ဒီဘက်ခေတ် လမ်းမတွေပေါ်မှာ လူငယ်တွေကို ကြည့်လိုက်မယ်ဆိုရင် တော်တော်များများ 90s ခေတ်အငွေ့အသက် ဖက်ရှင်တွေ အများကြီး ပြန်မြင်နေရပါတယ်။ 90s ဖက်ရှင်တွေလို့ ပြောရင် Skaters ၊ Hip Hop နဲ့ Grunge ယဉ်ကျေးမှုတွေကိုတော့ တော်တော်များများ ပြေးမြင်ကြမယ် ထင်ပါတယ်။ တကယ်တော့ ဒီဖက်ရှင်ယဉ်ကျေးမှုတွေ တင်မကပါဘူး။ အထာကျတဲ့ Baggy Shirts တွေ ၊ Dad Jeans တွေ ၊ Sweater တွေ ၊ Crazy Prints Shirts တွေက 90s ခေတ် ဖက်ရှင်တွေရဲ့ အသက်သွေးကြောလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ တစ်ကြော့ပြန်လည်လာတဲ့ ဖက်ရှင် ရေစီးကြောင်းပေါ်မှာ 90s ခေတ်ဖက်ရှင်တွေ အထာကျကျ ဖြုတ်နိုင်ဖို့ Tips လေးတွေ ပြောပြပေးချင်ပါတယ်။
(၁) 90s Patterned Shirts
Photo : ThriftTale
90s ခေတ်ဖက်ရှင်လို့ ပြောလိုက်တာနဲ့ Boxy Patterned Shirt တွေကတော့ မပါမဖြစ်ပါပဲ။ American 90s Sitcoms တွေ ကြည့်တယ်ဆိုရင် ကွီးတို့ မြင်ဖူးကြမယ် ထင်ပါတယ်။ အိတ်ကပ်ခပ်ကြီးကြီးနဲ့ အပွင့်အခတ် ၊ လိုင်းစင်း ဒီဇိုင်းတွေပါတဲ့ Patterned Shirt တွေက 90s ခေတ်မှာ ယောကျာ်းလေးတွေကြား အတော်လေး ရေပန်းစား အဝတ်များခဲ့ ကြတာပါ။ ပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်တဲ့ Shirts တွေ ဖြစ်တာကြောင့် ထသွားထလာ ဖက်ရှင် တစ်ခုအနေနဲ့ ဝတ်ဖို့ အထူးသင့်လျော်ပါတယ်။
(၂) 90s Jeans
Photo : ThriftTale
90s ခေတ်မှာ အဝတ်များတဲ့ အမျိုးသား ဝတ်ဖက်ရှင်လို့ ပြောရင် Jeans တွေကတော့ ထိပ်ဆုံးက ပါပါတယ်။ 90s ခေတ်တုန်းက Jeans တွေဟာဆိုရင် ပွပွချောင်ချောင် ၊ ဒဲ့ပွစတိုင် ဘောင်းဘီတွေ ပိုခေတ်စားခဲ့တာ ဖြစ်ပါတယ်။ Baggy Jeans တွေ ၊ ခါးအမြင့် Jeans တွေ ၊ ခြေကျင်းဝတ် အကျယ် Straight Fit Jeans တွေကတော့ လူကြိုက်အများဆုံးဖြစ်ပြီး မိုးပြာရောင် သို့မဟုတ် Stone-Washed Blue ကာလာတွေ အဝတ်များခဲ့ပါတယ်။
(၃) 90s Sweaters
Photo : ThriftTale
90s ခေတ်မှာ ကာလာဒီဇိုင်းစုံတဲ့ Sweaters တွေလည်း အဝတ်များခဲ့ ကြပါတယ်။ ရာသီဥတု အေးတဲ့အချိန်မှ မဟုတ်ပဲ ဖက်ရှင် တစ်ခုအနေနဲ့ကို ရှိုးထုတ်ဝတ်ဆင် ခဲ့ကြတာပါ။ ရှုပ်ထွေးတဲ့ Abstract Patterns တွေ ၊ ကာလာစုံတဲ့ ဒီဇိုင်းတွေကို လူကြိုက်များခဲ့ပြီး ကပိုကယိုနဲ့ ခပ်မိုက်မိုက်စတိုင် ဖက်ရှင်ဘက်ကို သွားပါတယ်။ ဖက်ရှင်ပိုင်း အထာကျချင်တဲ့ ဘီးကျဲတွေအတွက်ကတော့ 90s Sweaters တွေကို ချန်ထားခဲ့လို့ မရပါဘူး။
Source : ThriftTale
Featured Photo : British GQ