ယုံကြည်ချက် အပြည့် နဲ့ လုပ်ဆောင်မှ ရမယ့်အရာတွေထဲမှာ ချစ်တင်းနှော ခြင်းသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ် သံသယ ဝင်မိတာမျိုး (သို့) ကိုယ့်ရဲ့ ပစ္စည်း အရွယ်အစားကြောင့် စိတ်မလုံမခြုံ ဖြစ်နေတာမျိုးတွေ ကြုံတွေ့ရတဲ့အခါမှာ ထိုစိန်ခေါ်မှုတွေကို မြန်မြန် ကျော်လွှားပစ်ဖို့ လိုအပ်ပါတယ်။
အဓိက အရေးကြီးတာသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့် နဲ့ ချစ်တင်းနှော ဖို့ပါပဲ။ ကွီးတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိသေးရင် အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ တည်ဆောက်ယူနိုင်ပါတယ်။
ချစ်တင်းနှောတဲ့အခါ ကွီးတို့ ရှော်တီလေးဆီမှာပဲ စိတ်နှစ်မြှုပ်ထားပါ
ကွီးတို့ကို စိတ်မလုံ မခြုံ ဖြစ်စေမယ့် အရာတွေကို မတွေးပါနဲ့။ သူ(မ)နဲ့ အတူတူ ချစ်တင်းနှော ရတာသည် ကွီးတို့အတွက် သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ အရာတစ်ခုအဖြစ် သတ်မှတ်ထားဖို့ လိုအပ်ပြီး အများကြီး ကြိုးစား အားထုတ်နေစရာ မလိုအပ်ဘူးဆိုတာကို သတိရလိုက်ပါ။
အချိန်ကြာစေမယ့် နည်းလမ်းကို အသုံးပြုပါ
ကွီးတို့က ပြီးမြောက်တော့မယ်လို့ ယူဆတဲ့အချိန်မှာ ပြီးမြောက်မသွားအောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ပုရိသထုတော်တော်များများကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာအောင် ကူညီပေးတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အမျိုးသားများအနေနဲ့လည်း ပြီးမြောက်ဖို့အတွက် စွဲလမ်းနေတော့မှာ မဟုတ်ဘဲ ကိုယ့်ချစ်သူနဲ့ ချစ်တင်းနှောရတဲ့ အပေါ်မှာ သာယာကြည်နူးမှုကို ခံစားရမှာပဲ ဖြစ်ပါတယ်။
အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါ
ချစ်တင်းနှောခြင်းသည် ကြိုတင် မခန့်မှန်းနိုင်တဲ့အရာတစ်ခုပါ။ ကွီးတို့အတွက် ပြီးပြည့်စုံတဲ့ ချစ်တင်းနှောခြင်းမျိုး မပိုင်ဆိုင်နိုင်အောင် ဟန့်တား နှောင့်ယှက်နေမယ့် အရာတွေလည်း ရှိပါသေးတယ်။ ဥပမာ ဆိုကြပါစို့၊ ကွီးတို့ ညီလေးက ပင်ပန်းလွန်းလို့ မနိုးကြားကာ ခေါင်းမထောင်နိုင်တော့တာမျိုး၊ ကွန်ဒုံး သုံးပေမယ့်လည်း ပေါက်ပြဲသွားတာမျိုး၊ ကိုယ့်ရဲ့ ပါတနာကို တံတောင်နဲ့ တိုက်မိတာမျိုး အစရှိတဲ့ မတော်တဆမှုများ (သို့) ကံမကောင်းမှုတွေလည်း ကြုံတွေ့ရနိုင်ပါသေးတယ်။ ဒါ့ကြောင့် အဆိုးရွားဆုံး အခြေအနေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။
လေ့ကျင့်ခန်း ပြုလုပ်ပါ
မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ သုတေသန လေ့လာချက်များအရ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကွီးတို့ရဲ့ ညီလေး ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပြီး ညီလေး အချိန်ကြာကြာ နိုးကြားနေအောင် ကူညီပေးပါတယ်။ ကွီးတို့ရဲ့ ဖဲမွေ့ရာထက်က စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာအောင် ကူညီပေးနိုင်ပါတယ်။
စာဖတ်ပါ
ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိဖို့အတွက် စာများများ ဖတ်ဖို့လည်း လိုအပ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ လိင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာမျိုးတွေပါ။ ဘယ်လိုမျိုး အကာအကွယ်ကို အသုံးပြုရင် နှစ်ယောက်စလုံးအတွက် အဆင်ပြေမလဲ၊ ဘယ်လိုမျိုးဆိုရင် နှစ်ဦးသားစလုံးသည် ကျန်းကျန်းမာမာနဲ့ ရောဂါပိုး ကူးစက်ခံရမယ့် အဖြစ်မျိုးကနေ ကင်းဝေးမလဲ စတာတွေကို သိရှိနားလည်မှာပဲ ဖြစ်ပါတယ်။ လိင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာမျိုးတွေ ပိုင်ဆိုင်ထားနိုင်မှသာလျှင် မလိုလားအပ်တဲ့ ရောဂါဘယများရဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော လိင်ကျန်းမာရေး ပညာပေးတွေအကြောင်း သိရှိထားပြီးပြီလား။
Source: Mensjournal.com
Featured Image: ifeelmuchbetter.com