Running လုပ်ရင် သီချင်းလေးနဲ့ ပိုပြီး တက်ကြွမှုရှိတာပါဆိုတဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ အပြေးလေ့ကျင့်ခန်း လုပ်နေချိန်မှာ နားထောင်သင့်တဲ့ အမိုက်စား သီချင်းတွေကို မျှဝေပေးချင်ပါတယ်။ အပြေးသမား မှန်ရင်တော့ အခုပြောပမယ့် သီချင်းတွေကို သေချာပေါက် ဖုန်းထဲထည့်ထား သင့်ပါတယ်နော်။ ကဲဒါဆို ဘယ်သီချင်းတွေ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်ပါ။

(၁) Nonstop – Felix Jaehn ft. KIDDO

Source : Felix Jaehn

Felix Jaehn နဲ့ KIDDO တို့ရဲ့ Nonstop သီချင်းလေးကတော့ လုံးဝ မြူးမြူးကြွကြွနဲ့ Running လုပ်နေချိန်မှာ နားထောင်လို့ကောင်းမယ့် အပြေးသမား တွေ အကြိုက် သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၂) Under The Sun – Ella Henderson x Switch Disco (with Alok)

Source : Ella Henderson

နောက်ထပ် သီချင်းအမြူးလေး တစ်ပုဒ်ကတော့ Under The Sun ပါ။ Ella Henderson နဲ့ Switch Disco တို့ရဲ့ ပူးပေါင်းဖန်တီးမှု ဖြစ်ပါတယ်။ ခပ်မိုက်မိုက် ခပ်မြူးမြူးလေးမလို့ အပြေးသမား တွေ အတွက်တော့ ကွက်တိပါပဲ။

(၃) Mountains – Jonas Blue x Galantis x Zoe Wees

Source : Jonas Blue

Jonas Blue ရဲ့ Mountains သီချင်းလေးကိုလည်း အားကစားသမားတွေ သေချာပေါက် အကြိုက်တွေ့မယ်လို့ ယုံကြည်ပါတယ်။

(၄) Only Way Is Up – Robin Schulz ft. Izzy Bizu

Source : Robin Schulz

Robin Schulz နဲ့ ft. Izzy Bizu တို့ရဲ့ Only Way Is Up သီချင်းလေးကလည်း တော်တော်လေး ပျော်စရာကောင်းပြီး စိတ်အားတက်ကြွစေမယ့် မြူးမြူးကြွကြွ သီချင်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

(၅) 21 Reasons – Nathan Dawe x Ella Henderson

Source : Nathan Dawe

Nathan Dawe နဲ့ Ella Henderson တို့ရဲ့ 21 Reasons သီချင်းကတော့ ထွက်တာ ၂ နှစ်လောက်ရှိပြီဆို‌တော့ သိတဲ့သူတွေလည်း သိပြီးသား ဖြစ်မယ် ထင်ပါတယ်။ Beat / စည်းချက်တွေက လုံးဝ Bounce ဖြစ်တာကြောင့် အပြေးသမား တွေ လုံးဝ ကြိုက်နှစ်သက်မှာပါ။

(၆) Crazy What Love Can Do – David Guetta x Becky Hill x Ella Henderson

Source : David Guetta

Crazy What Love Can Do ကတော့ အထွေအထူး ညွှန်းစရာမလိုအောင် ရှယ်မိုက်တဲ့ သီချင်းလေးပါ။ David Guetta ၊ Becky Hill နဲ့ Ella Henderson တို့ရဲ့ ပူးပေါင်း ဖန်တီးမှု လက်ရာဖြစ်ပါတယ်။

(၇) Do It Again – Ray Dalton

Source : Ray Dalton

Do It Again ကတော့ အမေရိကန် အဆိုတော် Ray Dalton ရဲ့ မြူးမြူးကြွကြွ သီချင်းလေးပါ။ Running လုပ်နေချိန်နဲ့ လုံးဝ ကွက်တိပါပဲ။

(၈) Body Talk – Ofenbach x SVEA

Source : Ofenbach

Ofenbach နဲ့ SVEA တို့ရဲ့ Body Talk သီချင်းလေးကတော့ သီချင်းရော MTV ပါ လုံးဝအမိုက်စားပါ။ ကွီးတို့ ခံစားနားဆင် ကြည့်လိုက်ပါဦး။

အခုရွေးချယ်တင်ဆက်ပေးခဲ့တဲ့ သီချင်းလေးတွေကတော့ မြူးမြူးကြွကြွနဲ့ အပြေးသမား‌ တွေ သေချာပေါက် အကြိုက်တွေ့ စေမယ့် သီချင်းကောင်းလေးတွေပါပဲ။ ကွီးတို့ရော Running လုပ်နေချိန် ဘယ်လိုသီချင်းတွေ နားထောင်ဖြစ်မလဲဆိုတာ ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။

Source : Klangspot Recordings

Featured Photo : Runner’s World