အကာအကွယ်မပါပဲ လိင်ဆက်ဆံတဲ့အချိန် သုတ်လွှတ်ခါနီးမှာ လိင်တံကို မိန်းမကိုယ်ပြင်ပသို့ ဆွဲထုတ်ပြီး သုတ်လွှတ်တဲ့နည်းလမ်းကို Pull-out Method လို့‌ ခေါ်ပါတယ်။ ဒီနည်းဟာ ကိုယ်ဝန်မရစေဖို့ ရှောင်ရှားရာမှာ အသုံးများကြပါတယ်။ သို့သော်လည်း ဒါဟာ စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခု မဟုတ်သလို HIV ၊ လိင်အင်္ဂါရေယုန် အပါအဝင် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါအန္တရာယ်တွေ ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန် ရနိုင်ခြေကို တားဆီးကာကွယ်ဖို့အတွက် အပြင်မှာပြီး တဲ့ Pull-out Method ထက် ပိုပြီး ယုံကြည်စိတ်ချရတဲ့ သန္ဓေတားနည်းတွေကို ပြောပြပေးပါမယ်။

(၁) ကွန်ဒုံး

condom
Photo : Health

နည်းမှန်လမ်းမှန် အသုံးပြုမယ်ဆိုရင် ကွန်ဒုံးဟာ ကိုယ်ဝန်ရနိုင်ခြေနဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး သန္ဓေတားနည်းတစ်ခု ဖြစ်ပါတယ်။ ကွန်ဒုံး အသုံးပြုနေပါလျက်နဲ့ ကိုယ်ဝန်ရသွားတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါ။ မတော်တဆ ကွန်ဒုံးပေါက်ပြဲတာ ၊ ကွန်ဒုံးကို စနစ်တကျ အသုံးမပြုတာ စတဲ့ အချက်တွေကြောင့်ပဲ ကိုယ်ဝန်ရနိုင်ခြေရှိတာ ဖြစ်ပါတယ်။

(၂) အရေးပေါ် သန္ဓေတားဆေး

The emergency after-pill
Photo : Heald Green Pharmacy

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၇၂ နာရီအတွင်းမှာ အရေးပေါ် သန္ဓေတားဆေးသောက်မယ်ဆိုပါက ကိုယ်ဝန်ရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အရေးပေါ် သန္ဓေတားဆေးဆိုတဲ့အတိုင်း မတော်တဆ ကွန်ဒုံးပေါက်ပြဲတာ သို့မဟုတ် ကြိုတင်မျှော်လင့်မထားပဲ အကာအကွယ်မဲ့ ဆက်ဆံမိတာ စတဲ့ အရေးပေါ် အခြေအနေတွေမှသာ သောက်သင့်ပြီး ပုံမှန် တားဆေးတစ်ခုလို သောက်မယ်ဆိုပါက ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းမညီမျှမှုနဲ့ အခြားသော ဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်ပါတယ်။

(၃) လစဉ်သန္ဓေတားဆေး

regular oral contraceptive pills
Photo : WebMD

နေ့စဉ်ပုံမှန် ၁ လချင်းသောက်ရတဲ့ သန္ဓေတားဆေးပါ။ ကွန်ဒုံးနဲ့ဖြစ်စေ အပြင်မှာပြီး သည်ဖြစ်စေ ဒီနည်းလမ်းကို တွဲပြီးအသုံးပြုလို့ ရပါတယ်။ လစဉ်သန္ဓေတားဆေး သောက်တဲ့ နည်းလမ်းကို အသုံးပြုသူတွေဟာ မတော်တဆ ကိုယ်ဝန်ရနိုင်ခြေ ၇ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း နည်းပြီး ကိုယ်ဝန်ရနိုင်ခြေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ‌

(၄) သားအိမ်အတွင်းထည့်ကိရိယာ (IUD)

IUD
Photo : NHS inform

An Intrauterine Device (IUD) လို့ခေါ်တဲ့ T-shaped ကိရိယာကို အမျိုးသမီးတွေရဲ့ သားအိမ်အတွင်းကို ထည့်ထားခြင်းဖြင့် သန္ဓေတားပေးတဲ့ နည်းလမ်း ဖြစ်ပါတယ်။ သားအိမ်အတွင်းထည့်ကိရိယာ (IUD) နဲ့ သန္ဓေတားတဲ့ နည်းလမ်းဟာ သောက်ဆေးတွေလို နေ့စဉ်ပုံမှန် သောက်သုံးရတာမရှိလို့ အလုပ်ရှုပ်သက်သာစေပြီး ကိုယ်ဝန်ရနိုင်ခြေကိုလည်း ထိရောက်စွာ ကာကွယ်ပေးပါတယ်။

Source : Healthshots

Featured Photo : The Sun