လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ တစ်ကိုယ်ရည် အာသာဖြေ ခြင်းဟာ အမျိုးသားတွေရော အမျိုးသမီးတွေအတွက်ပါ သဘာဝဖြစ်ရိုးဖြစ်စဉ် တစ်ခုပါ။ အမျိုးသမီးတွေအတွက် တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုတာဟာ မိန်းမကိုယ် နဲ့ Clitoris အပါအဝင် လိင်အင်္ဂါဧရိယာတဝိုက်ကို ကိုယ်တိုင်နှိုးဆွလှုံ့ဆော်ပေးခြင်းကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့်တော့ အမျိုးသမီး တွေလည်း အမျိုးသားတွေနည်းတူ အော်ဂဇင် (သို့မဟုတ်) အထွတ်အထိပ် ခံစားမှုရောက်သည်အထိ တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုပ်ဆောင်ကြပါတယ်။

Female Masturbation

Photo : Best Health Magazine

အမျိုးသမီးတွေအတွက် အထွတ်အထိပ် ခံစားမှုဆီသို့ရောက်ဖို့ ကြာချိန်ဟာ တစ်ဦးနဲ့တစ်ဦး အပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ အမျိုးသမီးတွေဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကနေတစ်ဆင့် အထွတ်အထိပ် ခံစားမှုသို့ရောက်ရှိဖို့ ပျမ်းမျှ ၈ မိနစ်ခန့် အချိန်ယူခဲ့ရလေ့ရှိပြီး အမျိုးသား ပါတနာနဲ့ ချစ်တင်းနှောချိန်မှ တစ်ဆင့် အထွတ်အထိပ် ခံစားမှုရောက်တဲ့ အချိန်ထက် အနည်းငယ် ပိုကြာမြင့်နိုင်တယ်လို့ ဆိုထားပါတယ်။

အမျိုးသမီး တစ်ကိုယ်ရည် အာသာဖြေခြင်းကို နောက်ထပ်ခေါ်ဝေါ်တဲ့ အခေါ်အဝေါ်တွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့ ” ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်မှုဖန်တီးခြင်း ” သို့မဟုတ် ” ကိုယ့်ကိုယ်ကိုယ် ပွတ်သပ်နှိုးဆွခြင်း” စတဲ့ စကားစုတွေနဲ့ ဖော်ပြလေ့ ရှိပါတယ်။ ဆွီဒင်နိုင်ငံမှာ‌တော့ အမျိုးသမီး တစ်ကိုယ်ရည် အာသာဖြေခြင်းကို ဖော်ပြတဲ့ စကားလုံးအသစ်တစ်ခု လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ပေါ်ထွက်လာခဲ့ပါတယ်။

“Klittra” လို့ ခေါ်ပြီး ဒီစကားဟာ ဆွီဒင်ဘာသာစကားအရ Clitoris နှင့် Glitter စတဲ့စကားလုံးတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ပျော်ရွှင်သာယာတဲ့ ခံစားမှု ရရှိစေဖို့အတွက် Clitoris ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

Female Masturbation
Photo : Verywell Mind

လူအများစု ထင်မှတ်မှားနေတဲ့ အမျိုးသမီးတွေ တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုင်ရာ အချက်တွေထဲကတစ်ခုကတော့ အမျိုးသမီးတွေဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုံးဝမလုပ်ဆောင်ကြဘူး ဆိုတာပါပဲ။ တကယ်တော့ ဒါဟာမှားယွင်းစွာ သိမှတ်မှားနေတဲ့ အချက်တစ်ခုပါ။ အမျိုးသမီး တွေမှာ အသက်အရွယ်အမျိုးမျိုးအလိုက် မတူညီတဲ့ လိင်မှုဆိုင်ရာ နှစ်သက်မှုတွေ ရှိကြပြီး အမျိုးသားတွေနည်းတူ တစ်ကိုယ်ရည် အာသာဖြေခြင်းကို နှစ်သက်သဘောကျလေ့ ရှိကြပါတယ်။ လေ့လာမှုများအရတော့ အရွယ်ရောက်ပြီးသား အမျိုးသားတွေဟာ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေထက် တစ်ကိုယ်ရည် အာသာဖြေခြင်းကို ပိုမိုလုပ်ဆောင်လေ့ ရှိကြပြီး ဒါဟာ အမျိုးသမီးတွေအနေနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုံးဝမလုပ်ဘူးလို့ မဆိုလိုပါဘူး။

တစ်ကိုယ်ရည် အာသာဖြေတာဟာ အမျိုးသားရော အမျိုးသမီးတွေအပါအဝင် သက်ရှိလူသားတိုင်းအတွက် လိင်မှုဆိုင်ရာ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်ပြီး အမှန်တကယ်တော့ စိတ်ပညာရှင် တော်တော်များများရဲ့ ထွက်ဆိုချက်တွေအရ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ လူတွေကို အခြားသူနဲ့ ချစ်တင်းနှောဖို့ ပြင်ဆင်ရာ ပိုမိုကောင်းမွန်တဲ့ ခံစားချက်ကို ရရှိစေဖို့ ကူညီပေးနိုင်သလို ပါတနာနဲ့ ဆက်ဆံရေးကိုလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပြုတယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။

ဒီလောက်ဆိုရင်တော့ အမျိုးသမီး တွေရော တစ်ကိုယ်ရည် အာသာဖြေလား ? ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး အဖြေတိတိကျကျ မသိသေးတဲ့ ကွီးတို့ လည်း တိကျတဲ့ အဖြေတစ်ခု ရသွားလောက်မယ် ထင်ပါတယ်။

Source : WebMD

Featured Photo : The Mary Sue