အားလပ်ရက်တွေမှာ အမိုက်စား မိုဘိုင်းလ်ဂိမ်းတွေ ကစားရင်း အပန်းဖြေချင်ပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ညိုကီတို့အတွက်ပါပဲ။ ဆက်လက်ပြီးတော့ Weekend တွေမှာ အပန်းဖြေရင်း အပီကစ်ဖို့ ဘယ်လို အမျိုးစုံသော ဂိမ်းတွေက အမိုက်စား ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်။
Mortal Kombat

Photo : Game DVA
ပထမဆုံးဖော်ပြပေးချင်တဲ့ မိုဘိုင်းလ်ဂိမ်းလေးကတော့ DC ပရိသတ်တို့ အကြိုက်တွေ့စေမယ့် ဂိမ်းလေးပါ။ ဒီဂိမ်းလေးမှာ ထူးခြားသော စွမ်းရည်များပါရှိတဲ့ ကွန်ဆိုးလ်ဇာတ်ကောင် ၁၁ ကောင်ကို အသုံးပြုကာ အဖွဲ့ဖွဲ့ပြီး ကစားနိုင်ပါတယ်။ ထူးခြားသော ပေါင်းစပ်မှုများကို အသုံးပြုပြီး အထူးတိုက်ခိုက်မှု အင်္ဂါရပ်များနှင့် အစွမ်းထက်သော ရှေးဟောင်းပစ္စည်းများကို ရှာဖွေကာ ကစားရမှာဖြစ်ပြီး ရန်သူများလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ရင်သပ်ရှုမောဖွယ် Graphics တွေ၊ စိန်ခေါ်မှုများနဲ့ စိတ်လှုပ်ရှားဖွယ် ကစားရမှာပါ။
Injustice: Gods among Us

Photo : The Cryd’s Daily
ကလေးဘဝကစပြီး ကွီးတို့အကြိုက်ဆုံး စူပါဟီးရိုးက ဘယ်သူပါလဲ။ ကိုယ်အကြိုက်ဆုံး စူပါဟီးရိုးများနဲ့ စိတ်လှုပ်ရှားဖွယ် တိုက်ပွဲတစ်ခု ဆင်နွှဲချင်ပါသလား။ ဒါဆိုရင်တော့ နောက်ထပ် DC မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်တဲ့ Injustice: Gods among Us ရှိပါတယ်။ ဒီဂိမ်းမှာ အဆင့်များစွာ ပါဝင်ပြီး အဆင့်တိုင်းမှာ ဇာတ်ကောင်များကို အဆင့်မြှင့်ပြီး ဂိမ်းကိုအနိုင်ရအောင် ကစားရမှာ ဖြစ်ပါတယ်။
Empires & Puzzles: Epic Match 3

Photo : MEmu
ဒီဂိမ်းကတော့ RPG တိုက်ခိုက်ရေး၊ ကဒ်စုဆောင်းမှု၊ အခြေစိုက်စခန်း တည်ဆောက်မှုတို့ ပါဝင်ပြီး ရိုးရှင်းသော်လည်း နက်နဲသော နည်းဗျူဟာ ဂိမ်းအတွေ့အကြုံကို ရရှိနိုင်ပြီး စိတ်ဝင်စားဖွယ် ကစားရမှာပါ။ သူရဲကောင်းများကို အဆင့်မြှင့်ခြင်း၊ ဂိမ်းမှာ လက်နက်များဖန်တီးခြင်း စသည်တို့အပြင် ကစားသမားများအနေဖြင့် အွန်လိုင်းစီးနင်း တိုက်ခိုက်မှုများမှာလည်း ပါဝင်နိုင်ပါတယ်။
Crash Bandicoot On The Run

Photo : Games Rader
ဘော်ဒါတွေနဲ့ပါ အပီကစ်ဖို့ဆိုရင်တော့ Multiplayers ကစားလို့ရတဲ့ Bandicoot On The Run ဆိုတဲ့ ဂိမ်းလေး ရှိပါတယ်။ ဒီဂိမ်းဟာ အပြေးဂိမ်းတစ်ခုဖြစ်ကာ ပိုမိုဆန်းသစ်သော အတားအစီးတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်ရမှာ ဖြစ်ပြီး စိတ်ဝင်စားစရာ ဇာတ်ကောင်လေးတွေနဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
Dead by Daylight

Photo : Epics Games
Horror ဆန်ဆန် မိုဘိုင်းလ်ဂိမ်းတွေမှ အကြိုက်တွေ့တတ်တဲ့ ကွီးတို့အတွက် Dead by Daylight ဆိုတဲ့ ဂိမ်းလေးကို ကစားကြည့်ပါ။ ဒီဂိမ်းမှာ ကစားသမားများက ဇာတ်ကောင်အမျိုးမျိုးကို ရွေးချယ်နိုင်ပြီး အသက်ရှင်ကျန်ရစ်သူများအဖြစ် ကစားမလား သို့မဟုတ် ကိုယ်တိုင် လူသတ်သမားအဖြစ်ကစားမလား စိတ်ကြိုက်ရွေးချယ် နိုင်ပါတယ်။ ထို့အပြင် ကစားသမားများက Ghost Face၊ Michael Myers နှင့် Amanda Young တို့အပါအဝင် အထင်ရှားဆုံးရုပ်ရှင် လူသတ်သမားအချို့ကို မိမိကစားမယ့်ဇာတ်ကောင် အဖြစ်ရွေးချယ်နိုင်ပါတယ်။
Traffic Rider

Photo Amazon UK
အားလပ်ရက်မှာ အပန်းဖြေရင်း အပီကစ်ဖို့ ဆိုင်ကယ်မောင်း ရတာလည်း လုံးဝကို မိုက်ပါတယ်။ ဒီဂိမ်းမှာ ကိုယ်ကြိုက်နှစ်သက်ရာ ဆိုင်ကယ်ကို ရွေးချယ်ပြီး အချိန်မကုန်မီ ပြိုင်ပွဲကို အပြီးသတ်ရန်နှင့် အခြားကားများနဲ့ မတိုက်မိစေဖို့ သတိထားရမှာ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ် ၂၉ စီးမှ ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်ပြီး အသံပိုင်းဆိုင်ရာမှာလည်း တကယ့်ဆိုင်ကယ် အသံများဖြစ်တာကြောင့် ဂိမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။ ဒါ့အပြင် Graphic တွေကလည်း အမိုက်စားပါပဲ။
အခုဖော်ပြပေးလိုက်တဲ့ မိုဘိုင်းလ်ဂိမ်းတွေက Android ရော iOS မှာပါ ကစားလို့ ရတာကြောင့် ကွီးတို့ ကြိုက်တဲ့ ဂိမ်းသာ ဥထားပြီး အပီကစ်လိုက်တော့ဗျို့။
Source : Techigem
Featured Photo : Warner Bros
