ကျန်းမာတဲ့ Healthy Relationship တစ်ခုမှာ အထိအတွေ့သည် အင်မတန်မှ အရေးကြီးပါတယ်။ အထိအတွေ့ မရှိတဲ့ အချိန်မျိုး ကြာလာတဲ့အခါမှာ ကွီးတို့သည် တဖြည်းဖြည်း ဝေးကွာသွားသလို ခံစားရမှာပါ။ အထူးသဖြင့် အနေဝေးနေတဲ့ ချစ်သူတွေဆီမှာ အထိအတွေ့သည် ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားတစ်ခုပဲ ဖြစ်ပါတယ်။ အနေဝေး နေတဲ့အတွက်ကြောင့် ချစ်တင်းနှော ဖို့တောင် မဆိုထားနဲ့ လက်ချင်း ကိုင်ချင်တာတောင် ကိုင်လို့ ရမှာမဟုတ်ပါဘူး။

ဒါဆိုရင် အနေဝေး တဲ့ ချစ်သူ စုံတွဲတွေသည် ချစ်တင်းနှော တဲ့အစား ဘာတွေ လုပ်လာကြသလဲ

couple messaging

သူတို့မှာ ရွေးချယ်စရာ မရှိတော့တဲ့ အတွက်ကြောင့် လေလှိုင်းပေါ်မှာ ဖုန်းပြောရင်းနဲ့ပဲ တစ်ယောက်ရဲ့ လိုအင်ဆန္ဒကို အခြားတစ်ယောက်က ဖြည့်ဆည်းပေးနေကြတာပဲ ဖြစ်ပါတယ်။ တချို့ကလည်း လေလှိုင်းပေါ်မှာ ၁၈ အပေါင်း စကားတွေ ပြောကြတာမျိုးကို အားမရကြတာကြောင့် ထိုနည်းလမ်းကို မရွေးချယ်ကြပါဘူး။

ကွီးတို့ အတွဲက ရွေးချယ်စရာ မရှိလို့ ဒီနည်းလမ်းကို အသုံးပြုရတယ် ဆိုလည်း ဒါသည် ပုံမှန်ပါပဲ။ ကွီးတို့ ကာယကံရှင် နှစ်ယောက်စလုံး အဆင်ပြေတယ် သက်သောင့်သက်သာ ဖြစ်တယ်ဆိုရင်တော့ ပြီးတာပါပဲ။

ဒီလိုမျိုး လေလှိုင်းပေါ်မှာ ဖုန်းပြောရင်းနဲ့ပဲ ဖြစ်စေ၊ မက်ဆေ့ချ် ပို့ရင်းနဲ့ပဲဖြစ်စေ၊ ဗွီဒီယိုကောလ် ခေါ်ပြီး လိုအင်ဆန္ဒတွေ ဖြည့်ဆည်းကြတဲ့အခါ ဆောင်ရန် ရှောင်ရန်လည်း ရှိပါသေးတယ်။ အခုဖော်ပြပေးမယ့် အချက်များကို သိထားမှသာလျှင် ကွီးတို့ နှစ်ဦးသားစလုံးအတွက် အဆင်ပြေမှာပါ။

လုံခြုံမှုကို ထည့်စဥ်းစားပါ

အနေဝေး ချစ်တင်းနှော

နည်းပညာပိုင်း တိုးတက်လာတာက ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးလည်း ရှိပါသေးတယ်။ ကောင်းကျိုးကတော့ ဘယ်အချိန်မဆို အွန်လိုင်းပေါ် တက်လိုက်တာနဲ့ မိုင်ပေါင်း ထောင်ချီကွာဝေးနေပါစေ အနီးကလေး ဖြစ်သွားတာပါ။ ဆိုးကျိုးကတော့ ကွီးတို့ရဲ့ အကောင့်ကို မသမာသူတွေက အလွယ်ကလေး Hack ပြီး ကွီးတို့ရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လောက်ပဲ ကွီးတို့ နှစ်ယောက်တည်း သိပါတယ်ပဲ ဆိုဆို အရေးကြီးပြီး လူသိမခံဝံ့တဲ့အရာတွေဆိုရင် အော်တိုဖျက်ပေးတဲ့ ဖန်ရှင်မျိုးကို အသုံးပြုတာ အကောင်းဆုံးပါပဲ။

တစ်ယောက်ကို တစ်ယောက် တစ်ကိုယ်ရည် အာသာဖြေပေးတဲ့အခါ

အနေဝေး ချစ်တင်းနှော

အနေဝေး တဲ့ ချစ်သူတွေအနေနဲ့ ချစ်တင်းနှော ဖို့ အခြေအနေ မပေးတဲ့အခါ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေတာမျိုးကိုပဲ တစ်ယောက်ကို တစ်ယောက် ကူညီပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဗွီဒီယို ကောလ်ပြောပြီး လိုအင်ဆန္ဒ ပြည့်ဖို့ သက်သောင့်သက်သာ မဖြစ်ဘူးဆိုရင်တော့ ဖုန်းနဲ့တင် ကိစ္စ ပြတ်နိုင်ပါတယ်။ တဖြည်းဖြည်း သက်သောင့်သက်သာ ဖြစ်လာမှသာ ဗွီဒီယိုဖွင့်ပြီး ပြောပေါ့ဗျာ။

အဝေးကနေ ထိန်းချုပ်နိုင်တဲ့ လူကြီး အရုပ်များကို အသုံးပြုပါ

အနေဝေး ချစ်တင်းနှော

အဝေးရောက် ချစ်သူစုံတွဲများအတွက် အဝေးကနေ ထိန်းချုပ်နိုင်တဲ့ လူကြီး အရုပ်တွေလည်း ရှိပါသေးတယ်။ ဒီအရုပ်တွေက ကွီးတို့ စုံတွဲအတွက် အသုံးတည့်ပါလိမ့်မယ်။ ကွီးတို့ နှစ်ယောက်သည် တစ်ပြိုင်နက်တည်းမှာပဲ ထိုအရုပ်များကို အသုံးပြုကာ ကိုယ့်ချစ်သူက ပြုစုပေးနေတဲ့အလား မြင်ယောင်ကြည့်ပြီး လိုအင်ဆန္ဒများကို ဖြည့်ဆည်းနိုင်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ရှော်တီလေးရဲ့ အဝေးမှာ ရောက်နေလို့ စိတ်ညစ်နေရတာလား။ ဒါဆိုရင်တော့ အခုဖော်ပြသွားတဲ့ နည်းလမ်းများကို အသုံးပြုကြည့်လိုက်ပါ။

Source: Wellandgood.com

Featured Image: Linkedin.com