အနာဂတ် မှာ ရိုးရိုး နာရီတွေအစား စမတ် နာရီ တွေသာ ကြီးစိုး လာမယ်ဆိုတာကို ကွီးတို့ ယုံပါသလား။ ယုံတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နာရီ ဒီဇိုင်းတွေကို လေ့လာကြည့်လိုက်ပါ။ ဒီနာရီဒီဇိုင်းတွေက ဈေးကွက်ထဲမှာ လူကြိုက်များနေတဲ့ စမတ်နာရီတွေပဲ ဖြစ်ပါတယ်။

Apple Watch Ultra 2

Apple Watch Ultra 2

အကောင်းဆုံး စမတ်နာရီ အမျိုးအစားကိုမျ လိုချင်တာဆိုရင်တော့ Apple Watch Ultra 2 ကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ သူ့ နာရီ Storage ထဲမှာတင်ကို 32GB တောင် ပါဝင်ပြီး ဘက္ထရီသက်တမ်းအားဖြင့် ၃၆ နာရီကျော်ကြာအောင် အသုံးခံပါတယ်။ Processor ကတော့ Apple S9 ကို သုံးထားပြီး ၁.၉ လက်မ OLED Display ပါဝင်ပါတယ်။

Apple Watch SE 2

Apple Watch SE 2

ကွာလတီလည်း ကောင်းပြီး အရည်အသွေးလည်း မိမိုက်နေတဲ့ စမတ်နာရီမျိုးကို လိုချင်တယ်၊ ဘတ်ဂျက်ကိုလည်း အများကြီး မသုံး ချင်ဘူးဆိုရင်တော့ Apple Watch SE 2 ကို အသုံးပြုသင့်ပါတယ်။​ ဘက္ထရီသက်တမ်းက တစ်ခါ အားသွင်းပြီးတာနဲ့ အများကြီး ခံပါတယ်။

Samsung Galaxy Watch 6

အနာဂတ် စမတ် ကြီးစိုး

ကွီးတို့ လက်ကောက်ဝတ်ထက်မှာ နေရာယူသင့်တဲ့ နာရီအမျိုးအစား နောက်တစ်ခုကတော့ Samsung Galaxy Watch 6 ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၉၉ ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။

Google Pixel Watch 2

အနာဂတ် စမတ် ကြီးစိုး

နောက်ထပ် လူကြိုက်များတဲ့ စမတ်နာရီတစ်လုံးကတော့ Google Pixel Watch 2 ပဲဖြစ်ပါတယ်။ သူကတော့ Qualcomm Snapdragon W5 ကို သုံးထားတာပဲ ဖြစ်ပါတယ်။ ဘက္ထရီသက်တမ်းကတော့ တစ်ခါ အားသွင်းပြီးတာနဲ့ ၂၄ နာရီကြာ အသုံးခံပါတယ်။ သူ့ရဲ့ ဒီဇိုင်းက Classic ဆန်တဲ့ ဒီဇိုင်းဘက်ကို သွားတာကြောင့် လူကြိုက်များကြပါတယ်။

OnePlus Watch 2

အနာဂတ် စမတ် ကြီးစိုး

ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ နောက်ထပ် စမတ်နာရီတစ်လုံးကတော့ OnePlus Watch 2 ပဲဖြစ်ပါတယ်။ Processor အတွက်ကတော့ Snapdragon W5+ နဲ့ BES2700BP ကို အသုံး ပြုထားတာပဲ ဖြစ်ပါတယ်။ အားသွင်းစနစ်ကိုတော့ Magnetic Connecting Pin ကို အသုံး ပြုထားတာပဲ ဖြစ်ပါတယ်။

CMF Watch Pro by Nothing

အနာဂတ် စမတ် ကြီးစိုး

Apple Watch နဲ့ ဒီဇိုင်း ဆင်တူတဲ့ စမတ်နာရီမျိုးကို လိုချင်ပေမယ့် ဘတ်ဂျက် အများကြီး မသုံးချင်ဖြစ်နေပါသလား။ ဒါဆိုရင်တော့ CMF Watch Pro by Nothing ကို ရွေးချယ်သင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ တောင် မကျော်ပါဘူး။ ၇၉ ဒေါ်လာ တည်းပါ။ သူ့ကို iOS 13 နှင့် အထက် ဖုန်းများနဲ့ ချိတ်ဆက်ကာ အသုံးပြုနိုင်သလို Android 8.0 နှင့် အထက်ရှိတဲ့ နာရီများနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။

ကွီးတို့ရော အနာဂတ် မှာ စမတ် နာရီတွေသာ ကြီးစိုး လာမယ်ဆိုတာကို ယုံပါသလား။

အခုဖော်ပြသွားတဲ့ စမတ်နာရီတွေထဲက ဘယ်အမျိုးအစားကို နှစ်သက်ပါသလဲ။

Source: Techradar.com

Featured Image: Opumo.com