တစ်ခါတစ်ရံမှာ ဘာဆိုဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိဘူးလို့ ခံစားရတဲ့ အချိန်တွေ ရှိတက်ပါတယ်။ ဒါဟာ လူတိုင်းနီးပါး ဖြစ်လေ့ဖြစ်ထ ရှိတက်သလို တစ်ခါတစ်လေမှာတော့ ဘာမှမလုပ်ချင်ပဲ စိတ်လေနေတဲ့ အချိန်တွေကြာလာရင် တဖြည်းဖြည်းနဲ့ အပျင်းရောဂါစွဲကပ် လာတက်ပါတယ်။ အပျင်းရောဂါစွဲကပ် နေမိပြီဆိုရင်တော့ ကွီးတို့ရဲ့ နေ့စဉ်ဘဝမှာ လုပ်နိုင်ကိုင်နိုင်စွမ်းတွေ ကျဆင်းလာပြီး အဘက်ဘက်က ဆိုးကျိုးတွေ ၊ ပျက်ယွင်းမှုတွေသာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အပျင်းရောဂါ စွဲကပ် နေပြီလို့ ကိုယ့်ကိုယ်ကိုယ် ခံစားရပါက အောက်ပါနည်းလမ်းလေးတွေနဲ့ တိုက်ထုတ်လိုက်ပါ။

(၁) ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါ

Mindfulness Man

Photo : Mindfulness Exercises

အပျင်းရောဂါ စွဲကပ်နေပြီလို့ သံသယရှိရင် အရင်ဆုံး လုပ်ရမှာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့ပါပဲ။ တစ်ခါတစ်ရံမှာ စိတ်ရောလူရော ပင်ပန်းပြီး ဘာမှမလုပ်နိုင်တဲ့ အချိန်တွေရှိတက်ပါတယ်။ ဒီလိုအချိန်မှာဆိုရင်တော့ သင့်ကိုသင် ကောင်းကောင်းအနားပေးဖို့ လိုမှာပါ။ မဟုတ်ရင် အခြေအနေပိုဆိုးနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ အမှန်တကယ် ပျင်းရိနေတာ ၊ တက်ကြွမှုမရှိတာဆိုရင်တော့ သေချာပါတယ် သင်ဟာ အပျင်းရောဂါ စွဲကပ်ခံနေရတာ ဖြစ်ပြီး ချက်ချင်းရပ်တန့်ဖို့ လိုပါပြီ။

(၂) အစီအစဉ် ဆွဲပါ

Plan

Photo : Kanban Zone

ပျင်းရိနေတဲ့ စိတ်တွေကို ရပ်တန့်ပြီး လုပ်စရာရှိတာတွေကို စလုပ်တော့မယ်ဆိုရင် အစီအစဉ်တစ်ခု စဆွဲဖို့ လိုပါတယ်။ မဟုတ်ရင် ဘယ်ကနေ ဘယ်လိုစပြီး လုပ်ရမလဲမသိ ဖြစ်တက်ပြီး ပိုကြောင်ပျောက်နိုင်ပါတယ်။ ဒါကြောင့် ဘယ်အရာတွေက သင့်အနေနဲ့ ဦးစားပေး လုပ်ဖို့လိုလဲ ၊ ဘာတွေကိုတော့ ဒုတိယဦးစားပေးလုပ်မယ် ဆိုတာ စသည်ဖြင့် ကန့်သတ်ပိုင်းခြားပြီး Plan တစ်ခု ရေးဆွဲလုပ်ဆောင်လိုက်ပါ။ အပျင်းရောဂါ ရပ်တန့်သွားမှာ သေချာပါတယ်။

(၃) သေးသေးလေးတွေက စလုပ်ပါ

Wooden Cubes

Photo : Personal Excellence

မဖြစ်မနေ လုပ်ရမယ့် အရာတွေကလွဲရင် တာဝန်အရမ်းကြီးတဲ့ အရာတွေ ၊ ဟဲဗီးဖြစ်တဲ့ အစီအစဉ်တွေကိုတော့ ပထမဆုံးစလုပ်မလုပ်ဖို့ အကြံပေးချင်ပါတယ်။ သေးသေးမွှားမွှားနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ အရာတွေကို စလုပ်ပါ။ ဥပမာ ဘာမှမလုပ်ချင်ပဲ အိပ်ရာထဲမှာခွေနေမိတယ်ဆိုရင် အိမ်သန့်ရှင်းကနေ စလုပ်တာမျိုး ၊ ပန်းပင်ရေလောင်းတာမျိုး ၊ အဝတ်လျော်တာမျိုး စတဲ့ ပေါ့ပေါ့ပါးပါး အရာတွေကနေ စတင်သင့်ပါတယ်။ ဒါမှသာ သင့်ရဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေ ၊ တက်ကြွမှုတွေ ပိုမိုရရှိလာပြီး နောက်ထပ် ကြီးမားတဲ့ အရာတွေကို လုပ်ဆောင်ဖို့ စိတ်အားတက်ကြွစေမှာပါ။

(၄) ရည်မှန်းထားတဲ့ အနာဂတ်ကို ပုံဖော်ကြည့်ပါ

Woman
Photo : Destinations International

လူတိုင်းလူတိုင်း ကိုယ့်စီ ဘဝရည်မှန်းချက်တွေ ၊ အနာဂတ်အိပ်မက်တွေ ရှိမယ်ထင်ပါတယ်။ စာရေးသူတို့ အားလုံးဟာ ကိုယ့်အိပ်မက် အနာဂတ်ပန်းတိုင်စီ ရောက်ဖို့ ကြိုးစားနေရင်း လမ်းတဝက်မှာပဲ ရပ်တန့်ချင်စိတ်တွေ ၊ လက်လျော့ချင်စိတ်တွေ ၊ ပျင်းရိစိတ်တွေ စသည့်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့ဆက်လျှောက်လှမ်းဖို့ ကြန့်ကြာနေတာ ၊ ရပ်တန့်နေတာမျိုး ဖြစ်နိုင်ပါတယ်။ အပျင်းရောဂါ စွဲကပ်လို့ပဲ ဖြစ်ဖြစ် ၊ အခြားအကြောင်းအရင်း တစ်ခုခုကြောင့် ရပ်တန့်နေမိတာပဲ ဖြစ်ဖြစ် ဒီလိုအခြေအနေမှာ ကိုယ်အစမှာ ရည်မှန်းထားတဲ့ အနာဂတ်ကို ပြန်လည် ပုံဖော်ကြည့်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကို ဘာကြောင့်စလုပ်ခဲ့တာလဲ ၊ လိုချင်တဲ့ အနာဂတ်ဘဝက ဘာလဲဆိုတာကို ထင်ထင်ရှားရှား ပြန်လည်မြင်နိုင်လာရင် ရှေ့ဆက်လျှောက်လှမ်းဖို့အတွက် အားသစ်တွေ တဖန်ပြန်ရစေမှာ ဖြစ်ပါတယ်။

Source : Verywell Mind

Featured Photo : Inc. Magazine