လူ့စိတ် သဘောသဘာဝအရ ပုံမှန်ကရတာ ရိုးအီလာရင် အသစ်အဆန်း ဆိုတာလေးတွေကို တောင့်တကြပြီး ဆန်းဆန်းပြားပြား ကကွက်လေးတွေ ပြောင်းလဲ ကချင်ကြတာပါ။ လိင်မှုရေးရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ပုံမှန် ချစ်တင်းနှောရတာ ရိုးလာလို့ အဆန်းထွင်ပြီး အနောက်တံခါး တစ်နည်းအားဖြင့် စအိုနဲ့ ပြောင်းလဲချစ်တင်းနှောဖို့ စဉ်းစားနေတယ်ဆိုရင်တော့ သိကိုသိထားရမယ့် အချက်တွေ ရှိပါတယ်။ စအိုနဲ့ ချစ်တင်းနှော တဲ့အခါ အန္တရာယ်ကင်းကင်း Safe ဖြစ်စေဖို့ အောက်ဖော်ပြပါ အချက်လေးတွေကိုတော့ ကွီးတို့ သေချာပေါက် လိုက်နာဖို့ လိုပါမယ်။
(၁) ကွန်ဒုံး မဖြစ်မနေ အသုံးပြုပါ
Photo : SHD Medical
အန္တရာယ်ကင်းကင်း အနောက်တံခါး ကို ကျော်ဝင်နိုင်ဖို့ ပထမဆုံး လိုက်နာရမယ့် အရေးကြီးဆုံး အချက်တစ်ခုကတော့ ကွန်ဒုံး အကာအကွယ် အသုံးပြုဖို့ပါပဲ။ စအိုနဲ့ ချစ်တင်းနှော (Anal Sex) တာဟာ ကိုယ်ဝန်ရနိုင်ခြေ နည်းပေမယ့်လည်း အခြားလိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေထက်ကိုပိုပြီး လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ (STIs) ကူးစက် ခံရနိုင်ခြေ များပါတယ်။ ဒါကြောင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ် တားဆီးနိုင်ဖို့ စအိုနဲ့ ချစ်တင်းနှော တဲ့အခါ ကွန်ဒုံး မဖြစ်မနေ အသုံးပြုပေးပါ။
(၂) လက်သည်းတွေ ညှပ်ထား/တိထားပါ
Photo : The List
လက်တွေနဲ့ အနောက်တံခါး ကို နှိုးဆွမယ်ဆိုရင် အရင်ဆုံး လက်သည်းတွေကိုတော့ ညှပ်ထား/တိထားဖို့ လိုပါတယ်။ စအို ဧရိယာတဝိုက်ဟာ နူးညံ့ပြီး ထိရှလွယ်ကူလွန်းတဲ့အတွက် လက်သည်းတွေ ရှည်နေမယ်ဆိုရင် စအိုမှာ အနာနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ရစေနိုင်ပါတယ်။ ဒါက ရောဂါပိုးမွှား ကူးစက်မှုကို ပိုမိုလွယ်ကူစေတာကြောင့် Anal Sex လုပ်တဲ့အခါမှာ ဘေးကင်းလုံခြုံမှု ရှိစေဖို့ လက်သည်းတွေ ညှပ်ထား/တိထား ရပါမယ်။
(၃) ချောဆီလှိုင်လှိုင် သုံးပေးပါ
Photo : Greatist
စအိုဟာ မိန်းမကိုယ် ကဲ့သို့ သဘာဝ ချောဆီကို မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် အနောက်တံခါး ကို ဝင်ရောက်တဲ့အခါ ချောမွေ့လွယ်ကူမှု ရှိစေဖို့ ချောဆီကို သေချာပေါက် အသုံးပြုပေးရမှာပါ။ ချောဆီမသုံးရင် ပွတ်တိုက်ထိုးသွင်းမှု လုပ်ဆောင်တဲ့အခါ ဒဏ်ရာအနာတရ ဖြစ်စေပြီး ဝမ်းသွားစဉ်မှာ အလိုအလျောက် ပါလာတက်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေကနေတဆင့် ရောဂါပိုးတွေ အများကြီး ကူးစက်ပြန့်ပွား ခံရနိုင်ပါတယ်။ ဒီကနေတဆင့် အရေပြားအတွင်းပိုင်း ပိုးဝင်ခြင်းနဲ့ ပွန်းပဲ့ဒဏ်ရာတွေကတဆင့် အခြားသော ပြင်းထန်နာကျင်တဲ့ ပြည်တည်နာတွေကိုလည်း ဖြစ်စေနိုင်တာကြောင့် စအိုနဲ့ ချစ်တင်းနှောတဲ့အခါ ချောဆီများများ အသုံးပြုပေးဖို့ လိုပါတယ်။
(၄) မစခင်ကနေ ပြီးဆုံးချိန်အထိ ဂရုစိုက်ပါ
Photo : Hope Clinic | Beaumont
အမျိုးသမီးတို့ရဲ့ ပန်းဖူးလေးဟာ အင်မတန် နူးညံ့သိမ့်မွေပါတယ်။ အကြမ်းပတမ်းတွေ လုပ်လို့ အဆင်မပြေနိုင်ပါဘူး။ အဓိကအားဖြင့် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာရှိနေဖို့က သိပ်ကို အရေးကြီးပြီး စိတ်ရဲ့တင်းကြပ်မှုတွေ ပြေလျော့သက်သာမှု ရှိရှိနဲ့ အားလုံးရယ်ဒီ အဆင့်သင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စအိုနဲ့ ချစ်တင်းမနှော ခင်မှာ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ပြေလျော့စေဖို့ ရေခပ်နွေးနွေးလေးနဲ့ ရေချိုးတာ ၊ ကိုယ့်ပါတနာနဲ့ ညင်ညင်သာသာ နှိပ်နယ်ပေးတာ ၊ သာယာငြိမ့်ငြောင်းတဲ့ သီချင်းလေးတွေ ဖွင့်ထားတာ စတာတွေ လုပ်သင့်ပါတယ်။ ချစ်တင်းနှောပြီးနောက်မှာလည်း သန့်ရှင်းမှုရှိဖို့က အင်မတန်မှ အရေးကြီးတာကြောင့် ကိစ္စပြီးတဲ့အခါ ရေနွေးနွေးနဲ့ ဆပ်ပြာအပျော့စားကို အသုံးပြုပြီး စအိုနဲ့ ကန့်သတ်ဧရိယာတဝိုက်ကို ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ ရောဂါပိုးမွှားတွေကို ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ဖို့ ကူညီပေးမှာဖြစ်ပြီး ဘေးကင်းလုံခြုံမှုရှိရှိ ချစ်တင်းနှောနိုင်မှာ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : ABC