ကွီးတို့ရဲ့ စကီလေးနဲ့ အပေးအယူ မျှ မျှ ချစ်တင်းနှော ဖို့အတွက်ဆိုရင်တော့ မဖြစ်မနေ သိထားရမယ့် လျှို့ဝှက်ချက်များရှိပါတယ်။ ဒီလျှို့ဝှက်ချက်များကို သိထားမယ်ဆိုရင်တော့ ကွီးတို့သည် ချစ်တင်းနှော တဲ့အခါ ပြီးပြည့်စုံတဲ့ ခံစားချက်ကို ခံစားရမှာပဲဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အပေးအယူ မျှခြင်းသည် Healthy Sex Life ရဲ့ အရေးအကြီးဆုံး တစ်ချက်ပဲဖြစ်ပါတယ်။ တစ်ယောက်က အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း အတင်းအကြပ် လုပ်ယူခြင်းသည် လိင်အကြမ်းဖက်ရာ ရောက်တယ်ဆိုတာကို သတိကပ်သင့်ပါတယ်။ တစ်ယောက်က အဆင်သင့်ဖြစ်တဲ့အထိ စောင့်သင့်ပြီး အပေးအယူ မျှမျှနဲ့ ချစ်တင်းနှော ခြင်းသည် ကွီးတို့အတွက် အိမ်ထောင်ရေးသုခကို ဆောင်ကျဥ်းပေးမှာပဲဖြစ်ပါတယ်။
အပေးအယူမျှမျှနဲ့ ချစ်တင်းနှောဖို့ဆိုရင်တော့ ကွီးတို့သည် တစ်ကိုယ်ကောင်း မဆန်တတ်ဖို့ လိုအပ်ပါတယ်။
(၁) ကွီးတို့ စကီလေးရဲ့ အကြိုက်ကို မေးမြန်းပါ
ကိုယ့်ရှော်တီလေးက အကြမ်းပတမ်းမျိုးကို ကြိုက်တာလား၊ နုနုရွရွလေးကို ကြိုက်နှစ်သက်သလားဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ သူ့အကြိုက် ကိုယ့်အကြိုက်ကို သိထားမှ နှစ်ဦးသားစလုံး အပေးအယူမျှမှာ မဟုတ်လား။ နို့မဟုတ်ရင်တော့ နှစ်ယောက်သားက အပေါက်အလမ်း တည့်မှာမဟုတ်ဘဲ ရေရှည်မှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။
(၂) အသစ်အဆန်းလေးတွေကို အတူတူ ပြုလုပ်ကြည့်ပါ
ကျနော်တို့တွေသည် အသစ်အဆန်းသော အရာကို ကြုံတွေ့ရတဲ့အခါမှာ ခန္ဓာကိုယ်ထဲရှိ ဒိုပါမင်လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထွက်ပေါ်လာပြီးက ကွီးတို့ရဲ့ ခံစားချက်တွေကို အမြင့်ဆုံးသို့ ရောက်ရှိအောင် ပို့ဆောင်ပေးပါလိမ့်မယ်။ ဒီလို ပြုလုပ်ပေးခြင်းအားဖြင့် ချစ်တင်းနှော နေစဥ်မှာ စိတ်လှုပ်ရှားမှုကို ခံစားရစေနိုင်ပါတယ်။ ဘယ်လိုမျိုး အသစ်အဆန်းတွေ ဖန်တီးရမလဲဆိုတော့ ကိုယ့်ရဲ့ အိမ်ထဲမှာ ချစ်တင်းနှော တဲ့အခါမှာ အိပ်ခန်းထဲမှာပဲ ချစ်တင်းနှောမယ့်အစား ဧည့်ခန်း၊ ရေချိုးခန်း စသည်ဖြင့် နေရာပြောင်းကြည့်ပါ။
(၃) ကွီးတို့ ရင်ခွင်ထဲမှာ သူ(မ)က ပွတ်သီးပွတ်သပ်နဲ့ ချွဲတတ်အောင် ကြိုးစားကြည့်လိုက်ပါ
သူ(မ)ဘက်က ကွီးဘေးနားကို အရင်ကပ်လာပြီး ကြောင်လေး တစ်ကောင်လို ပွတ်သီးပွတ်သပ်နဲ့ ချွဲနွဲ့နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဂရုစိုက်မှု၊ ယုယထွေးပွေ့မှုကို လိုချင်နေလို့ပဲ ဖြစ်ပါတယ်။ သူ(မ)ရဲ့ အပြုအမူတွေကို ကြည့်ပြီး စိတ်ပါနေတယ်ဆိုရင်တော့ ကွီးအတွက် အခြေအနေကောင်းနေပါပြီ။ ဆက်လက် ရှေ့ဆက်ဖို့ကတော့ ကွီးတို့ တာဝန် ဖြစ်သွားပါပြီ။
ကွီးတို့ကောင်မလေး စိတ်ပါလာအောင် ပွတ်သီးပွတ်သပ် ပြုလုပ်ပေးပါ။ ဒါမှ သူ(မ)ဘက်ကလည်း စိတ်ပါလာအောင် နာကျင်မှုမရှိဘဲ နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်တင်းနှော နိုင်မှာပဲဖြစ်ပါတယ်။ အစပျိုးဖို့အတွက် အချိန်ယူပါ။ လောလော လောလော ပြုမူစရာမလိုပါဘူး။
(၄) သူ(မ)ကို ချီးမွမ်းပါ
ဖဲမွေ့ရာထက်မှာ နှစ်ဦးသား ပျော်မြူးနေချိန်မှာ ကွီးတို့ ရှော်တီက ကွီးတို့ကို အစွမ်းကုန် ပြုစုယုယပေးမှာပါပဲ။ သူ(မ)ရဲ့ အပြုစု အယုယတွေ ခံပြီးတဲ့နောက်မှာ သူ(မ)ကိုရော ချီးမွမ်းဖူးရဲ့လား။ အာရုံ ခံစားမှုတွေ အထွပ်အထိပ် ရောက်နေချိန်မှာ ကိုယ့်ရဲ့ နှုတ်ဖျားကနေ သူ(မ)ကို ချီးမွမ်းပေးဖို့ လိုအပ်ပြီး နှစ်ဦးသားစလုံး ပြီးမြောက်တဲ့အခါ နှစ်ကိုယ်ကြား တီးတိုးပြောချိန်မှာလည်း ချီးမွမ်းပေးဖို့ လိုအပ်ပါတယ်။
ဒီလို အချက်လေးတွေကို ပြုမူပြီး ချစ်တင်းနှောမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေးက ကွီးတို့ကိုသာ တမ်းတမ်းစွဲနေမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်ရှော်တီလေးနဲ့ အပေးအယူ မျှစွာ ချစ်တင်းနှော နေရဲ့လား။
Source: Menshealth
Featured Image: Freepik