Skateboard တွေကို ခရေဇီဖြစ်တဲ့ Skater တွေအတွက် ဒီတစ်ခေါက်မှာတော့ ပုံမှန်စီးနေကြ Skateboard တွေနဲ့မတူတဲ့ အမိုက်စား Electric Skateboard တစ်စင်း ကိုယ်တိုင်ဖန်တီးလို့ ရမယ့် DIY နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်။ အပြင်မှာ Electric Skateboard တစ်စင်း ရဲ့ တန်ဖိုးက မသေးလှပါဘူး။ ဒါကြောင့် ကွီးတို့ အကုန်အကျ သက်သက်သာသာနဲ့ ခပ်မိုက်မိုက် Electric Skateboard တစ်စင်း ကိုယ်တိုင် အလွယ်ကူဆုံး ဖန်တီးလို့ရအောင် ပြုလုပ်နည်းအဆင့်ဆင့်ကို ဒီဆောင်းပါးလေးမှာ ကြည့်လိုက်ရအောင်ပါ။

DIY Electric Skateboard

Photo : Meepo Board

Electric Skateboard ပြလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းများ

  • Skateboard ဘုတ်ပြား
  • Skateboard Wheels တစ်စုံ
  • Skateboard Trucks တစ်စုံ
  • Single Motor သို့မဟုတ် Dual Motor
  • 5000mAh ဘက်ထရီ ၂ လုံး
  • Power Switch – On/Off ခလုတ် ၁ စုံ
  • Skateboard Drivetrains
  • Speed Controller
  • ကေဘယ်ကြိုး
  • အလှဆင်ဖို့ Skateboard ဘုတ်ပြား စတေကာ

စတဲ့ ကိရိယာနဲ့ ဆက်စပ်ပစ္စည်းတွေ လိုအပ်ပါတယ်။

အမိုက်စား Electric Skateboard တစ်စင်း တပ်ဆင်နည်း အဆင့်ဆင့်

 

Source : MBoards

Electric Skateboard တပ်ဆင်နည်း တဆင့်ချင်းကို ဗီဒီယိုနဲ့ တကွ နားလည်လွယ်အောင် မျှဝေပေးလိုက်ပါတယ်နော်။ အချို့ ပစ္စည်းတွေကတော့ အနည်းငယ် ဝယ်ရခက်နိုင်ပေမယ့် Electric ပစ္စည်းဆိုင်တွေမှာ ရှာဖွေဝယ်ယူလို့ ရနိုင်ပါတယ်။ Electric Skateboard ပြုလုပ်ဖို့အတွက် အသုံးပြုရမယ့် Ready To Use ဆက်စပ်ပစ္စည်းတွေကို တခုချင်း တဆင့်ချင်း သေချာလေး တပ်ဆင်သွားရမှာ ဖြစ်တာကြောင့် အရမ်းတော့ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ လျှပ်စစ်ပစ္စည်းတွေ ၊ မော်တာတွေ ၊ ဘက်ထရီနဲ့ Controllerတွေ အကြောင်း နားလည်တဲ့သူဆိုရင် ပိုပြီး လုပ်ရကိုင်ရ လွယ်ကူပါလိမ့်မယ်။

ကဲဒါဆို ကွီးတို့ အိမ်မှာ ကိုယ်တိုင်စမ်းပြီး အမိုက်စား Electric Skateboard တစ်စင်း ဖန်တီးကြည့်လိုက်ပါဦး။

Source : Man Of Many

Featured Photo : NRobb Report