အင်မတန့် အင်မတန်မှ အမေ့သန် တဲ့ ကွီး တို့ရေ… မင်္ဂလာပါ။ ကွီးတို့လို အမေ့သန်တဲ့သူတွေအတွက် ထုတ်လုပ်ထားသလား အောက်မေ့ရတဲ့ ပစ္စည်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီပစ္စည်းများကတော့ ကွီးတို့ တစ်စုံတစ်ခု ပြုလုပ်ဖို့ မေ့နေတဲ့အချိန်၊ ဥပမာ – မီးပလပ်ပေါက် ပိတ်ဖို့ မေ့တာ၊ အရေးကြီး မီတင်တက်ဖို့ မေ့သွားတာတွေကို မမေ့အောင်လို့ အထူးတလည်သတိပေးမယ့် ပစ္စည်းများပဲ ဖြစ်ပါတယ်။
ဒီပစ္စည်းများက တခြားပစ္စည်းတွေတော့ မဟုတ်ပါဘူး။ AI နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းများပဲဖြစ်ပါတယ်။ ခဏ ခဏ အမေ့သန် တဲ့ ကွီး တို့အတွက် သင့်တော်တဲ့ အဖော်မွန်တွေပဲဖြစ်ပါတယ်။
Amazon Smart Plug

ဘယ်အရာမဆို စမတ်ပစ္စည်းတွေသာ အသုံးပြုနေကြတဲ့ ခေတ်ကြီးထဲမှာ စမတ်ပလပ်ခေါင်း တစ်ခေါင်းလည်း လိုအပ်လာပါပြီ။ ဒီ Amazon Smart Plug ကတော့ ၂၅ ပေါင် ဝန်းကျင် ပေးဝယ်ရမှာ ဖြစ်ပါတယ်။ သူ့ကို Alexa အသံနဲ့ ထိန်းချုပ်ထားလို့ရပြီး ထိုပလပ်ခေါင်းနဲ့ ဆက်ထားမယ်ဆိုရင် မီးအဖွင့်အပိတ်၊ ကော်ဖီစက် အဖွင့်အပိတ်နှင့် အခြားစက်ပစ္စည်းများကို အဖွင့်အပိတ် ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ ကွီးတို့က အိမ်က ထွက်လာပြီးမှ မီးပိတ်ဖို့ မေ့သွားတယ်ဆိုရင်တောင်မှ Alexa က ခိုင်းစေပြီး အလိုအလျောက် ပိတ်ပေးမှာပဲ ဖြစ်ပါတယ်။
အသုံးပြုရမယ့် နည်းကတော့ လွယ်လွယ်လေးပါပဲ။ Alexa App ကို အရင် Install လုပ်မယ်၊ ပြီးရင် ကွီးတို့ အသံကို ထည့်သွင်းပြီး အသုံးပြုလို့ရပါပြီ။ Alexa App ကနေ ကိုယ် လုပ်ချင်တဲ့အရာ၊ လုပ်ချင်တဲ့အချိန်ကို သတ်မှတ်ပေးထားရုံနဲ့ အလိုအလျောက် ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီလောက်ထိ ကောင်းတဲ့ ပစ္စည်းကို တစ်ခုလောက်တော့ ဝယ်ထားသင့်ပါတယ်။
Ambi Climate AI Air Conditioner

ဒီအဲကွန်းကတော့ AI နည်းပညာနဲ့ အသုံးပြုထားတဲ့ အဲကွန်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဆင့်မြင့်တဲ့ နည်းပညာကြောင့် ပြင်ပက ရာသီဥတုအခြေအနေပေါ်လိုက်ပြီး ကွီးတို့ရဲ့ အိမ်ခန်းတွင်းက ပတ်ဝန်းကျင်ကို အကောင်းဆုံး အနေအထားရအောင် ထိန်းညှိပေးမှာပဲဖြစ်ပါတယ်။ AI နည်းပညာနဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့် ကွီးတို့ရဲ့ ဖုန်းထဲကနေ အဲကွန်းကို ထိန်းချုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းနဲ့ ပတ်သက်လာရင်လည်း ဆုရထားတဲ့ အဲကွန်း အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။
ကွီးတို့ အိမ်မှာရော တစ်လုံးလောက် ဝယ်မထည့်ထားချင်ဘူးလား။
Tapia AI Robot Companion

အမေ့သန်တဲ့ ကွီးတို့အတွက် နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ ပစ္စည်းကတော့ သေးသေးကွေးကွေးနဲ့ ချစ်စရာကောင်းတဲ့ စက်ရုပ်ပိစိလေးပဲဖြစ်ပါတယ်။ ထိုစက်ရုပ်လေးမှာ ချစ်စရာကောင်းတဲ့ မျက်လုံးလေး နှစ်လုံး ပါဝင်ပြီး ကွီးတို့ရဲ့ အသံကို မှတ်မိနိုင်စွမ်းရှိပါတယ်။ ပြီးတော့ ကွီးတို့ လိုအပ်သမျှတွေကို အကုန်ဖြည့်ဆည်း ပေးနိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းကတော့ ပေါင် ၉၀၀ ဝန်းကျင်ရှိပါတယ်။ ကွီးတို့ရဲ့ ရှော်တီလေးထက် ပိုအားကိုးရပြီး ပိုသစ္စာရှိတဲ့ စက်ရုပ်လေးတစ်ရုပ်ပဲ ဖြစ်ပါတယ်။
Vi — The First True Artificial Intelligence Personal Trainer

ကိုယ်ကြိုက်နှစ်သက် အစားအစာတွေ အဝကြိတ်ထားပြီးမှ လေ့ကျင့်ခန်း လုပ်ဖို့ မေ့နေပါသလား။ ဒါဆိုရင်တော့ Vi က ကွီးတို့ကို အပီအပြင် ကောပါလိမ့်မယ်။
Vi ဆိုတာကတော့ Earphones ထဲမှာ နေထိုင်တဲ့ AI Personal Trainer ပဲဖြစ်ပါတယ်။ သူက ကွီးတို့ရဲ့ စားသောက်နေထိုင်ပုံကို ကြည့်ပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ဖက်မယ့် Workout Plan တွေ ပြုလုပ်ဖို့ သတိပေးနေမှာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ရမှာ မေ့နေတဲ့ ကွီးတို့အတွက် အကောင်းဆုံး ထရိန်နာပဲဖြစ်ပါတယ်။
ကွီးတို့ရော ဘယ်လိုပစ္စည်းများကို ကွီးတို့ရဲ့ နားဘေးနား ထားထားပါသလဲ။
Source: Analyticsinsight
Featured Image: Indiegogo
