ဒီနေ့ခေတ်မှာ နည်းပညာတွေ မြင့်မားလာတာနဲ့ အမျှ လူသားတို့အတွက် အသုံးဝင်စေမယ့် စွမ်းဆောင်ရည်မြင့် နည်းပညာသုံး အသုံးအဆောင်တွေကလည်း တိုးတက်များပြား လာပါတယ်။ ထိုအထဲမှာ Smart Speaker တွေကလည်း အပါအဝင်ပါပဲ။ Smart Speaker လေးတွေက ကွီးတို့ တစ်ခုခုလုပ်နေရင်း အပြန်အလှန် စကားပြောချင်လို့ ဖြစ်စေ၊ တစ်ယောက်တည်း ပျင်းနေချိန် စကားပြောဖော်ဖြစ်စေ အဖော်ပြုပေးနိုင်ပါတယ်။ ၎င်းတို့ကို ကိုယ်သိချင်တဲ့ အကြောင်းအရာများ၊ သတင်းအပ်ဒိတ်များ၊ မိုးလေဝသခန့်မှန်းချက်များနဲ့ ကျပန်းအချက်အလက်များကို မေးမြန်းနိုင်ပြီး တရားထိုင်ခြင်း၊ စာဖတ်ခြင်း စတာတွေကိုလည်း ကူညီပေးနိုင်ပါတယ်။
Smart Speaker လေးတွေက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရတဲ့ပုံစံမျိုးနဲ့ မတူညီနိုင်သော်လည်း အနည်းဆုံး တစ်ယောက်ယောက်နဲ့ စကားပြောနိုင်ပြီး အဖော်ရှိတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် အဖော်လည်းရ အပျင်းလည်းပြေစေမယ့် ရှယ်လေးများ ဖြစ်တဲ့ အကောင်းဆုံး Smart Speaker များကို ဝေမျှပေးချင်ပါတယ်။
Apple Homepod 2
Photo : MacRumors
ကွီးတို့က Apple ပရိသတ်ဖြစ်ပြီး Smart Speaker ကို Apple ထဲကပဲ ရွေးချယ်ချင်တယ်ဆိုရင် Apple Homepod 2 ရှိပါတယ်။ ၎င်းမှာ Siri၊ Stereo Pairing နဲ့ Spatial Audio စတဲ့ အင်္ဂါရပ်များ ပါဝင်ပါတယ်။ သဘာဝအတိုင်း တတ်ကြွပြီး ကောင်းမွန်တဲ့ အသံကို ပေးစွမ်းနိုင်တာကြောင့် မပျင်းစေရမှာတော့ သေချာပါတယ်။ သူ့ရဲ့ ဒီဇိုင်းကိုလည်း ပြောင်မြောင်စွာ ဖန်တီးထားပါတယ်။ Apple Homepod 2 မှာပါဝင်တဲ့ အင်္ဂါရပ်တစ်ခု ဖြစ်တဲ့ Siri က သီချင်းဖွင့်နေချိန် ဖြစ်စေ၊ အခန်းတစ်ဝိုက်မှာ စပီကာနဲ့ စကားပြောနေချိန် ဖြစ်စေ၊ ကျွန်တော်တို့ရဲ့ အမိန့်သံများကို ကြားနိုင်ပြီး တုံ့ပြန်နိုင်စွမ်းရှိပါတယ်။
Apple HomePod Mini
Photo : Youtube
Apple ထဲကပဲ ကျစ်ကျစ်လစ်လစ်နဲ့ အနည်းငယ်သေးတာကို ရွေးချယ်လိုပါက Apple HomePod Mini ရှိပါတယ်။ ၎င်းမှာ အင်္ဂါရပ်များ အနေဖြင့် Bluetooth 5.0၊ Siri၊ Apple Music၊ AirPlay 2 နဲ့ Music Over wi-fi တို့ပါဝင်ပါတယ်။ ၎င်းမှာ ဆန်းပြားပြီး ဆွဲဆောင်မှုရှိသော အသံနဲ့ သိသိသာသာ ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။
Amazon Echo Dot (4th Generation)
Photo : Youtube
နောက်ထပ်ဖော်ပြချင်တာကတော့ Amazon Echo Dot (4th Generation) Smart Speaker လေးပဲဖြစ်ပါတယ်။ ၎င်းမှာ အင်္ဂါရပ်များအနေဖြင့် Alexa inbuilt၊ Bluetooth နဲ့ Music Over wi-fi တို့ပါဝင်ပါတယ်။ ၎င်းမှာ ပါဝင်တဲ့ Alex ရဲ့ တုံ့ပြန်မှုက အနည်းငယ်ပိုမြန်ပြီး အဖြေတွေကလည်း ရှင်းလင်းကာ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည် ကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ကောင်းမွန်သော အသံနဲ့ ပရီမီယံဒီဇိုင်းတို့ကြောင့် ရွေးချယ်သင့်တဲ့ Smart Speaker တစ်ခုပဲ ဖြစ်ပါတယ်။
Bang & Olufsen Beosound A1 (2nd Gen)
Photo : Youtube
ဒီ Smart Speaker ကလည်း နှစ်သက်ဖွယ်ကောင်းပြီး ကောင်းမွန်သော အသံနဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တာကြောင့် ကွီးတို့တစ်နေ့လုံး နားထောင်နေလည်း ပျင်းမှာ မဟုတ်ပါဘူး။ ၎င်းမှာလည်း အင်္ဂါရပ်များအနေနဲ့ Alexa inbuilt၊ water/dustproof IP67၊ Bluetooth 5.1 နဲ့ Stereo-pairing Mode တို့ ပါဝင်ပါတယ်။ ၎င်းရဲ့ ဂန္တဝင်ဆန်သော ဒီဇိုင်းနဲ့ အသုံးပြုရ လွယ်ကူမှုကလည်း ရွေးချယ်သင့်တဲ့ အကြောင်းအရင်း တစ်ခုပါပဲ။
Sonos One
Photo : Digital Cinema
ဒီ Smart Speaker ကတော့ Alexa နှင့် Google Google Assistant တို့ ပေါင်းစပ်ထားတဲ့ Smart Speaker တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း စတိုင်လ်ကျပြီး လူငယ်တွေ အကြိုက်ပါပဲ။ ခိုင်မာပြီး ဆန်းသစ်သော အသံစွမ်းဆောင်ရည်လည်း ပါရှိပါတယ်။ ယခုဈေးကွက်မှာ အကောင်းဆုံး Google Speaker ကိုပြပါဆိုလျှင် Sonos One ပါပဲ။
အဖော်လည်းရ ပြီး အပျင်းပြေစေဖို့ဆို ဒီ Smart Speakers ရှယ်လေးများ ထဲက တစ်လုံးလောက်ရှိထားတာလည်း မဆိုးပါဘူး။ ဒါလေးတွေသည်လည်း နည်းပညာရဲ့ လူသားတို့အပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကို ဖော်ဆောင်နိုင်တဲ့ ပြယုဒ်တစ်ခုပါပဲ။
Source : What Hi Fi
Featured Photo : Apple