ပေါင်းသင်းဆက်ဆံရေးက လူတစ်ယောက်အတွက် အရေးကြီးပါတယ်။ ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် အပေါင်းအသင်း ဝင်ဆံ့ပြီး လူချစ်လူခင်များသူတွေဟာ သာမန်လူတွေထက် အခွင့်အရေးကောင်းတွေ ပိုရလေ့ရှိကြပါတယ်။ ကွီးတို့အနေနဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အဆင် ပြေချောမွေ့ပြီး ခင်မင်သူများတဲ့ အပေါင်းအသင်း ဝင်ဆံ့ တဲ့ လူတစ်ယောက်ဖို့ နည်းလမ်းကောင်း တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံပါ

Photo : ForeverStrong

လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ ဆက်ဆံပါ။ ကိုယ့်အပေါ် အမြင်မကြည်သူတောင် တစ်ချိန်ချိန်မှာ ကိုယ့်ကိုခင်ခင်မင်မင် ဖြစ်လာပါလိမ့်မယ်။

(၂) အဆိုးမြင်ဝါဒီသမား မဖြစ်ပါစေနဲ့


Photo : HuffPost UK

အဆိုးမြင်ဝါဒီသမားတွေက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အခက်အခဲ ရှိပါတယ်။ လူအများစုကတော့ အဆိုးမြင်လွန်းသူ ၊ ဝေဖန်လွန်းသူ ၊ ဆရာကြီး လုပ်ချင်လွန်းသူမျိုးကို ဘယ်တော့မှ သဘောမကျပါဘူး။

(၃) အလေးပေးပါ


Photo : LinkedIn

လေးစားမှုနဲ့ အသိအမှတ်ပြုခြင်းဟာ လူတွေရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့ အချက် ဖြစ်ပါတယ်။ လူတိုင်းဟာသူတို့ရဲ့ ဖြစ်တည်မှုနဲ့ ဖြတ်သန်းခြင်းကို အသိအမှတ်ပြုစေချင်တဲ့စိတ်ရှိတတ်ပါတယ်။ အဲဒီလူတွေရဲ့ ဆန္ဒကို ဖြည့်ပေးလိုက်ပါ။ အရေးကြီးတယ်လို့ သူတို့ကိုယ် အသိပေးလိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုပါ သူတို့ရဲ့ အတွင်းစည်းထဲ ဝင်ခွင့်တောင်းလိုက်တာ ဖြစ်ပါတယ်။

(၄) နှစ်လိုဖွယ် အပြုံးရှိပါစေ


Photo : Focused Collection

လူတိုင်းပြုံးတတ်ပါတယ်။ ပြုံးဖို့ဆိုတာလည်း သိပ်မခက်ပါဘူး။ စိတ်နှစ်ပြီး တကယ် ခင်မင်နှစ်လိုတဲ့စိတ်အခံနဲ့သာ လူတွေကို ပြုံးပြ နှုတ်ဆက်တတ်ပါစေ။ လူတွေဟာကိုယ်တိုင်သာ တစ်နေ့တစ်ခါလောက် ပြုံးဖြစ်ချင်မှ ပြုံးဖြစ်မယ်။ အပြုံးကို သဘောမကျတဲ့သူရယ်လို့ မရှိပါဘူး။

(၅) ကိုယ့်ရဲ့ စရိုက်ကောင်းကို ထုတ်ပြပါ


Photo : Medium

လူတွေမှာ စိတ်ကောင်းစေတနာကောင်းတို့ ၊ လေးစားစရာ ပင်ကိုယ်အရည်အသွေးကောင်းတွေ ရှိကြပါတယ်။ အဲဒီ Character ကောင်းတွေကို ဖွံ့ဖြိုးအောင်လုပ်ပါ။ ဥပမာ မကောင်းတဲ့ အရာတစ်ခုကို မကောင်းဘူးပြောဖို့ ရဲရင့်ရိုးသားစွာ ပြောရဲတာမျိုးဟာ လူတွေ သဘောကျလေးစားရတဲ့ အကြောင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဂုဏ်ရည်ကောင်းတွေ အသုံးချပါ။

Featured Photo : Spalding Today