ကော့တေးလ် ဆိုတာကတော့ အရသာထူးကဲ ဆန်းကြယ်ပြီး သောက်လို့ကောင်းတဲ့ အဖျော်ယမကာတစ်မျိုးပဲ ဖြစ်ပါတယ်။ ဝီစကီ ၊ ရမ် ၊ ဗော့ဒ်ကာ စသည်ဖြင့် ယမကာ တစ်မျိုးမျိုးနဲ့ အသီးဖျော်ရည်တွေကို ရောထည့် ဖျော်စပ်ထားတဲ့ အရသာ ချိုချိုမွှေးမွှေးနဲ့ ပေါ့ပေါ့ပါးပါး သောက်လို့ကောင်းတဲ့ Drink တွေ ဖြစ်ပါတယ်။ ကော့တေးလ်ကို အရသာ ခပ်ပေါ့ပေါ့မဟုတ်ပဲ ပြင်းပြင်းရှရှနဲ့ ထိထိမိမိရှိတဲ့ အရသာမျိုး ကြိုက်တဲ့ ကွီးတို့အတွက်လည်း အပြင်းစား ကော့တေးလ်တွေ ရှိပါတယ်။ ဒီတစ်ခါမှာတော့ ယမကာဆို ခပ်ပြင်းပြင်းမှ ကြိုက်ကြတဲ့ ကွီးတို့ အပြင်းစား ကော့တေးလ်တွေကို ပြောပြပေးချင်ပါတယ်။
(၁) Zombie
Photo : Food For Net
Zombie ဆိုတဲ့ နာမည်နဲ့ ဆန့်ကျင်ဘက်လို့ ပြောရလောက်တဲ့အထိ စွဲမက်စရာ အရောင်အဆင်း အနံ့အရသာတို့နဲ့ ပြည့်စုံတဲ့ သောက်ချင်စဖွယ် ကော့တေးလ် တစ်ခွက် ဖြစ်ပါတယ်။ ရမ်နဲ့ အဓိက ဖျော်စပ်ထားပြီး ဂရိတ်ဖရုသီး ဖျော်ရည် ၊ သံပုရာရည် ၊ သစ်ကြမ်းပိုး Syrup တို့ပါဝင်တဲ့ ချိုချဉ်ပြင်းရှ ရသာထူးလှတဲ့ ကော့တေးလ် တစ်မျိုး ဖြစ်ပါတယ်။
(၂) Long Island Iced Tea

Photo : Food For Net
Long Island Iced Tea ကို အမြင်အားဖြင့် သိပ်မပြင်းတဲ့ ကော့တ်တေးတစ်ခွက်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ဘာလို့ဆို ဒီကော့တ်တေးမှာ ဂျင် ၊ ဗော့ဒ်ကာ ၊ တက်ကီလာ ၊ ရမ် ၊ Triple Sec တို့လို အယ်လ်ကိုဟော 40 % နဲ့ အထက်ပါတဲ့ ယမကာ ၅ မျိုးနဲ့ Syrup ၊ သံပုရာ ၊ ကိုလာ တို့ကိုရောစပ် ဖျော်ထားတာပါ။ ကော့တ်တေးဆိုတာထက် Iced Tea တစ်ခွက်နဲ့ ပိုတူပြီး ထူးခြားစွဲမက်စရာ အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။
(၃) Aunt Roberta

Photo : Food For Net
ဒီကော့တ်တေးကတော့ Long Island Iced Tea လိုပဲ ပါဝင်တဲ့ အမယ်တွေ အတော်လေးစုံပါတယ်။ ဂျင်၊ ဗော့ဒ်ကာ၊ ဘရန်ဒီ ၊ ဘလက်ဘယ်ရီ ဖျော်ရည် နဲ့ Absinthe တို့ အဓိက ပါဝင်ပါတယ်။ အယ်လ်ကိုဟော 45 % နဲ့ အထက်ပါဝင်တဲ့ ယမကာ အမျိုးအစားတွေနဲ့ ဖျော်စပ်ထားပြီး အရောင်အားဖြင့်လည်း စွဲမက်စရာကောင်းတဲ့ အပြင် ချိုချိုပြင်းပြင်းနဲ့ ထိရှတဲ့ ကော့တ်တေး အရသာကို ခံစားရရှိမှာ ဖြစ်ပါတယ်။
(၄) Negroni

Photo : Food For Net
Negroni ကတော့ အီတလီစတိုင် Classic ကော့တ်တေး ဖြစ်ပါတယ်။။ လှပတဲ့ အသွင်အပြင်နဲ့ အရသာလည်းရှိသလို ခပ်ပြင်ပြင်းမှ သောက်တက်တဲ့ ကွီးတို့လည်း အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ ဂျင် ၊ Campari နဲ့ Vermouth စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးနဲ့ အဓိက ဖျော်စပ်ထားပြီး လိမ္မော်ခွံနဲ့ အလှဆင်သောက် ရပါတယ်။ ခါးသပ်ချိုမြိန်ပြီး အသီးအနံ့သင်းသင်းလေးမွှေးတဲ့ ပြင်းပြင်းရှရှအရသာ အမိုက်စား ကော့တ်တေး တစ်ခွက် ဖြစ်ပါတယ်။
Featured Photo : Food & Wine Magazine

