လိင်မှုကိစ္စဟာ အထာသိရင် ပျော်စရာ ကောင်းပါတယ်။ လူတော်တော်များများ အိပ်ရာထက်မှာ ကောင်းမွန်တဲ့ ခံစားမှု မရတာ ၊ စိတ်ကျေနပ်ပျော်ရွှင်မှု မရတာတွေဟာ အပျက်သဘောဆောင်တဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သတ်ဆက်နွယ်နေလို့ပါပဲ။ ဒီတစ်ခေါက်မှာတော့ အချို့လူတွေ ဘာကြောင့် ချစ်တင်းနှော တိုင်းမှာ ဖီလင်မကောင်းတာလည်း ၊ စိတ်ကျေနပ်မှု ကောင်းကောင်း မရတာလဲဆိုတာနဲ့ ပတ်သတ်ပြီး ဆက်စပ်နေတဲ့ ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) စွမ်းဆောင်ရည် မပြနိုင်မှာ စိတ်ပူနေလို့

Bad At Doing Sex

Photo : My Fit Brain

ဒါကတော့ စာရေးသူတို့ ယောကျာ်းလေး အများစုမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ အိပ်ရာထက်မှာ စွမ်းဆောင်ရည် ကောင်းကောင်း မပြနိုင်မှာကို စိုးရိမ်ပူပန်စိတ် လွန်ကဲနေတာကြောင့် တကယ့် လက်တွေ့ အစွမ်းပြတဲ့ အချိန်မှာ ခံစားမှုကောင်းကောင်း မရတာ ၊ ပုံမှန်ရှိနေတဲ့ စွမ်းဆောင်ရည်ထက်ကို ပိုမိုကျဆင်းတာတွေ ကြုံရတက်ပါတယ်။ ဒီအတွက်အကောင်းဆုံး အကြံပေးချင်တာကတော့ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်မျိုးကို ပြချင်နေတာထက် ပါတနာနဲ့ အပေးအယူမျှမျှ ၊ လက်ရှိ အခိုက်အတန့် အချိန်လေးကိုပဲ အကောင်းဆုံး အာရုံစိုက်ပြီး ပျော်ရွှင်မှုကို ကောင်းကောင်းကြီး ခံစားလိုက်ဖို့ပါပဲ။

(၂) နူးနပ်ချိန်တွေကို ကျော်ချနေလို့

Bad At Doing Sex

Photo : The Independent

Foreplay အဆင့်ကို အချိန်ကောင်းကောင်းမပေးပဲ ကျော်ချနေမယ်ဆိုရင်တော့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လိင်မှုခံစားချက်တွေကို ရရှိမှာ မဟုတ်ပါဘူး။ ကြိုတင်နှိုးဆွလှုံ့ဆော်တဲ့ Foreplay အဆင့်ဟာ သင်နဲ့သင့်ပါတနာကြားက ရင်းနှီးမှုကို တိုးစေသလို လိင်စိတ်ခံစားချက်တွေကို တဖြည်းဖြည်းချင်း နှိုးဆွလှုံ့ဆော်ပေးပြီး အထွတ်အထိပ် ခံစားမှုဆီ ခေါ်ဆောင်သွားပေးတာပါ။ ဒီအတွက်ကြောင့် Foreplay ကို သေချာအချိန်ယူပြီး လမ်းကြောင်းကောင်းကောင်း ခင်းတက်ဖို့ အရေးကြီးပါတယ်။

(၃) စာအုပ်ကြီးအတိုင်း သွားနေလို့

Bad At Doing Sex

Photo : Flo app

တစ်ခါတစ်လေမှာ ဆန်းသစ်မှုတွေ ၊ အပြောင်းအလဲတွေဟာ ရင်ခုန်စိတ်လှုပ်ရှားမှုကို မြှင့်တင်ပေးသလို မတူညီတဲ့ လိင်စိတ်ခံစားမှုကောင်းတွေကို ခံစားရရှိစေပါတယ်။ ချစ်တင်းနှော တဲ့အခါတိုင်းမှာ အမြဲတမ်းနီးပါး အသားကျနေတဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေအတိုင်းပဲ နှစ်ပါးသွားနေမယ်ဆိုရင် သင်ရောသင့်ပါတနာပါ ငြီးငွေ့လာပါလိမ့်မယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ မတူညီတဲ့ အသစ်အဆန်းလေးတွေ ၊ အပြောင်းအလဲလေးတွေကို လုပ်ဆောင်ပြီး ရင်ခုန်မှုအသစ်တွေကို ရှာဖွေသင့်ပါတယ်။

(၄) ပွင့်လင်းမြင်သာမှု မရှိလို့

Bad At Doing Sex

Photo : Shamsah Amersi, MD

ပျော်ရွှင်ကျေနပ်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်ထားတဲ့ စုံတွဲတွေရဲ့ လျို့ဝှက်ချက်ဟာ ပွင့်လင်းမှု ရှိလို့ပါ။ သင့်နဲ့သင့်ပါတနာရဲ့ Relationship မှာ ပွင့်လင်းမှုရှိဖို့ လိုသလိုပါပဲ ၊ လိင်မှုကိစ္စမှာလည်း တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိသင့်ပါတယ်။ တစ်ယောက်ရဲ့အကြိုက်တွေ ၊ မကြိုက်တဲ့ အချက်တွေကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက် လိုအင်ဆန္ဒတွေကို အပြည့်ဝဆုံး ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝ အခိုက်အတန့်ကို ရရှိပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

ဒီအထာလေးတွေ သိထားရင်တော့ ကွီးတို့ ချစ်တင်းနှော တိုင်းမှာ ပျော်ရွှင်ကျေနပ်ဖွယ် ခံစားမှုကို သေချာပေါက် ရရှိစေမှာ ဖြစ်ပါတယ်။

Source : My Fit Brain 

Featured Photo : ABC