စအိုနဲ့ ချစ်တင်းနှောခြင်းဟာ ပုံမှန် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေထဲက တစ်ခုလို့ ထင်ရပေမယ့် ကွီးတို့ ရင်ဆိုင်ရမယ့် အန္တရာယ် များစွာ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ စအိုနဲ့ ဆက်ဆံခြင်းနဲ့ ဆက်စပ်နေတဲ့ ဆိုးကျိုး အန္တရာယ်တွေ အကြောင်း ရှင်းပြပေးပါမယ်။
(၁) ဒဏ်ရာ အနာတရ ရနိုင်တယ်
Photo : Dr Ben Medical
စအို ဧရိယာတဝိုက် အရေပြားဟာ နူးညံ့ပြီး ထိရှလွယ်ပါတယ်။ လိင်တံ ထိုးသွင်း ဆက်ဆံချိန်မှာ ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာကို ခံစားရနိုင်သလို အရေပြား ပွန်းပဲ့ဒဏ်ရာ ၊ စုတ်ပြဲ ဒဏ်ရာတွေကို ရနိုင်ပြီး အခန့်မသင့်ပါက သွေးထွက်နိုင်ခြေ ရှိပါတယ်။ စအိုနဲ့ ချစ်တင်းနှောချိန်မှာ နာကျင်မှု ဝေဒနာကို အထိုက်အလျောက် သက်သာစေပြီး ဒဏ်ရာ အနာတရ ရနိုင်ခြေကို လျှော့ချနိုင်ဖို့ ချောဆီ အသုံးပြုတာဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။
(၂) ရောဂါပိုး ကူးစက်ခံရနိုင်ခြေ များတယ်
Photo : Business Insider
စအိုနဲ့ ဆက်ဆံတာဟာ မိန်းမကိုယ်နဲ့ ဆက်ဆံတာထက် ရောဂါပိုး ကူးစက်နိုင်ခြေ ပိုများပါတယ်။ လေ့လာမှု တစ်ခုအရ စအိုနဲ့ လိင်ဆက်ဆံသူတွေမှာ HIV အပါအဝင် အခြား လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ မြင့်မားတယ်လို့ ဆိုထားပါတယ်။ အကြောင်းကတော့ စအိုအတွင်းရှိ တစ်သျှူးတွေဟာ ခန္ဓာကိုယ် အခြားပြင်ပ အစိတ်အပိုင်းတွေရဲ့ တစ်သျှူးတွေလို အပေါ်ယံ ဖုံးအုပ်ထားတဲ့ အကာအ ကွယ် ဆဲလ်အလွှာ မပါတဲ့အတွက် ထိုးသွင်းဆက်ဆံချိန်မှာ အလွယ်တကူ ပွန်းပဲ့ စုတ်ပြဲနိုင်ပြီး ရောဂါပိုး ကူးစက်နိုင်တာ ဖြစ်ပါတယ်။
(၃) ဝမ်းထိန်းဖို့ ခက်ခဲနိုင်တယ်
Photo : Dr Ben Medical
စအို တဝိုက်မှာ လက်စွပ်နဲ့ ကြွက်သားစိုင်တစ်ခု ရှိပါတယ်။ အဆိုပါ ကြွက်သားဟာ ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိပြီး အထူးသဖြင့် ဝမ်းသွားပြီးတဲ့နောက်မှာ တင်းကျပ်လာပါတယ်။ ကြွက်သားတွေ တင်းကျပ်နေချိန် ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါ ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာကို ခံစားရစေတာပါ။ စအို ကြွက်သားအတွင်းကို ကြိမ်ဖန်များစွာ ထိုးဖောက်ဝင်ချိန်မှာတော့ ကြွက်သားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေ လျှော့ကျပြီး ဝမ်းမထိန်းနိုင်တာ ၊ ဝမ်းမခိုင်တဲ့ ပြဿနာ ကြုံတွေ့ရနိုင်တာပဲ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : MedicalNewsToday