ကွီးတို့ရဲ့ မွေးရာပါ ပစ္စည်းက ကွီးတို့ရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့ ပစ္စည်းက အပြည့်အဝ နိုးကြားလာဖို့နဲ့ သုတ်ပိုးများ ထုတ်လွှတ်နိုင်ဖို့၊ မျိုးပွားနိုင်ဖို့ ဆိုတာထက် များစွာ အရေးကြီးပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ အဖိုးတန် ပစ္စည်းကို မှဲ့ တစ်ပေါက် မစွန်းထင်းရလေအောင် ဂရုစိုက်သင့်ပါတယ်။

ကွီးတို့ရဲ့ အဖိုးတန် ပစ္စည်းက မှဲ့ တစ်ပေါက် မစွန်းထင်းဖို့ဆိုရင် ဂရုစိုက်ရမယ့်အချက်တွေက အများကြီးပါပဲ။ မတော်လို့ တစ်စုံတစ်ရာ ချို့ယွင်းသွားခဲ့သည်ရှိသော် စိတ်ဖိစီးမှု များလာခြင်း၊ အိမ်ထောင်ရေး ပြဿနာများ ကြုံတွေ့ရခြင်းနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းသွားခြင်း အစရှိသည်တို့ကို ခံစားရတတ်ပါတယ်။

ဘယ်လို လက္ခဏာတွေက ကွီးတို့ ညီလေးမှာ ပြဿနာ ကြုံနေရကြောင်း ဖော်ပြနေသလဲဆိုတာ သိပါသလား

man penis health

ကွီးတို့သည် လိင်ဆက်ဆံနေချိန်မှာ ကွီးတို့ရဲ့ ညီလေးက မထောင်မတ်လာနိုင်တဲ့ အခြေအနေမျိုး ကြုံတွေ့ဖူးပါသလား။ ဒီအခြေအနေမျိုးကတော့ ပန်းသေ ပန်းညှိုးသွားတဲ့ အဖြစ်မျိုးပဲဖြစ်ပါတယ်။ ဒီလက္ခဏာမျိုး ကြုံတွေ့နေရတဲ့အခါ ဆရာဝန်ထံ အမြန်ဆုံး သွားပြသင့်ပါတယ်။​

နောက်လက္ခဏာကတော့ ပုံမှန်မဟုတ်တဲ့ သုတ်ပိုး ထုတ်လွှတ်ခြင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ကွီးတို့ညီလေးက သုတ်ပိုး မထုတ်လွှတ်နိုင်ခြင်း၊ သုတ်ပိုး နည်းနည်းသာ ထုတ်လွှတ်ခြင်း၊ အထွတ်အထိပ် မရောက်သေး၊ အချိန်မကျသေးဘဲနဲ့ စောစီးစွာ သုတ်ပိုး ထုတ်လွှတ်ခြင်း၊ သုတ်ပိုး ထုတ်လွှတ်ဖို့ ကြန့်ကြာခြင်း၊ သုတ်ပိုး ထုတ်လွှတ်တဲ့အချိန်မှာ နာကျင်မှုကို ခံစားရခြင်းနှင့် သုတ်ပိုးက ဆီးလမ်းကြောင်းကနေတဆင့် ဆီးအိတ်ထဲ သုတ်လွှတ်မိခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။

အထက်ဖော်ပြပါ လက္ခဏာများအပြင် ကွီးတို့ ညီလေးက ပုံမှန်ထက် မခံမရပ်နိုင်အောင် ယားယံခြင်း၊ လိင်မှတဆင့် ကူးစက်တတ်တဲ့ လက္ခဏာများ ခံစားနေရကြောင်း သံသယ ရှိလာတဲ့အခါမျိုးမှာ ကွီးတို့ ညီလေးသည် ကျန်းမာရေး ပြဿနာ ကြုံတွေ့နေရကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို ပိုမိုဆိုးရွားလာစေတဲ့ တရားခံတွေက ဘယ်သူတွေလဲ

အဖိုးတန် မှဲ့

ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို ဆိုးရွားစေတဲ့ တရားခံတွေက အများကြီးပဲ ရှိပါတယ်။ တချို့ကိုတော့ ပြောင်းလဲနိုင်ပေမယ့် တချို့ကိုတော့ မပြောင်းလဲနိုင်ပါဘူး။

နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကိုလက်စတော မြင့်မားခြင်း၊ အဝလွန်ရောဂါ အစရှိတဲ့ ရောဂါများသည်လည်း ကွီးတို့ ရွှေပန်း ညှိုးသွားမယ့် ရာခိုင်နှုန်းကို တွန်းပို့နေပါတယ်။

စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျရောဂါနှင့် အခြားသော စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ ရောဂါများသည်လည်းပဲ ကွီးတို့ရဲ့ ညီလေးအပေါ် ဆိုးကျိုးတွေ ခံစားရအောင် တွန်းပို့နေတတ်ပါတယ်။

ညဘက် အိပ်မပျော်တဲ့အတွက်ကြောင့် အိပ်ဆေးများကို ပုံမှန် မှီဝဲနေရခြင်း၊ သွေးကျဆေးများ မှီဝဲရခြင်း၊ စိတ်ကျန်းမာရေးကြောင့် ဆေးများ သောက်သုံးရခြင်း၊ အစာအိမ်နာနှင့် ဆီးကျိတ်ကင်ဆာရောဂါတို့ကြောင့် သောက်သုံးရတဲ့ ဆေးဝါးများ၊ အစား စားချင်စိတ်ကို လျော့ကျစေတဲ့ ဆေးဝါးများသည်လည်းပဲ ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို ဆိုးဝါးစေပါတယ်။

ကွီးတို့ အဖိုးတန် ပစ္စည်းလေး မှဲ့ တစ်ပေါက် မစွန်းထင်းရလေအောင် ဘယ်လို ပြုမူနေထိုင်ရမလဲ

အဖိုးတန် မှဲ့

လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံး အသုံးပြုပါ (သို့) ကွန်ဒုံး မသုံးချင်ပါက ကျန်းမာရေး စစ်ဆေးမှုအရ လိင်မှတဆင့် ကူးစက်ထားတဲ့ ရောဂါ မရှိတဲ့ ပါတနာ တစ်ယောက်တည်းနဲ့သာ လိင်ဆက်ဆံခြင်း တို့ကို ပြုလုပ်ရပါမယ်။ လိုအပ်တဲ့ ကာကွယ်ဆေးများကိုလည်း ထိုးထားရမှာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှု ဘဝကို ရရှိပိုင်ဆိုင်နိုင်အောင် နေ့စဥ် ကြိုးစားရမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးသူများအနေနဲ့ကလည်း ဆေးလိပ် ဖြတ်ရမှာဖြစ်ပြီး ဘော်ဒါ အပေါင်းအသင်းတွေနဲ့ TGIF ကြတဲ့အခါမှာလည်း အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ်ဝါးဖြစ်သာ မှီဝဲဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပြီး အိပ်စက်မှု စက်ဝန်းကိုလည်း မှန်ကန်အောင် ပြုလုပ်သင့်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ အဖိုးတန် ပစ္စည်း ကျန်းမာနေဖို့အတွက် အခုဖော်ပြသွားတဲ့ လူနေမှု ဘဝ ပုံစံအတိုင်း နေထိုင်နိုင်ရဲ့လား။

Source: Mayoclinic.org

Featured Image: Freepik