ယောကျာ်းလေးအများစုရဲ့ Favorite Color က အနက်ရောင်ပါပဲ။ အနက်ရောင်က ရိုးရှင်းသလောက် ဆွဲဆောင်မှု ရှိပါတယ်။ ကွီးတို့အနေနဲ့ နာရီ ရွေးချယ်တဲ့ အခါမှာ ရိုးရိုးရှင်းရှင်းနဲ့ စတိုင်ကျချင်တယ်ဆိုရင်တော့ အနက်ရောင် နာရီတွေက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာ အနက်ရောင် ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် အမိုက်စား ဒီဇိုင်းနဲ့ ရွေးချယ်စရာ အနက်ရောင် နာရီ ၅ လုံးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Suunto Core Military


Photo : The Trend Spotter

Suunto Core All Black Military Sports နာရီကတော့ တောင်တက်ခြင်း ၊ တောတွင်းလမ်းကြမ်းခရီးနှင်ခြင်းစတဲ့ Outdoor Activities တွေ စိတ်ဝင်စားတဲ့ ကွီးတို့အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ သူ့မှာ အမြင့်ပြကိရိယာ ၊ လေဖိအားတိုင်းကိရိယာ ဘာရိုမီတာနဲ့ သံလိုက်အိမ်မြှောင် စနစ်တွေ ပါဝင်ပါတယ်။

(၂) G-Shock the GA 100 Military Series


Photo : The Trend Spotter

ခေတ်မှီဆန်းသစ်တဲ့ အနက်ရောင်ဒီဇိုင်းနဲ့ G-Shock the GA 100 Military Series နာရီကတော့ ယောကျာ်းလေးတိုင်း အကြိုက်တွေ့စေမယ့် နာရီတစ်လုံးဆိုတာ သေချာပါတယ်။ လူငယ်ဆန်ပြီး စွဲမက်စရာ နာရီဒိုင်ခွက်ဒီဇိုင်းနဲ့ ရေမီတာ ၂၀၀ အောက်ခံနိုင်ရှိတဲ့အပြင် အခြားအသုံးဝင်တဲ့ 1/1000th စက္ကန့်အချိန်မှတ် စနစ်တွေလည်း ပါဝင်ပါတယ်။

(၃) Omega Speedmaster Moonwatch


Photo : The Trend Spotter

Omega Speedmaster Moonwatch နာရီကတော့ ပြောင်လက်တောက်ပတဲ့ အနက်ရောင်ဒီဇိုင်း ၊ နာရီဒိုင်ခွက်မျက်နှာပြင်မှာ စက္ကန့်နဲ့ မိနစ်ပြ ဒိုင်ခွက်ငယ် ၂ ခုပါရှိပြီး  အမှောင်ထဲမှာ မြင်နိုင်မယ့် အနုမြူ နာရီလက်တံတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ အမိုက်စားနာရီတစ်လုံး ဖြစ်ပါတယ်။

(၄) Tag Heuer Carrera


Photo : The Trend Spotter

Tag Heuer Carrera နာရီကတော့ အနီနဲ့ အနက် ပေါင်းစပ်ထားပြီး Details ကျကျ အနုစိတ်လှတဲ့ လက်ရာတွေနဲ့ သေသပ်လှပတဲ့ အနက်ရောင်ဒီဇိုင်း နာရီတစ်လုံး ဖြစ်ပါတယ်။ တိုက်တေနီယမ် သတ္တုကိုယ်ထည် ၊ နာရီမျက်နှာပြင်ပေါ်မှာ ဒိုင်ခွက်အသေး ၃ ခုနဲ့ အနီရောင် သားရေကြိုးတို့ ပေါင်းစပ်ထားတဲ့ လှပတဲ့ နာရီတစ်လုံး ဖြစ်ပါတယ်။

(၅) Timex Easy Reader T2N794


Photo : The Trend Spotter

ဒီနာရီ ဒီဇိုင်းကတော့ ရိုးရှင်းပေမယ့် လေးလေးနက်နက်နဲ့ စတိုင်ကျစေတဲ့ နာရီတစ်လုံး ဖြစ်ပါတယ်။ အဝိုင်းပုံ နာရီဒိုင်ခွက် မျက်နှာပြင်နဲ့ သားရေနာရီကြိုးတို့ ပေါင်းစပ်ထားပြီး နာရီတစ်လုံး စလုံးမှာ မိနစ်ပြ နာရီလက်တံတစ်ခုသာ တောက်ပတဲ့ အနီရောင် ဒီဇိုင်းနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

Featured Photo : The Trend Spotter