ကွီးတို့ ပထမဆုံး ကိုင်တဲ့ ဖုန်းကို မှတ်မိပါသလား။ လွန်ခဲ့သော နှစ်များမှာ ဟမ်းဖုန်းဆိုရင် ခလုတ်များ ပါဝင်သော Keypad ဖုန်းလေးများနဲ့စတင်ခဲ့ပြီး ဖုန်းပြောတာ၊ စာပို့တာအပြင် တခြားသော စိတ်ဝင်စားဖွယ် အင်္ဂါရပ်များများစားစား မပါဝင်ပါဘူး။ ဒီနေ့ခေတ်မှာတော့ နည်းပညာက တော်တော်လေး ခရီးရောက်ခဲ့ပါပြီ။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ စမတ်ဖုန်း များမှာ ကြီးမားတဲ့ ထိတွေ့မျက်နှာပြင်များ၊ စွဲမက်ဖွယ် ကင်မရာများနဲ့ နည်းပညာမြင့် အင်္ဂါရပ်များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ ငွေပေးချေခြင်းကဲ့သို့သော ကိစ္စရပ်တော်တော်များများကိုလည်း ပြုလုပ်လို့ရနေပါပြီ။ လက်ရှိ စမတ်ဖုန်းများက ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး စမတ်ဖုန်းများ မရှိတဲ့ဘဝကို စိတ်ကူးတောင်ယဉ်ကြည့်လို့ မရအောင် တော်တော်လေး အရေးပါလာတာ တွေ့ရပါတယ်။ ဒါဆိုရင် အနာဂတ်မှာ ရော စမတ်ဖုန်းတွေ ဘယ်လောက်ပြောင်မြောက်လာနိုင်မလဲ ဆိုတဲ့ ခန့်မှန်းချက်တွေကို လေ့လာကြည့်လိုက်ရအောင်။

ပိုမို ကွေးနိုင် ဆန့်နိုင်သော ဖုန်းများ

အနာဂတ်မှာ စမတ်ဖုန်းတွေ

Photo : IEEE Spectrum

‌နောင် မဝေးတော့တဲ့ အနာဂတ်မှာ  အခုထပ်ပို၍ ကွေးနိုင်၊ ဆန့်နိုင်ပြီး မျက်နှာပြင်ကို လိုသလိုခေါက်လို့ရတဲ့ စမတ်ဖုန်းတွေ ပိုပြီး မြင်တွေ့လာရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အခုဆိုရင် Samsung Galaxy Z Fold 3၊ Z Flip 3၊ Moto Razr နှင့် အခြားအရာများ အပါအဝင် ခေါက်နိုင်သော ဖုန်းများကိုလည်း မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါက ပိုမိုပြီး တိုးတက်လာရင် တော်တော်လေးကို အသုံးဝင်မဲ့ အချက်ပါပဲ။ ကျွန်တော်တို့ ဗီဒီယိုကြည့်ချင်တဲ့အခါ ဖြစ်စေ၊ မျက်နှာပြင် ကျယ်ကျယ်အသုံးပြုချင်တဲ့အခါ ဖြစ်စေ ဖုန်းရဲ့မျက်နှာပြင်ကို လွယ်လွယ်ကူကူ တိုးချဲ့စေပြီး သယ်ဆောင်သွားတဲ့အခါ ကိုယ့်ရဲ့ အိတ်ကပ်ထဲမှာ အံဝင်ခွင်ကျ ဖြစ်စေဖို့ သေးငယ်နိုင်တာဟာ တကယ်ကို စိတ်ကျေနပ်ဖွယ်ပါပဲ၊၊ သို့သော်လည်း စက်ပစ္စည်းတစ်ခုကို မည်မျှအထိ ဆွဲဆန့်နိုင်မလဲဆိုတာ ကန့်သတ်ချက်ရှိမှာ ထင်ရှားတာကြောင့် စောင့်ကြည့်သင့်တဲ့ စိတ်ဝင်စားဖွယ် အချက်ပါပဲ။

အရောင်ပြောင်းခြင်း

အနာဂတ်မှာ စမတ်ဖုန်းတွေ

Photo : eBay

ဖုန်းများက အရောင်မျိုးစုံ ထွက်ရှိသော်လည်း ကျွန်တော်တို့ အသုံးပြုဖို့ ဖုန်းတစ်လုံးအတွက် အရောင်တစ်ရောင်သာ ရွေးချယ်ရတာကြောင့် တစ်ခါတစ်ရံမှာ ကိုယ်ရွေးချယ်ထားတဲ့ အရောင်ကို သဘောမကျတော့တာ၊ တခြားအရောင်ပြောင်းချင်တာမျိုး ဖြစ်နိုင်ပါတယ်။ နောင်အနာဂတ်မှာ နည်းပညာဖြင့် ကိုယ်နှစ်သက်သလောက် မကြာခဏ ဖုန်းကိုယ်ထည်ကို အရောင်ပြောင်းနိုင်တဲ့ မုဒ် ပါရှိလာနိုင်ပါတယ်။ ကိုယ့်လိုချင်တဲ့ ဖုန်းတစ်ခုလုံးရဲ့အရောင်ကို လိုသလို စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ အင်္ဂါရပ်တစ်ခု ပါဝင်လာနိုင်ရင်တော့ တစ်ကယ်ကို စိတ်ကျေနပ်စရာပါပဲ။

ကြိုးမဲ့ အားသွင်းစနစ်

အနာဂတ်မှာ စမတ်ဖုန်းတွေ

Photo : The Washington Post

များသောအားဖြင့် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးတောင်မှ ဘတ်ထရီအပြည့်လျှင် နှစ်ရက်ခန့်သာ အသုံးပြုနိုင်ပါတယ်။ ဘတ်ထရီကုန်သွားရင် မဖြစ်မနေ အားသွင်းကြိုးကို အသုံးပြုလျက် အားသွင်းရမှာ ဖြစ်ပါတယ်။ သို့သော်လည်း လာမည့်နှစ်အနည်းငယ်အတွင်း စမတ်ကိရိယာများကို လေထဲတွင် ကြိုးမဲ့အားသွင်းနိုင်မည်ဟု မျှော်လင့်ထားကြပါတယ်။ ၎င်းက လက်ရှိကြိုးမဲ့အားသွင်းခြင်းကဲ့သို့ မဟုတ်ပါဘဲ ရေဒီယိုလှိုင်းများကို အသုံးပြုနိုင်ပြီး ၎င်းသည် ပတ်ဝန်းကျင်အတွက် ပိုမို ကောင်းစေပါတယ်။ ဒီအချက်က အမှန်တကယ်ပဲ ဖြစ်လာနိုင်သလား၊ အနာဂတ်မှာရော ဘယ်လို ပုံစံမျိုးနဲ စမတ်ဖုန်းတွေကို အားသွင်းနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမဲ့ အချက်ပါပဲ။

ဖန်သားပြင် သီးသန့် စမတ်ဖုန်းများ

Photo : TechRader

လာမယ့်နှစ်များတွင် စမတ်ဖုန်းများရဲ့ နည်းပညာလမ်းကြောင်းမှာ အပေါက်များ သို့မဟုတ် ခလုတ်များမပါဝင်တဲ့ မိုဘိုင်းလ်ကိရိယာများကို ဖန်သားပြင်များသာ အဖြစ်သာ ဖန်တီးရန်ဖြစ်ပါတယ်။ တွေးကြည့်တာနဲ့ စိတ်လှုပ်ရှားစေမဲ့ နည်းပညာ ဖန်တီးမှု ဖြစ်လာနိုင်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြလိုက်တာကတော့ အနာဂတ်မှာ စမတ်ဖုန်းတွေ ဘယ်လောက် ထူးခြားပြောင်မြောက်လာနိုင်သလဲဆိုတဲ့ လေ့လာခန့်မှန်းချက်များထဲက အချို့ဖြစ်ပါတယ်။ လူသားများရဲ့ ဖန်တီးနိုင်စွမ်းနဲ့ နည်းပညာကို  ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လောက်ထိ ပြောင်မြောင်တဲ့ တီထွင်ဖန်တီးမှုတွေကို မြင်တွေ့ရမလဲဆိုတာ စောင့်ကြည့်မှသာ သိနိုင်မှာ ဖြစ်ပါတယ်။

Source : TechRader, Android Authority

Featured Photo : New Knol