ခန္ဓာကိုယ်က လှုပ်ရှားမှုနည်းပြီး အချိန်တော်တော်များများကို ဆိုဖာ ၊ ထိုင်ခုံတွေပေါ်မှာပဲ ကုန်ဆုံးတဲ့ နေထိုင်မှုပုံစံ ကို Sedentary Lifestyle လို့ ခေါ်ပါတယ်။ တစ်နေ့တာအတွင်းမှာ အထိုင်များတဲ့ နေထိုင်မှုပုံစံ ရှိတယ်ဆိုရင်တော့ ရေရှည်မှာ ကွီးတို့ ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အထိုင်များတဲ့ နေထိုင်မှုပုံစံရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ်အလေးချိန် တက်လာမယ်

Weight gain

Photo : Eat This Not That

သေချာပါတယ်။ လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့ နေထိုင်မှုပုံစံ ဟာ ကယ်လိုရီ လောက်ကျွမ်းဖို့ အခွင့်အရေး နည်းပါးတာကြောင့် ကိုယ်အလေးချိန် တိုးမြင့်လာဖို့ ရာခိုင်နှုန်း များပါတယ်။ လိုအပ်တာထပ်ပိုပြီး ကိုယ်အလေးချိန်ထက် တိုးမြင့်လာတာဟာ အဝလွန်ခြင်းဆီ ဦးတည်နေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။

(၂) ကြွက်သား ကြံ့ခိုင်မှု အားလျော့လာမယ်

Loss of muscle mass and strength

Photo : Muscle & Fitness

အထိုင်များတာက အဆီပိုတွေ တက်ရုံတစ်ခုတည်း မဟုတ်ပါဘူး။ ကြွက်သား ထုထည်နဲ့ ကြွက်သားတွေရဲ့ ကြံ့ခိုင်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ တစ်နေ့တာအတွင်းမှာ ကြွက်သားတွေအတွက် လှုပ်ရှားမှု လုံလုံလောက်လောက် မရှိတဲ့ အထိုင်များတဲ့ Lifestyle ဟာ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အားလျော့စေပြီး ကြွက်သားတွေရဲ့ ကျစ်လစ်သန်မာမှုကို ကျဆင်းစေမှာ ဖြစ်ပါတယ်။

(၃) နာတာရှည် ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေများမယ်

 chronic health issues

Photo : CDC

Sedentary Lifestyle ဟာ ရေရှည်မှာ ဆိုးရွားတဲ့ နာတာရှည် ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ကင်ဆာ ၊ ဆီးချို ၊ သွေးတိုး ၊ နှလုံးရောဂါ ၊ လေဖြတ်ခြင်း ၊ ကိုလက်စထရောများခြင်း ၊ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါများ ၊ အရိုးပွရောဂါ အပါအဝင် အခြား နာတာရှည် ကျန်းမာရေး အခြေအနေတွေကို ကြုံတွေ့ခံစားရနိုင်တာ ဖြစ်ပါတယ်။

(၄) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိလာမယ်

 mental health
Photo : CPD Online College

ခန္ဓာကိုယ် လှုပ်ရှားမှု မရှိခြင်းရဲ့ နောက်ဆက်ဆွဲ ကျန်းမာရေး ပြဿနာတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် အပျက်သဘောဆောင်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တာပါ။ ဆိုလိုတာကတော့ အထိုင်များတဲ့ နေထိုင်မှုပုံစံ ဟာ စိတ်ဓာတ်ကျခြင်း ၊ စိုးရိမ်ပူပန်မှုများခြင်း တို့လို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေပိုများပြီး အချိန်ခဏလေးအတွင်းမှာ စိတ်အတက်အကျ မြန်တဲ့ အခြေအနေတွေကိုလည်း ခံစားရနိုင်ပါတယ်။

Source : Eat This Not That

Featured Photo : The Portugal News