ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေဆိုတာ သပ်ရပ်ရှင်းသန့်ပြီး အထာကျ တဲ့ အမျိုးသား တွေကို ဆိုလိုတာဖြစ်ပါတယ်။​ ကိုယ့်ရဲ့ ဖက်ရှင်ကိုပဲ အဓိကထား အလေးပေးနေတာမျိုး မဟုတ်ဘဲ၊ ကိုယ့်ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အသားအရေ၊ ဖက်ရှင် အစရှိတဲ့ ဘက်ပေါင်းစုံကနေ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။​

အမွှေးအမျှင်တွေ ရှည်လျားနေမယ်ဆိုရင် ရိတ်သင်ပေးတာမျိုး၊ မျက်နှာ အသားအရေနှင့် ခန္ဓာကိုယ် အသားအရေကို ဂရုတစိုက် ထိန်းသိမ်းပေးခြင်း၊ နေ့ရက်တိုင်းမှာ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိခြင်း အစရှိတဲ့ အရာများကို ဂရုတစိုက် ပြုလုပ်မှသာလျှင် သပ်ရပ် ရှင်းသန့်ပြီး အထာကျ တဲ့ အမျိုးသား တစ်ယောက်ဖြစ်လာမှာပါ။

အမျိုးသားများက ဘာ့ကြောင့် တစ်ကိုယ်ရည် သန့်ရှင်းရေး ရှိဖို့ လိုအပ်သလဲ

တစ်ကိုယ်ရည် သန့်ရှင်းရေး ရှိဖို့ လိုအပ်သလဲ

အဓိက အကြောင်းအရင်းကတော့ တစ်ကိုယ်ရည် သန့်ရှင်းရေး ရှိခြင်းကြောင့် ပိုမို ကြည့်ကောင်းလာပြီး ကွီးတို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ နေ့စဥ် ဂရုစိုက်သင့်တဲ့ အခြေခံ တစ်ကိုယ်ရည် သန့်ရှင်းရေး အချက် (၅) ချက်ရှိပါတယ်။

  • မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ ပုံမှန် ရိတ်ခြင်း
  • မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ခြင်း
  • နေလောင်ကာခရင်မ် လိမ်းခြင်း
  • ကိုယ်ပိုင် မွှေးရနံ့တစ်ခု ထားရှိခြင်း
  • အသားအရေကို ရေဓာတ် ဖြည့်တင်းခြင်း အစရှိတဲ့ အချက်များကတော့ အခြေခံ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ ပုံမှန် ရိတ်ခြင်း

မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ ပုံမှန် ရိတ်ခြင်း

ကွီးတို့ရဲ့ အမွှေးအမျှင်များ ရှည်ထွက်တဲ့ နှုန်းပေါ် မူတည်ပြီး သုံးရက် တစ်ခါ (သို့) တစ်ပတ် တစ်ခါလောက် မုတ်ဆိတ် ရိတ်ဖို့ လိုအပ်ပါတယ်။ လူအများကြား သွားလာတဲ့အခါ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ရှည်ရှည်ကြီးနဲ့ ညှင်းသိုးသိုး ပုံစံမျိုးနဲ့ သွားလာမယ့်အစား ကြည့်ကောင်းပြီး သပ်ရပ် ကျော့ရှင်းတဲ့ ပုံစံမျိုး ဖန်တီးဖို့ လိုအပ်ပါတယ်။

(၂) မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ

အထာကျ အမျိုးသား

ဒီအချက်ကတော့ မနက် အိပ်ရာနိုးလျှင် တစ်ကြိမ်၊ ညဘက် အိပ်ခါနီးလျှင် တစ်ကြိမ် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။​ ကိုယ့် မျက်နှာ အသားအရေနဲ့ သင့်တော်မယ့် မျက်နှာသစ်ဆေးများကို သေချာ ရွေးချယ်ပြီး အသုံးပြုသင့်ပါတယ်။

(၃) နေလောင်ကာခရင်မ် လိမ်းကျံခြင်း

အထာကျ အမျိုးသား

နေပူထဲ ထွက်တော့မယ်ဆိုတာနဲ့ နေလောင်ကာခရင်မ်သည် မရှိမဖြစ် အရေးကြီးလာပြီပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ အသားအရေကို ပျက်စီး မသွားစေချင်ဘူး၊ အရေပြား ကင်ဆာ ရောဂါကြောင့် အသက် မဆုံးရှုံးချင်ဘူးဆိုရင်တော့ နေပူထဲ ထွက်မယ်ဆိုတာနဲ့ နေလောင်ကာခရင်မ် လိမ်းကျံပေးရမှာပဲ ဖြစ်ပါတယ်။

(၄) ကိုယ်ပိုင် မွှေးရနံ့တစ်ခု ထားရှိခြင်း

အထာကျ အမျိုးသား

ကွီးတို့ရဲ့ ပြင်းလွန်းတဲ့ ချွေးနံ့ကို ဆိုလိုတာ မဟုတ်ပါဘူး။ ရေမွှေးအနံ့ တစ်မျိုးမျိုးကို အသုံးပြုကာ ကိုယ့်ရဲ့ ကိုယ်ပိုင် မွှေးရနံ့တစ်ခုအဖြစ် ထားရှိခြင်းကို ဆိုလိုတာပါ။ ရေချိုး သန့်စင်ပြီးတဲ့အချိန်တိုင်းမှာ လက်ကောက်ဝတ်၊ လည်ပင်း ဂုတ်နောက်ပိုင်းတွေကို ရေမွှေးအနံ့လေး ဆွတ်ကာ ကိုယ့်ရဲ့ ကိုယ်ပိုင် သင်းရနံ့လေးကို ကိုယ်တိုင် ဖန်တီးယူသင့်ပါတယ်။

(၅) အသားအရေကို ရေဓာတ် ဖြည့်တင်းခြင်း

အထာကျ အမျိုးသား

ကွီးတို့ အသားအရေသည် အမြဲတမ်း ရေဓာတ်ပြည့်ဝ နေဖို့အတွက် နေ့ရက်တိုင်းမှာ ရေများများ သောက်သုံးဖို့ လိုအပ်သလို အသားအရေပေါ်တွင် အစိုဓာတ် ထိန်းခရင်မ်များ လိမ်းကျံကာ အသားအရေကို အပြင်ကနေ ရေဓာတ် ဖြည့်တင်းပေးရပါမယ်။​

ကွီးတို့ရော ဒီအချက်တွေကို မှန်မှန် ပြုလုပ်ရဲ့လား။

Source : Dove

Featured Photo : Rollingstone