီလို Accessories တွေက ကူညီပေးနိုင်တာကြောင့် စမ်းကြည့်ဖို့ မတွန့်ဆုတ်ပါနဲ့။

Featured Photo : Society