အဝတ်အစားဝတ်ဆင်ရာမှာ အထာကျကျနဲ့ စတိုင်လ်မိမိ ဝတ်စားတတ်ဖို့ကလည်း အရေးကြီးသလို သက်တောင့်သက်သာ ဖြစ်ဖို့ကလည်း လိုပါတယ်။ ကိုယ့်ရဲ့ စတိုင်လ်ကို မပြောင်းလဲစေဘဲ အထာကျပြီး သက်တောင့်သက်သာ ဖြစ်ဖို့ ကိုယ်ရွေးချယ်ဝတ်ဆင်တဲ့ ပုံကလည်း အရေးကြီးပါတယ်။ ကွီးတို့ကို ပေါ့ပါးလွတ်လပ်မှု ပေးနိုင်တဲ့ အထဲမှာ Joggers ဘောင်းဘီတွေကလည်း အပါအဝင်ပါပဲ။ Joggers ဘောင်းဘီတွေကို မူလက အားကစားပြုလုပ်ရာတွင်လည်းကောင်း၊ လှုပ်ရှားမှုများ ပြုလုပ်ရာတွင်လည်းကောင်း ပိုမိုလွယ်ကူစေဖို့ ရည်ရွယ်ထားသော်လည်း ယနေ့ခေတ် ဖက်ရှင်ရေစီးကြောင်း အရ ပေါ့ပါးလွတ်လပ်တဲ့ ဝတ်စားဆင်ယူမှုအတွက် ဖက်ရှင်တစ်ခု ဖြစ်လာပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် ခပ်မိုက်မိုက်နဲ့ အထာကျဖို့ဆို Joggers ဘောင်းဘီတွေကို ဘယ်လိုမျိုး အိုင်ဒီယာတွေနဲ့ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။
Joggers + Bomber Jacket
Photo : Lookastic
ဒီလို အေးမြတဲ့ မိုးရာသီဥတုလေးမှာ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျပြီး နွေးထွေးမှုကိုလည်း ပေးစွမ်းနိုင်ဖို့ဆိုရင် Joggers ဘောင်းဘီတွေကို Bomber Jacket နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ Bomber Jacket တွေက ကွီးတို့ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်ကို တစ်ဆင့်မြှင်ပေးနိုင်တာကြောင့် ဒီလိုတွဲဖက်ဝတ်ဆင်ခြင်းက ခပ်မိုက်မိုက် အသွင်အပြင်ကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။
Joggers + T-shirt
Photo : Stylevore
ကွီးတို့အနေနဲ့ Joggers ဘောင်းဘီတွေကို ဘာနဲ့ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာ အများကြီး ခေါင်းစားစရာ မလိုပါဘူး။ ကွီးတို့မှာ ရှိပြီးသား တီရှပ်တစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဒီစတိုင်လ်က ကွီးတို့ကို မယုံနိုင်လောက်အောင် ပေါ့ပါးလွတ်လပ်မှုကို ရစေပြီး သက်တောင့်သက်သာ ရှိစေပါလိမ့်မယ်။ ပေါ့ပါးတဲ့ Day Time Look အတွက်တော့ လုံးဝကို အဆင်ပြေတဲ့ တွဲဖက်မှုပါပဲ။
Joggers + Denim Jacket
Photo : The Adult Man
ကွီးတို့ရေ ဒီလိုအချိန်၊ ဒီလိုရာသီဥတုက ဂျင်းဂျက်ကတ်တွေနဲ့ လွင့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဂျင်းဂျက်ကတ်တွေကို နွေရာသီမှာ ဝတ်ဖို့က သိပ်တော့ အဆင်မပြေလှပါဘူး။ ဒါကြောင့် ဒီလိုမိုးရာသီနဲ့ လာမယ့် ဆောင်းရာသီအတွင်းမှာ ဂျင်းဂျက်ကတ်တွေကို ကောင်းကောင်း အသုံးချလိုက်ပါ။ ဒီလို ဂျင်းဂျက်ကတ်နဲ့ Joggers ဘောင်းဘီ တွဲဖက်ဝတ်ဆင်မှုက ကွီးတို့ကို ဆွဲဆောင်မှုရှိတဲ့ အမိုက်စားစတိုင်လ်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
Joggers + Blazer
Photo : Styleheolic
ပုံမှန်အားဖြင့် Joggers ဘောင်းဘီတွေကို Blazer နဲ့ တွဲဖက်ဝတ်ဆင်ဖို့ တွန့်ဆုတ်မိတတ်ကြမယ် ထင်ပါတယ်။ ဒီလိုပုံစံမျိုး မဝတ်ဆင်ဖူးရင် တစ်ခါလောက်တော့ ဝတ်ဆင်ကြည့်ပါ။ Joggers တွေက အံ့သြစရာကောင်းလောက်အောင် စွယ်စုံရပြီး Blazer တွေနဲ့ လိုက်ဖက်နေတာ တွေ့ရမှာပါ။ ဒီလို အတွဲအဆက်က ကွီးတို့ ပေါ့ပါးလွတ်လပ်မှုနဲ့ ထင်ရှာပြီး လေးနက်တဲ့ အသွင်အပြင်ကို တစ်ပြိုက်နက်တည်း ပေးစွမ်းပါလိမ့်မယ်။
Joggers + Shirt
Photo : www.sdr-mjk.org
စမတ်လည်းကျ ပေါပါးလွတ်လပ်မှုလည်း ရှိချင်တယ်ဆိုရင် အများကြီးစဉ်းစားစရာမလိုပါဘူး။ ရှပ်အင်္ကျီတွေကိုသာ Joggers ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ကတယ်ကို မယုံနိုင်လောက်အောင် လိုက်ဖက်တာ တွေ့ရပါလိမ့်ယ်။
ကွီးတို့ရေ ပေါ့ပါးလွတ်လပ်မှုအပြည့်နဲ့ အထာကျဖို့ဆို Joggers ဘောင်းဘီတွေကိုလည်း ချန်ထားလို့ မရဘူးဗျ။ ကွီးတို့ရဲ့ စိတ်ကူးအိုင်ဒီယာတွေနဲ့ ပေါင်းစပ်ပြီး Joggers ဘောင်းဘီတွေကို တွဲဖက် ဝတ်ဆင်ပြီး အပီသာလန်းလိုက်တော့ဗျို့။
Source : The Adult Man
Featured Photo : Gear Patrol