သင်္ကြန် ပိတ်ရက်ရှည်ကြီးမှာ အိမ်တွင်းအောင်းရင်း အေးဆေး Chill နေကြတဲ့ ကွီးတို့အတွက် ဘယ်မှသွားစရာမလိုပဲ လက်လေး လှုပ်ရုံနဲ့ ခပ်မိုက်မိုက် စွန့်စားခန်းတွေ ဖွင့်နိုင်ဖို့ Adventure ဂိမ်းလန်းလန်းလေးတွေ ညွှန်းပေးပါမယ်။ စွန့်စားခန်းဂိမ်းတွေ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းသလို ပျော်စရာလည်း ရှယ်ကောင်းတဲ့ အထူးခြားဆုံး ဂိမ်းအမျိုးအစားတွေထဲက တစ်ခုပါ။ ကဲဒါဆို အိမ်ထဲကနေ တစ်ဖဝါးမှ မခွာပဲ အမိုက်စား စွန့်စားခန်း တွေ ဖွင့်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ဂိမ်းလေးတွေသာ ဒေါင်းလိုက်တော့နော်။

(၁) 80 Days

Source : inkleStudios

ဒီဂိမ်းလေးက စိတ်ဝင်စားဖို့ကောင်းတဲ့ Mission တွေကို လုပ်ဆောင်ရင်း စွန့်စားခန်း ဖွင့်ရမှာပါ။ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး ကွီးတို့ရဲ့ Management Skills ဘယ်လောက် ကြမ်းတယ်ဆိုတာကို စမ်းသပ်စိန်ခေါ်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း လှည့်လည်ခရီးသွားနေချိန်မှာ အချိန်ဟာ ကွီးတို့ရဲ့ရန်သူရော မိတ်ဆွေပါ နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။ အားလုံးက ကွီးတို့ရဲ့ရွေးချယ်မှုနဲ့ ဗျူဟာတွေပေါ်မှာ မူတည်နေပါတယ်။ ဒီဂိမ်းရဲ့တစ်ခုတည်းသော အားနည်းချက်ကတော့ နောက်ခံ Soundtrack တွေကထပ်နေတာဖြစ်ပြီး အချိန်နဲ့အမျှ ဘာဆက်ဖြစ်လာမယ်ဆိုတာကို ကြိုတင်မှန်းဆနိုင်တာပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီဂိမ်းလေးက Free To Play ဆော့လို့ရမှာမဟုတ်ပဲ ၆ ဒေါ်လာခန့် ပေးဝယ် ဆော့ကစားရမှာ ဖြစ်ပါတယ်။

(၂) Guardian Tales

Source : Kakao Games

ဒီဂိမ်းလေးကတော့ Hack & Slash Gameplay Mechanics တွေနဲ့ Decent Controls ပါတဲ့ ခေတ်ဟောင်းစတိုင် စွန်းစားခန်း ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ကစားတဲ့သူတွေက Puzzles တွေ နက်နဲ့လျို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်အဖြေရှားရင်း ကမ္ဘာအနှံ့ လှည့်လည်သွားလာရမှာပါ။ ဂိမ်းထဲမှာ Boss Fights တွေ ၊ ဇာတ်လမ်းသွားလေးတွေနဲ့ တခြားပျော်စရာကောင်းတဲ့ လုပ်စရာတွေ အများကြီး ပါဝင်ပါတယ်။ ပိုမိုက်တာတစ်ခုကတော့ ဒီဂိမ်းလေးကို Free To Play ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) Swordigo

Source : touchfoo

ဒီဂိမ်းက ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေပါတဲ့ 2D စွန့်စားခန်း ဂိမ်းလေး ဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို ရွေ့လျားသွားလာဖို့အတွက် ရိုးရှင်းတဲ့ Controls တွေပါဝင်ပြီး လမ်းတစ်လျှောက်က အနှောက်ယှက် အတားအဆီးတွေကို ကျော်လွှားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ အဓိက သော့ချက်ကတော့ စူးစမ်းဖွေရှာပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆော့ကစားရမှာပါ။ မတူညီတဲ့ နေရာအသီးသီးက Powerful ဖြစ်တဲ့ Weapons နဲ့ Armor တွေကို လိုက်လံရှာဖွေရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက အရင်ခေတ်ဂိမ်းတွေရဲ့ ဖီလင်မျိုးကို ရစေပြီး Free To Play ဆော့ကစားနိုင်မှာလည်း ဖြစ်ပါတယ်။

(၄) Crashlands

Source : Butterscotch Shenanigans

၂၀၁၆ ဝန်းကျင်ကာလတုန်းက အကောင်းဆုံး စွန်းစားခန်း ဂိမ်းတစ်ခု ဖြစ်ခဲ့တဲ့ Crashlands ကတော့ ယနေ့အချိန်အထိ လူကြိုက်များနေဆဲပါပဲ။ ကစားသူတွေအနေနဲ့ Flux လို့ခေါ်တဲ့ အာကာသယာဉ်မှူး ဇာတ်ကောင်နေရာကနေ ကစားရမှာ ဖြစ်ပါတယ်။ ဂိမ်းက ဂြိုလ်သားဂြိုလ်တစ်ခုအပေါ် ယာဉ်ပျက်ကျတာနဲ့ စတင်ထားပါတယ်။ ကွီးတို့ရဲ့ အဓိက တာဝန်က Cargo တွေကို ပြန်ယူဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ပြန် Build လုပ်ဖို့နဲ့ လူဆိုးတွေကို တိုက်ခိုက်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ပါ။ ဒီဂိမ်းလေးက မိုလ်ဘိုင်းရော PC ၂ မျိုးလုံးမှာပါ ကစားနိုင်ပြီး တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ အမိုက်စား ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ အားနည်းချက်ကတော့ ၇ ဒေါ်လာ ဝန်းကျင်ခန့်နဲ့ ဝယ်ယူဆော့ကစားရမှာပါ။

Featured Photo : Nintendo