အနမ်းပေးတဲ့နေရာမှာ ဆရာကြီးဘွဲ့ကို ခံယူချင်တယ်ဆိုရင် သိထားရမယ့် လျို့ဝှက်ချက်လေးတွေ ရှိပါတယ်။ ဒါတွေကို သိထားရင် ကွီးတို့ အနမ်းတွေ ခြွေတဲ့အခါ ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေမှာ အသေအချာပါပဲ။ အဓိကကတော့ ကွီးတို့ရဲ့ နှုတ်ခမ်းနဲ့ လျှာကို နည်းမှန်လမ်းမှန် ကောင်းကောင်း အသုံးပြုတက်ဖို့ပဲ လိုတာပါ။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှောဖို့ စတင်ချိန်မှာ အထာကျကျ/ ဆရာကျကျ အနမ်းပေး တက်စေဖို့ Techniques လေးတွေ ပြောပြပေးပါမယ်။
(၁) ဖြည်းဖြည်းပဲ သွားပါ
Photo : AuraGlow
အနမ်းပေးတဲ့အခါ စတင်တဲ့ ပုံစံက အရေးကြီးပါတယ်။ ကွီးတို့က စစ်တိုက်နေတာမဟုတ်ပဲချစ်ကြိုက်နေတာဖြစ်တဲ့အတွက် ဘာကိုမှအလောတကြီး လုပ်ဖို့မလိုပါဘူး။ ဒိန်ခဲရှာနေတဲ့ ကြွက်လေးတစ်ကောင်လို စူးစမ်းဖွေရှာမှုတွေနဲ့ ဖြည်းဖြည်းချင်း အချိန်ယူပြီး ခရီးဆက်ရမှာ ဖြစ်ပါတယ်။
(၂) ဖိအားကို မှန်မှန်ကန်ကန် သုံးတက်ပါစေ
Photo : Clout News
အနမ်းပေး ချိန်မှာ ပြင်းအား အဖိအဖော့ကို မှန်မှန်ကန်ကန် လုပ်ဆောက်တက်ဖို့ အရေးကြီးပါတယ်။ အချိန်တိုင်းမှာ ကြမ်းကြမ်းတမ်းတမ်း ကိုလူကြမ်းကြီး လုပ်လို့မရသလို ညင်သာပျော့ပြောင်းနေလို့လည်း မရပါဘူး။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး ကွီးတို့ရဲ့ နှုတ်ခမ်းတွေ ၊ လျှာတွေကို လှုပ်လှုပ်ရွရွ သုံးတက်ဖို့ လိုပါတယ်။
(၃) မြွေတစ်ကောင်လို လှည်ပတ်သွားလာပါ
Photo : HubPages
ကွီးတို့ရဲ့ လျှာဟာမြွေတစ်ကောင် ဖြစ်မယ်ဆိုရင် ချစ်သူလေးရဲ့ ပါးစပ်ကို တွင်းတစ်ခုလို သဘောထားလိုက်ပါ။ သေချာတာကတော့ တွင်းထဲမှာ ငြိမ်ငြိမ်လေးမနေပဲ လှည့်ပတ်သွားလာနေတဲ့ မြွေတစ်ကောင် ဖြစ်ရပါမယ်။ ကွီးတို့ရဲ့ လျှာဟာ ချစ်သူလေးရဲ့ ပါးစပ်အတွင်းမှာ လှည့်ပတ်ပြီး အနမ်းတွေပေး ဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ တစ်ချက်တစ်ချက် သူမရဲ့ လျှာကိုလည်း သကြားလုံး တစ်လုံးလို အသာအယာ စုပ်ပေးပါ။ ဒါဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ ပိုကောင်းစေပါတယ်။
(၄) လက်ချောင်းတွေကို တစ်ပြိုင်နက် လှုပ်ရှားပါ
Photo : Cosmo.ph
အနမ်းပေး နေချိန်မှာ ကွီးတို့ရဲ့ လက်ချောင်းလေးတွေကို ငြိမ်ငြိမ်မထားပဲ လှုပ်ရှားကစားပေးရပါမယ်။ ချစ်သူပါတနာရဲ့ ခန္ဓာကိုယ်ပေါ်က အာရုံခံစားမှု ထိရှလွယ်တဲ့ နေရာလေးတွေကို ပွတ်သပ်ဆော့ကစားပေးပါ။ နမ်းနေတုန်းမှာ တပြိုက်နက်တည်း ခန္ဓာကိုယ် နေရာအနှံ့ကို ပွတ်သပ်ချော့မြူပေးတာဟာ စိတ်ပိုကြွစေမှာ ဖြစ်သလို ခံစားမှုအရှိန်ကို ပိုပြီး ပြင်းထန်နက်ရှိုင်းလာစေမှာ ဖြစ်ပါတယ်။
Source : MensXP
Featured Photo : MMS PLUS NG