Squirting လို့ခေါ်တဲ့ အရပ်ပြောစကား အမျိုးသမီးတွေရဲ့ ရေပန်းကြီး ဆိုတာဟာ အမျိုးသမီးအင်္ဂါ မိန်းမကိုယ်ကနေ ဆီးမဟုတ်တဲ့ လိင်အင်္ဂါအရည်တွေ ပန်းထွက်ခြင်းကို ခေါ်ပါတယ်။ အချို့ကလည်း ဒါကို အမျိုးသမီး သုတ်လွှတ်ခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ Squirting ဖြစ်စဉ်ဟာ အမျိုးသမီးတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ လိင်မှုဆိုင်ရာကိစ္စတစ်ခု မဟုတ်ပဲ ၂၀၁၇ ခုနှစ်က လေ့လာမှုတစ်ခုအရ လေ့လာမှုမှာပါဝင်တဲ့ အမျိုးသမီး ၆၉ ရာခိုင်နှုန်းခန့်ကသာ အမျိုးသမီး သုတ်လွှတ်တဲ့ ဖြစ်စဉ်ကို တွေ့ကြုံခံစားရတယ်လို့ ဆိုထားပါတယ်။သိပ္ပံပညာရှင်တွေရဲ့ သုံးသပ်မှုတွေအရတော့ အမျိုးသမီး သုတ်လွှတ်ခြင်းဟာ ခံစားမှု အထွတ်အထိပ် အော်ဂဇင် ရောက်ချိန် ဆီးလမ်းကြောင်းမှတဆင့် ဆီးမဟုတ်တဲ့ လိင်အင်္ဂါအရည်တွေကို ပန်းထွက်စွန့်ထုတ်ခြင်း ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒီတစ်ခေါက်မှာတော့ Squirting လို့ခေါ်တဲ့ အမျိုးသမီးတွေရဲ့ ရေပန်းကြီး အကြောင်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖွယ်ရာ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

Squirting ဖြစ်စဉ် အမျိုးသမီး ရေပန်းကြီး က ဘယ်လိုဘယ်ပုံ ခံစားမှုရှိလဲ ?

Squirting
Photo : Deal Town

သုတေသနပြုချက်တွေအရ Squirting ဖြစ်တဲ့ အမျိုးသမီးတွေမှာ ပန်းထွက်တဲ့ အရည်ပမာဏဟာ အတော်အတန်များကြောင်း ပြောဆိုထားကြပါတယ်။ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်မှာ ပါဝင်ခဲ့သူ အမျိုးသမီး ၇၉ ရာခိုင်နှုန်းနဲ့ သူတို့ရဲ့ အမျိုးသား ပါတနာ ၉၀ ရာခိုင်နှုန်းလောက်က Squirting ဖြစ်တဲ့အပေါ် ကျေနပ်အားရမှုရှိကြပြီး လိင်စိတ်ခံစားမှု ပိုမိုကောင်းမွန်တယ်လို့ ဆိုကြပါတယ်။ Squirting နဲ့ ပတ်သက်ပြီး ခံစားမှုတွေကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ အချို့က ပိုမိုပြင်းထန်တဲ့ အော်ဂဇင် ခံစားမှုကို ရတယ်လို့ ပြောကြသလို အချို့ကလည်း အော်ဂဇင်ရတဲ့ ပုံစံတွေ ပြောင်းလဲသွားတယ်လို့ ဆိုထားကြပါတယ်။ အချို့သူတွေမှာဆိုရင် မိန်းမကိုယ်မှ ယားယံခြင်း သို့မဟုတ် အလောတကြီး ဆီးသွားချင်တဲ့ ခံစားချက် ဖြစ်ခြင်း စတဲ့ G-spot ကို လှုံ့ဆော်မှုနဲ့ ဆင်တူတဲ့ သီးခြားအာရုံခံစားမှုတွေ ဖြစ်ပေါ်ကြုံတွေ့ကြရတယ်လို့ ဆိုထားပါတယ်။

ဘယ်အချိန်နဲ့ ဘာကြောင့် Squirting ဖြစ်ရသလဲ ?

Squirting
Photo : IFLScience

အမျိုးသမီး ရေပန်းကြီး Squirting ဖြစ်စဉ်ဟာ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ ကွဲပြားမှု အကြိမ်အရေအတွက်တွေ ရှိကြပြီး ပန်းထွက်တဲ့ လိင်အင်္ဂါအရည်တွေရဲ့ ပမာဏကလည်း မတူညီနိုင်ပါဘူး။ အချို့အမျိုးသမီးတွေမှာ သုတ်လွှတ်တဲ့ ခံစားချက်ကိုပဲ မခံစားမိလိုက်ပါပဲ ပြီးမြောက်သွားတဲ့ အချိန်တွေ ရှိကြပါတယ်။ Squirting နဲ့ပတ်သတ်ပြီး သုတေသန ပြုချက်တွေ အများကြီး ထပ်လုပ်ဖို့ လိုဦးမှာ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ လေ့လာဆန်းစစ်ထားတဲ့ အချက်အလက်တွေအရတော့ အမျိုးသမီးတွေဟာ သူတို့ရဲ့ G-spot ကို နှိုးဆွလှုံ့ဆော်မှုပြုလုပ်တဲ့အခါမှာ ခံစားချက်အထွတ်အထိပ်ရောက်ရှိပြီး မိန်းမကိုယ်ကနေ လိင်အင်္ဂါအရည်တွေ စွန့်ထုတ်တယ်လို့ ဆိုကြပါတယ်။ သုတေသီအချို့ကလည်း ဒါဟာ G-spot လှုံ့ဆော်မှုနဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားပြီး Squirting နဲ့ ပတ်သတ်လို့ အငြင်းပွားမှုတွေလည်း အများကြီး ရှိနေပါတယ်။ လေ့လာမှု အချို့မှာတော့ Squirting ဖြစ်စဉ်ဟာ အမျိုးသမီးတွေရဲ့ ဆီးကျိတ် သို့မဟုတ် ဆီးကျိတ် Analog ကနေ ဖြစ်တည်လာတာလို့ ပြောကြပြီး ဆီးကျိတ်ကို နှိုးဆွလှုံ့ဆော်တဲ့အခါမှာ Squirting ဖြစ်စေတာလို့လည်း ပြောဆိုထားကြပါတယ်။

Squirting ဟာ ဆက်ဆံဖော် ပါတနာနဲ့ ချစ်တင်းနှောချိန်ထက် တစ်ကိုယ်ရည်အာသာဖြေချိန်မှာ ပိုဖြစ်နိုင်ခြေရှိတာကို တွေ့ရပါတယ်။ Squirting ဖြစ်စေဖို့ အခြေခံလေ့လာသုံးသပ်မှုတွေအရတော့ G-spot ကို ကောင်းမွန်စွာ လှုံ့ဆော်ပေးဖို့ လိုပြီး အဲ့ဒီနောက်မှာ မိန်းမကိုယ်ရဲ့ အရှေ့ဘက်မျက်နှာပြင်ကို လက်ချောင်း သို့မဟုတ် လူကြီးကစားစရာ အရုပ်တွေနဲ့ လှုံ့ဆော်နှိုးဆွပေးရမှာ ဖြစ်ပါတယ်။ လူယောက်ချင်းစီပေါ်မူတည်ပြီး G-spot ကိုရှာဖွေတဲ့အခါမှာ နာကျင်မှုဝေဒနာ သို့မဟုတ် ဆီးသွားချင်စိတ်စတဲ့ ခံစားမှုတွေကို ခံစားရစေနိုင်ပြီး ပိုမို သာယာကောင်းမွန်တဲ့ အထိအတွေ့ ခံစားမှုကို ရစေဖို့ မိန်းမကိုယ် အစေ့ခေါ် Clitoris ကိုလည်း နှိုးဆွမှု လုပ်ပေးနိုင်ပါတယ်။

Source : MedicalNewsToday

Featured Photo : ABC