အားလပ်ချိန်တွေကို ဂိမ်းလေးတွေ ဆော့ရင်း အနားယူအပန်းဖြေရတာကြိုက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ အပျင်းပြေ ဆော့လို့ရမယ့် အမိုက်စား ဂိမ်း ၅ ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အပစ်အခတ် အတိုက်အခိုက် Action ဂိမ်းတွေ ၊ ဂိမ်းအကြီးတွေ မဆော့ချင်ဘူး ၊ ပေါ့ပေါ့ပါးပါး ပျော်စရာဂိမ်းလေးတွေ ဆော့ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ဂိမ်း ၅ ခုက ကွီးတို့အကြိုက်နဲ့ ကွက်တိကျစေမှာပါ။ ကဲဒါဆို ဘယ်ဂိမ်းတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) Trading Master 3D-Fidget Pop

Photo : AppAdvice
Trading Master 3D ဂိမ်း ကတော့ လုံးဝမိုက်တဲ့ Simulation ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ချစ်စရာကောင်းတဲ့ 3D ရုပ်ကြွ အရာဝတ္ထုလေးတွေနဲ့ အရုပ်တွေကို Trade လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းပြီး လူကြီးတွေရော ကလေးတွေပါ ဆော့လို့ရမယ့် ဂိမ်း လေးပဲ ဖြစ်ပါတယ်။
(၂) Fruit Ninja

Photo : MacRumors
ငယ်ငယ်ကဆော့ခဲ့တဲ့ အသီးခွဲတဲ့ ဂိမ်းလေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။ လက်သွက်သွက်နဲ့ အသီးတွေခွဲရင်း အမှတ်များများ ရအောင် ယူရမယ့် ပျော်စရာဂိမ်းလေးပါ။ Fruit Ninja ဂိမ်းလေးက ကမ္ဘာပေါ်မှာ ဒေါင်းလုဒ်အများဆုံးနဲ့ လူကြိုက်အများဆုံး ဂိမ်း စာရင်းမှာ ပါဝင်ပါတယ်။
(၃) Ludo King

Photo : Unity
Ludo King ကတော့ ဒစ်ဂျစ်တယ် Ludo Board ဂိမ်းတစ်ခု ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ချိတ်ဆက်ကစားနိုင်ပြီး သူ့မှာ Voice Chat လုပ်လို့ရမယ့် Feature လည်း ပါပါတယ်။
(၄) Among Us
Photo : Epic Games
Among Us ဂိမ်းလေးကတော့ လူငယ်တွေ တော်တော်များများ သိပြီးသားဖြစ်တဲ့ Multiplayer ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Player ၁၅ ယောက်အထိ ပါဝင်ကစားနိုင်တဲ့အတွက် သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ဆော့လို့ရတဲ့ အမိုက်စား ဂိမ်းလေးပါ။ ဒီဂိမ်းလေးကို Playstation 4 ၊ Play Station 5 ၊ Xbox Series X/S နဲ့ Xbox One တွေမှာလည်း ဆော့လို့ ရပါတယ်။
(၅) Bridge Race

Photo : Games.lol
Bridge Race ဆိုတဲ့ 3D ဂိမ်းလေးကိုတော့ Supersonic Studios က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက ဂိမ်းချစ်သူတွေကြားမှာ တော်တော်လေးရေပန်းစား လူကြိုက်များပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ အရောင်တူ အတုံးလေးတွေကို စုပြီး တံတားတည်ဆောက်ကာ ဖြတ်သွားရမှာပါ။ ပေါ့ပေါ့ပါးပါး စိတ်ဝင်စားဖို့ကောင်းတဲ့ အမိုက်စား ဂိမ်းလေးတစ်ခုပါပဲ။
Featured Photo : Epic Games

