ချစ်တင်းနှောတာဟာ လိင်စိတ်ဆန္ဒ ပြေလျော့စေဖို့ သပ်သပ်မဟုတ်ပဲ ကျန်းမာရေး Side အရကြည့်ရင်လည်း ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ ဒါတွေကို ပါးစပ်ပြော နေရုံနဲ့တော့ ကွီးတို့ လက်တွေ့ ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကွီးတို့ ကိုယ်တိုင် အမှန်တကယ် ချစ်တင်းနှော ကြည့်မှ သိနိုင်မယ့် ကောင်းကျိုးတွေ အကြောင်း ဒီဆောင်းပါးမှာ ပြောပြပေးပါမယ်။

(၁) ဆီးကျိတ်ကင်ဆာ အန္တရာယ်လျော့သွားမယ်

Your Risk of Prostate Cancer May Drop

Photo : Eat This Not That

ဆီးကျိတ်ကင်ဆာဆိုတာ အမျိုးသားတိုင်း စိုးရိမ်ရတဲ့ ကင်ဆာရောဂါတစ်ခုပါ။ သတင်းကောင်းကတော့ ပုံမှန် ချစ်တင်းနှော လေ့ရှိတဲ့ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေတယ်လို့ ဆိုားပါတယ်။ လေ့လာမှုတစ်ခုအရ တစ်လလျှင် ၄ ကြိမ်ကနေ ၇ ကြိမ်ခန့် သုတ်လွှတ်တဲ့ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုထားပါတယ်။

(၂) ကိုယ်ခံစွမ်းအားတွေ ကောင်းလာမယ်

Your Immune System Gets a Boost

Photo : Eat This Not That

ပုံမှန် လိင်မှုဆိုင်ရာ လှုပ်ရှားမှု ရှိတဲ့သူတွေဆိုရင် တော်ရုံတန်ရုံ နာမကျန်းဖြစ်တာ ၊ ဖျားနာတာတွေ မဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ တစ်ပတ်လျှင် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်ခန့် ချစ်တင်းနှော တဲ့ အမျိုးသားတွေမှာ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုတဲ့ သွေးဖြူဥတွေကို ပိုမိုထုတ်လုပ်စေပြီး အလားတူ ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ Immunoglobin ထုတ်လုပ်မှုကို မြှင့်တင်ပေးတာကြောင့် ဖြစ်ပါတယ်။

(၃) စိတ်ဖိစီးမှုတွေ သက်သာစေမယ်

Your Stress Levels Plummet

Photo : Eat This Not That

Healthy Sex Life တစ်ခုကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေဟာ ပိုပြီး အသက်ရှည်ကျန်းမာလေ့ ရှိတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ချစ်တင်းနှော ခြင်းဟာ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို လျော့ပါးသက်သာစေပြီး Oxytocin နဲ့ Endorphins တို့လို ခံစားချက် ကောင်းမွန်စေတဲ့ ဟော်မုန်းဓာတ်တွေကို ပိုမိုထုတ်လွှတ်ပေးတာကြောင့် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနည်းပါးတဲ့ နေထိုင်မှုပုံစံဟာ သွေးပေါင်ချိန်ကို မှန်စေပြီး နှလုံးကျန်းမာရေးကိုလည်း အထောက်အကူ ပြုပါတယ်။

(၄) အိပ်စက်ချိန်တွေ မှန်လာမယ်

You’ll Start to Sleep Better

Photo : Eat This Not That

ညဘက်မှာ နှစ်ခြိုက်စွာနဲ့ အိပ်မောကျချင်တယ်ဆိုရင်တော့ ချစ်တင်းနှော တာဟာ သဘာဝ အိပ်စက်တစ်ခွက်လို့ ပြောလို့ရပါတယ်။ ချစ်တင်းနှောခြင်းကနေ အထွတ်အထိပ် ခံစားမှု အော်ဂဇင် ရရှိတာဟာ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေကို ပြေလျော့သက်သာစေပြီး ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ချစ်တင်းနှောတာဟာ ကွီးတို့ရဲ့ အိပ်စက်မှု စက်ဝန်းကို မှန်ကန်စေပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်စေမယ့် အိပ်ဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်။

Source : Eat This Not That

Featured Photo : AsiaOne