ပထမဆုံး တွေ့ဆုံချိန်မှာတွင် အများက လေးစား အားကျရတဲ့သူ ဖြစ်ချင်ပါသလား။ ဒါမှမဟုတ် ပထမအကြိမ်နဲ့တင် နောက်မတွေ့ချင်လောက်အောင် နှာခေါင်း ရှုံ့သွားတဲ့အဖြစ်မျိုးကို ကြုံတွေ့ဖူးချင်ပါသလား။ ရွေးချယ်မှုကိုတော့ ကွီးတို့ ပြုလုပ်ရမှာပါ။ တကယ်လို့ ကွီးတို့က အထာကျ တဲ့ ဘီးကျဲတစ်ဗွေ ဖြစ်ချင်တယ်ဆိုရင်တော့ အခြေခံ ကျတဲ့အရာများကို သိထားဖို့ လိုအပ်ပါတယ်။

ကိုယ့်ရဲ့ အသားအရေကို ဂရုစိုက်ခြင်း

man skincare

အသားအရေ လှပနေဖို့ ဆိုတာထက် အသားအရေ ကျန်းမာနေဖို့ဆို ပိုမှန်ပါတယ်။ ကွီးတို့ အသားအရေက ကျန်းမာနေမှသာလျှင် ကြည့်ပျော် ရှုပျော်ရှိပြီး အများနဲ့ ဆက်ဆံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိနေမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ အသားအရေ အမျိုးအစားပေါ် မူတည်ပြီး အသားအရေကို သေချာ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

လက်သည်း ခြေသည်းများကို သပ်သပ်ရပ်ရပ်ထားခြင်း

man cutting nails

ယောကျာ်းပီသပြီး စမတ်ကျတဲ့ အမျိုးသားတိုင်းကို ကြည့်လိုက်ပါ။ သူတို့ရဲ့ လက်သည်း ခြေသည်းများကို တိတိရိရိ ဖြတ်ထားတာကို မြင်တွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့ လက်သည်း ခြေသည်း ကျန်းမာရေးကို ဂရုစိုက်ခြင်းအားဖြင့် အများအမြင်မှာ တင့်တယ်နေမှာပဲဖြစ်ပါတယ်။

မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများကိုလည်း ဂရုစိုက်ခြင်း

man facial hair

မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေ အရှည်မထားနဲ့လို့ ပြောတာ မဟုတ်ပါဘူး။ အရှည် ထားချင်တယ်ဆိုရင် ကိုယ့်ရဲ့ မျက်နှာပေါ်က အမွှေးအမျှင်များကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ထားဖို့ လိုအပ်ပါတယ်။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ နူးညံ့ပျော့ပျောင်းနေအောင် သေချာဂရုစိုက်ပြီး ကြည့်ကောင်းကာ ဆွဲဆောင်မှုတိုးအောင် ဂရုစိုက်သင့်ပါတယ်။

သွားနှင့် ခံတွင်း ကျန်းမာရေးကို အလေးထားခြင်း

အထာကျ အခြေခံ

သွားနှင့် ခံတွင်း ကျန်းမာရေးဆိုတာသည် တစ်နေ့ နှစ်ကြိမ် သွားတိုက်ရမယ်ဆိုတဲ့ အလေ့အကျင့်ထက် ပိုပါတယ်။ အစား စားပြီးနောက်ပိုင်းမှာ သေချာ ပလုတ်ကျင်းကာ သွားနဲ့ ခံတွင်း ရနံ့ မွှေးပျံ့နေအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သွားပိုးမစားအောင်လည်း ဂရုစိုက်ဖို့ လိုအပ်သလို ၆ လလျှင် တစ်ကြိမ် ဆရာဝန်နဲ့ သေချာ ပြသဖို့ လိုအပ်ပါတယ်။

ဆံပင်စတိုင်လ်ကို စတိုင်လ်ကျကျ ထားရှိခြင်း

အထာကျ အခြေခံ

ဆံပင်စတိုင်လ်တစ်ခုသည် ၃ လကြာတဲ့နဲ့ ပုံမကျ ပန်းမကျ ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ ဆံပင်စတိုင်လ်ကို ၃ လလျှင် တစ်ကြိမ် ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ကိုယ့် မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေ ညှပ်ထားမှသာလျှင် ကွီးတို့က ဆော်ကြည်ဘဲတစ်ဗွေ ဖြစ်လာမှာပါ။

ရေဓာတ် ပြည့်ဝစွာ နေထိုင်ခြင်း

အထာကျ အခြေခံ

အမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့လျှင် ရေ ၂ လီတာခန့် သောက်သုံးသင့်ပါတယ်။ ကွီးတို့ ခန္ဓာကိုယ်က လုံလောက်တဲ့ ရေဓာတ်ကို မရရှိပါက ခန္ဓာကိုယ်က မူးဝေခြင်း၊ အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အာခံတွင်း ခြောက်နေပါက ခံတွင်းရနံ့ နံခြင်းကိုပါ ခံစားရနိုင်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်း

အထာကျ အခြေခံ

ကွီးတို့ ခန္ဓာကိုယ်မှာ အဆီပိုတွေ များနေမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အဝလွန်လာပြီး ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ ကျန်းမာရေးအတွက် နေ့စဥ် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကိုယ့် ခန္ဓာကိုယ် အချိုးအစားက ကြည့်ကောင်းနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ လှုပ်ရှား သွားလာနိုင်မှာပဲဖြစ်ပါတယ်။

ကွီးတို့ရော အထာကျ တဲ့ ဘီးကျဲ တစ်ဗွေဖြစ်ဖို့ ဘယ်လို အခြေခံ အချက်များကို လိုက်နာလေ့ရှိပါသလဲ။​

Source: Vitaman

Featured Image: Otisskincare.com