လိင်မှုကိစ္စဆိုတာဟာ ကျွန်တော်တို့ သက်ရှိလူသားတွေရဲ့ ဘဝထဲက တစ်စိတ်တစ်ပိုင်း အရေးပါတဲ့ အရာတစ်ခုပဲ မဟုတ်လား။ ချစ်တင်းနှော ခြင်းကနေ သင်ရော သင့်ပါတနာ နှစ်ဦးစလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားမှု ပျော်ရွှင်ကြည်နူးစရာ အခိုက်အတန့်ကောင်းတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတိထားရမှာကတော့ ရောဂါပိုးမွှား ကူးစက်ပြန့်ပွားမှု ၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ချစ်တင်းနှောမှု ပုံစံတွေကို ရှောင်ရှားဖို့ လိုပါမယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ သတိထား ဆင်ခြင်ရမယ့် အန္တရာယ်ရှိတဲ့ ချစ်တင်းနှော မှု ပုံစံတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) အကာအကွယ်မဲ့ ချစ်တင်းနှောခြင်း

Couple in bed

Photo : Yahoo

ကွန်ဒုံး အကာအကွယ် မပါပဲ မိန်းမကိုယ် ၊ စအို ၊ ပါးစပ်တို့နဲ့ ချစ်တင်းနှော တာဟာ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေ အပါအဝင် HIV နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါတွေ (STDs) ကူးစက်ခံရနိုင်ခြေ များစေပါတယ်။ အတူနေစဉ်အတွင်းမှာ ခန္ဓာကိုယ်က ထွက်ရှိတဲ့ သွေးနဲ့ သုတ်ရည် ကဲ့သို့ အရည်တွေဟာ ဆက်ဆံဖော် ပါတနာနဲ့ သင့်ကြား အပြန်အလှန် ရောဂါပိုး ကူးစက်ပြန့်ပွားစေနိုင်သလို မထင်မှတ်ပဲ ကိုယ်ဝန်ရသွားနိုင်ခြေလည်း ရှိပါတယ်။ ဒါကြောင့် ချစ်တင်းနှောတိုင်းမှာ ကွန်ဒုံးလို အကာအကွယ် ပစ္စည်းတွေကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။

(၂) ဆက်ဆံဖော်များခြင်း

Couple in bed

Photo : HelpGuide.org

လိင်မှုကိစ္စ တက်ကြွသူတွေ ဒါမှမဟုတ် ဆက်ဆံဖော် ပါတနာတစ်ဦးထက်ပိုပြီး ရှိသူတွေဟာ HIV အပါအဝင် လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါတွေ (STDs) ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ အကြောင်းအရင်းကတော့ ဆက်ဆံဖော် အများကြီးနဲ့ ချစ်တင်းနှောမယ် သို့မဟုတ် ကျန်းမာရေး နောက်ကြောင်းရာဇဝင် သေချာမသိသူတွေနဲ့ အတူနေမိတဲ့အခါ အဆိုပါ လူတွေထဲက တစ်ဦးဦးဟာ HIV သို့မဟုတ် STDs ရောဂါပိုးတွေ ရှိနေမယ်ဆိုရင် သင့်ထံကို ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ရာခိုင်နှုန်းဟာ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ဆက်ဆံဖော်ပါတနာများခြင်းဟာ အန္တရာယ်ရှိတဲ့ ချစ်တင်းနှောမှု ပုံစံတွေထဲကတစ်ခုပဲ ဖြစ်ပါတယ်။

(၃) အနောက်တံခါးနဲ့ ချစ်တင်းနှောခြင်း

Couple in bed

Photo : AARP

Anal Sex လို့ခေါ်တဲ့ စအိုနဲ့ ချစ်တင်းနှော တာဟာ အမျိုးသားရော အမျိုးသမီးတွေအတွက်ပါ အန္တရာယ်များတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပြီး HIV နဲ့ အခြား လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါတွေ (STDs) ကူးစက်ပြန့်ပွားစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ စအို တဝိုက်က တစ်ရှုးတွေဟာ မိန်းမကိုယ်ထက် အများကြီး ပိုပါးလွှာပြီး ထိခိုက်လွယ်တာကြောင့် ထိုးသွင်းဆက်ဆံမှု လုပ်တဲ့အခါမှာ ပွန်းပဲ့ဒဏ်ရာတွေ ရနိုင်ခြေများပါတယ်။ ဒီကတဆင့် ရောဂါပိုးမွှားတွေ အလွယ်တကူ ကူးစက်ခံရနိုင်တာ ဖြစ်ပါတယ်။

(၄) မူးယစ်ဆေးသုံးစွဲပြီး ဆက်ဆံခြင်း

Couple in bed

Photo : BuzzFeed News

အကယ်၍ HIV ရောဂါပိုး ရှိသူနဲ့အတူတူ မူးယစ်ဆေးနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲမိပါက ပါတနာဆီကနေ သင့်ထံ ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။ မူးယစ်ဆေးသုံးတဲ့အခါမှာ အသုံးပြုတဲ့ ဆေးထိုးအပ် ၊ ရေ ၊ ပုလင်းအဖုံး ၊ ဇွန်းနဲ့ အခြား ဆက်စပ်ပစ္စည်းတွေမှာ စွန်းပေနေတဲ့ သွေးနဲ့ ခန္ဓာကိုယ်အရည်တွေကနေ တဆင့် ရောဂါပိုးမွှားတွေ ကူးစက်ပြန့်ပွား နိုင်တာပါ။ ဒါ့အပြင် မူးယစ်ဆေးသုံးစွဲ ထားတဲ့အတွက် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု အပါအဝင် အခြားသော အန္တရာယ်ရှိတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်မိနိုင်ခြေ ပိုများပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါတွေ (STDs) ကူးစက်ပြန့်ပွားနိုင်ခြေ များပါတယ်။

Source : Web MD

Featured Photo : BuzzFeed News