စအိုနဲ့ လိင်ဆက်ဆံတာဟာ ဘေးကင်းပါရဲ့လား ? လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ အကာအကွယ် မပါရင် နောက်ဆုံးတွဲ အန္တရာယ်တွေ ကြုံကိုကြုံရ နိုင်ပါတယ်။ စအိုနဲ့ ဆက်ဆံခြင်းဟာ မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေ နည်းတယ်ဆိုပေမယ့် လိင်မှုတဆင့် ကူးစက်တက်တဲ့ ရောဂါတွေနဲ့ အခြားသော ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အကာအကွယ်မပါပဲ အနောက်တံခါး ဖွင့်မယ်ဆိုရင် ကွီးတို့ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်တွေကို ပြောပြပေးပါမယ်။

(၁) စအိုတဝိုက်က တစ်သျှူးတွေ ပျက်စီးနိုင်တယ်

Photo : Businessday

စအိုဟာ မိန်းမကိုယ်နဲ့ မတူကွဲပြားတဲ့ အချက်တွေ အများကြီးပါ။ အထူးသဖြင့် လိင်ဆက်ဆံဖို့အတွက် သင့်လျော်တဲ့ ဖွဲ့စည်းတည်ဆောက်မှုပုံစံ မရှိပါဘူး။ ဒါကြောင့် လိင်တံထိုးသွင်းတဲ့အခါမှာ စအိုပြွန်အတွင်းမှာရှိတဲ့ စအို တစ်သျှူးတွေကို ပွန်းပဲ့ပျက်စီး စေနိုင်ပါတယ်။

(၂) လိင်မှတဆင့် ရောဂါပိုး ကူးစက်ခံရနိုင်ခြေ များတယ်

Vocal Media

Photo : STDs

စအိုတဝိုက်က တစ်သျှူးတွေဟာ ဆက်ဆံချိန်မှာ အလွယ်တကူ ပွန်းပဲ့ပျက်စီးတက်တာကြောင့် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ များပါတယ်။ ဒါကြောင့် အကာအကွယ် မဖြစ်မနေ သုံးဖို့ လိုပါတယ်။

(၃) HPV ဗိုင်းရပ်စ် အမြင့်ဆုံး ကူးစက်ခံရနိုင်တယ်

human papillomavirus (hpv)

Photo : Health365.sg

အကာအကွယ်မပါပဲ အနောက်တံခါး ကို ဝင်မယ်ဆိုရင် လိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်ပိုး အမြင့်ဆုံး ကူးစက်ခံရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ပိုးဟာ စအိုကင်ဆာနဲ့ စအိုကြွက်နို့ ရောဂါ ၂ မျိုးလုံးကို သယ်ဆောင်လာနိုင်ပြီး အမျိုးသားတွေမှာ ဆိုရင် လိင်တံကင်ဆာ ၊ အမျိုးသမီးတွေမှာဆိုရင် သားအိမ်ခေါင်း ကင်ဆာရောဂါတွေအထိ ဆက်စပ်ဖြစ်ပွားနိုင်ပါတယ်။

(၄) ပုံမှန်မဟုတ်တဲ့ နာကျင်ခြင်း ၊ သွေးထွက်ခြင်းတွေ ဖြစ်နိုင်တယ်

Anal Pain
Photo : Midwest Hemorrhoid Treatment Center

စအိုဟာ မိန်းမကိုယ်ကဲ့သို့ သဘာဝချောဆီ မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် ထိုးသွင်းဆက်ဆံချိန်မှာ ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာ ခံစားရနိုင်သလို စအိုတဝိုက်က တစ်သျှူးတွေ ပေါက်ပြဲပြီး သွေးထွက်နိုင်ပါတယ်။ တကယ်တော့ ထိုးသွင်းဆက်ဆံချိန်မှာတင်မကပါဘူး။ ဆက်ဆံပြီးနောက်ပိုင်းအထိ ပုံမှန်မဟုတ်တဲ့ နာကျင်ခြင်း ၊ သွေးထွက်ခြင်းတွေ ကြုံရနိုင်ပါတယ်။

Source : Thehealthsite

Featured Photo : ABC News