Anal Sex လို့ခေါ်တဲ့ စအိုနဲ့ ချစ်တင်းနှော တာဟာ ပုံမှန် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပေမယ့် လိုက်နာရမယ့် စည်းကမ်းချက်တွေ ရှိပါတယ်။ တကယ်တော့ စည်းကမ်းဆိုတာဟာ ကျန်းမာရေးရှုထောင့်အရ ကျင့်သုံးရမယ့် အလေ့အထတွေဖြစ်ပြီး စအိုနဲ့ ချစ်တင်းနှောပြီးနောက်မှာ ရောဂါပိုးမွှား ကူးစက်မှုမရှိစေဖို့နဲ့ အခြား လိင်ပိုင်းဆိုင်ရာ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အရေးကြီးဆုံး လိုက်နာရမယ့် အချက်ကတော့ စအိုနဲ့ ချစ်တင်းနှော ပြီးနောက်မှာ သန့်ရှင်းရေးကို မလွဲမသွေ လိုက်နာလုပ်ဆောင်ပေးဖို့ပါ။ ဒီဆောင်းပါးလေးမှာတော့ အနောက်တံခါး ကို ဖွင့်ပြီးတဲ့အခါ သန့်ရှင်းရေး ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး အသေးစိတ် မျှဝေပေးပါမယ်။

အနောက်တံခါး ကို ခရီးသွားပြီးတဲ့အခါ သန့်ရှင်းရေး လုပ်ပုံလုပ်နည်း အဆင့်ဆင့်………….

Couple

Photo : Newsweek

တကယ်‌တော့ စအိုနဲ့ ချစ်တင်းနှောပြီးမှ မဟုတ်ပါဘူး။ ချစ်တင်းမနှော ခင်ကတည်းက စအို ဧရိယာ တဝိုက်ကို ကောင်းမွန်စွာ သန့်ရှင်းရေး လုပ်ထားဖို့ လိုပါတယ်။ ဒါမှသာ ချစ်တင်းနှောချိန်မှာ အနံ့အသက်နဲ့ ဘက်တီးရီးယား ရောဂါပိုးမွှား ကူးစက်ခံရနိုင်ခြေ ရာခိုင်နှုန်း လျော့နည်းစေမှာ ဖြစ်ပါတယ်။ စအိုနဲ့ ချစ်တင်းနှောပြီးနောက်မှာလည်း သန့်ရှင်းရေး လုပ်ဖို့ သေချာပေါက်လိုအပ်ပါတယ်။ သန့်ရှင်ရေး လုပ်တဲ့အခါ ကြက်သီးနွေး ရေနဲ့ ဆေးကြောသန့်စင်ပါ။ လိင်အင်္ဂါ ဆေးကြောဖို့ သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတွေကလွဲရင် ဆပ်ပြာအသုံးပြုခြင်းကို လုံးဝရှောင်ရပါမယ်။ ဘာလို့ဆို စအို ဧရိယာတဝိုက်ဟာ ထိလွယ်ရှလွယ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နူးညံ့သိမ်မွေ့တဲ့ အရေပြားနေရာ ဖြစ်တာကြောင့် ဆပ်ပြာတွေအသုံးပြုတဲ့အခါ ပူစပ်ပူလောင်ဖြစ်တာ ၊ အဖုအပိန့်နဲ့ နီမြန်းယားယံတာတွေ ဖြစ်စေနိုင်လို့ပါ။ ချစ်တင်းနှောပြီးနောက်မှာတော့ ဝမ်းကျန်းမာရေးအတွက် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ စအိုနဲ့ စအိုလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။

Douching

Photo : FirstCry Parenting

အချို့ကလည်း Douches ကဲ့သို့ လိင်အင်္ဂါအတွင်းပိုင်း သန့်စင်ခြင်းအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကို သုံးပြီး စအိုအတွင်းပိုင်း သန့်ရှင်းရေး လုပ်ကြပါတယ်။ Douching လုပ်တာနဲ့ ပတ်သတ်ပြီး မတူညီတဲ့ အမြင်တွေ အမျိုးမျိုးရှိကြသလို အငြင်းပွားမှုတွေလည်း ရှိနေဆဲပါ။ Douching လုပ်တယ်ဆိုတာဟာ အလွယ်ဆုံးပြောရရင် ရေနဲ့လေတွန်းအား ကိရိယာကို အသုံးပြုပြီး စအိုကို ဆေးကြောသန့်စင်တဲ့ နည်းကိုခေါ်တာပါ။ ဒါဟာ ချစ်တင်းနှောပြီးနောက်မှာ စအိုကို သန့်စင်စေပြီး သက်တောင့်သက်သာ ဖြစ်စေတယ်လို့ အချို့က လက်ခံထားကြပေမယ့် အချို့ကတော့ အူလမ်းကြောင်းကို ထိခိုက်စေတာကြောင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပြီး ဆက်စပ် ရောဂါပိုးမွှားတွေ ကူးစက်နိုင်ခြေကို တိုးစေနိုင်တယ်လို့ ဆိုကြပါတယ်။ Douching နည်းနဲ့ သန့်စင်တာဟာ ချစ်တင်းနှောစဉ်အတွင်း စအိုဧရိယာတဝိုက်မှာ မစင်နဲ့ အခြား ဘက်တီးရီးယားတွေ ကြုံတွေ့ရနိုင်ခြေကို လျော့ကျစေနိုင်ပေမယ့် မတော်တဆ ပွန်းပဲ့ထိခိုက်နိုင်ခြေ များစေတာကြောင့် လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ကူးစက်ရောဂါ (STIs) အန္တရာယ်လည်း ရှိနေနိုင်တယ်ဆိုတာကို သတိပြုရပါမယ်။ Douching လုပ်တဲ့အခါ ရိုးရိုး ရေအေးအစား ခပ်နွေးနွေး ကြက်သီးနွေးရေကို အသုံးပြုတာဟာ ပိုပြီး သင့်လျော်တယ်လို့ ပြောရမှာဖြစ်ပြီး စအိုဧရိယာကို ပိုမိုသက်တောင့်သက်သာ ဖြစ်စေဖို့ ကူညီပေးပါလိမ့်မယ်။

Douching
Photo : Gendermed

နောက်ထပ် အသုံးများတဲ့ သန့်စင်နည်းတစ်ခုကတော့ Enema လို့ခေါ်တဲ့ ‌ဝမ်းချူဆေးရည် အသုံးပြုပြီး သန့်ရှင်းရေး လုပ်ပေးတာပါ။ ဒီနည်းက စအိုနဲ့ အူမကြီး လမ်းကြောင်းထဲကို ဝမ်းချူဆေးရည် ထိုးသွင်းပြီး စအိုနဲ့ အူလမ်းကြောင်းကို သန့်စင်ပေးတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီနည်းလမ်းကို ဆရာဝန်တွေက သီးသန့်ဆေးဘက်ဆိုင်ရာ အခြေအနေတွေအတွက်သာ ညွှန်းပါတယ်။ သို့သော် စအိုနဲ့ ချစ်တင်းနှော ပြီးနောက်မှာလည်း Enema နည်းနဲ့ သန့်ရှင်းရေး ကောင်းကောင်း လုပ်ဆောင်နိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကွီးတို့ အနောက်တံခါး ကို ဖွင့်ပြီးတဲ့အခါ ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး သိသွားလောက်ပြီ ထင်ပါတယ်။ ထွေထွေထူထူး အလုပ်ရှုပ်ရတဲ့ နည်းလမ်းတွေကို မလုပ်ချင်ဘူးဆိုရင်တောင် စအိုနဲ့ ချစ်တင်းမနှောခင်နဲ့ ချစ်တင်းနှောပြီးချိန်တွေမှာ ကြက်သီးနွေးရေနဲ့ သေချာလေး သန့်ရှင်းရေး လုပ်ဆောင်ပေးရင်ပဲ လုံလောက်ပါပြီ။

Source : Medical News Today

Featured Photo : Well+Good