အမျိုးသားတွေမှာ လိင်စိတ်အထွတ်အထိပ်ကို ရောက်ချိန်မှာ သုတ်လွှတ်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ဒါဆို အမျိုးသမီးတွေမှာရော သုတ်လွှတ်တဲ့ အခြေအနေမျိုး ရှိပါသလား ? အဖြေကတော့ ရှိပါတယ်။ Female Ejaculation လို့ခေါ်တဲ့ အမျိုးသမီး သုတ်လွှတ်ခြင်း ဆိုတာဟာ အမျိုးသမီးတွေရဲ့ ဆီးအိမ်ကနေ ချစ်တင်းနှောနေလစဉ်အတွင်း လိင်အင်္ဂါအရည်တွေကို စွန့်ထုတ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာတော့ လိင်စိတ်နိုးကြားနေချိန်အတွင်း သုတ်လွှတ်တဲ့ ဖြစ်စဉ် ဖြစ်ပွားနိုင်ပြီး အမျိုးသားတွေလို အော်ဂဇင် ရခြင်းမရခြင်းနဲ့တော့ တိုက်ရိုက် ဆက်စပ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ Female Ejaculation တနည်းအားဖြင့် အမျိုးသမီးတွေမှာ ဖြစ်တက်တဲ့ သုတ်လွှတ်ခြင်း ဖြစ်စဉ်အကြောင်း လေ့လာကြည့်ရအောင်ပါ။

အမျိုးသမီး သုတ်လွှတ်ခြင်း (Female Ejaculation) ဆိုတာ ဘယ်လိုလဲ ?

female ejaculation
Photo – TN

အမျိုးသမီး သုတ်လွှတ်ခြင်း (Female Ejaculation) ဆိုတာဟာ လိင်စိတ်နိုးကြားနေချိန် သို့မဟုတ် လိင်စိတ်အထွတ်အထိပ် အော်ဂဇင် ရောက်ချိန်မှာ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းကနေ တဆင့် အရည်တွေကို စွန့်ထုတ်ခြင်းကို ခေါ်ပါတယ်။ လိင်အင်္ဂါအရည်တွေကို ဆီးအိမ်ကနေ ဆီးလမ်းကြောင်းသို့ တဆင့်ဖြတ်သန်းပြီး ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်တာပါ။

Ejaculation နဲ့ Squirting တူပါသလား ?

Female Ejaculation လို့ခေါ်တဲ့ အမျိုးသမီး သုတ်လွှတ်ခြင်းဟာ အမျိုးသမီးအင်္ဂါကနေတဆင့် အရည်အချို့ ဆီးပြွန်ကနေ ပန်းထွက်တဲ့ Squirting ဖြစ်စဉ်နဲ့ တူညီလား မေးစရာရှိပါတယ်။ ဒါကိုတော့ Ejaculate Fluid နဲ့ Squirting Fluid ဆိုပြီး ၂ ပိုင်းခွဲ ပြောရမှာ ဖြစ်ပါတယ်။

Ejaculate Fluid – Ejaculate Fluid ဆိုတာကတော့ အမျိုးသားတွေရဲ့ သုတ်ရည်နဲ့ ဆင်တူပါတယ်။ ပုံမှန်အားဖြင့် အရည်တွေဟာ ပျစ်ရွဲပြီး နို့နှစ်ရောင် ရှိပါတယ်။ အဆိုပါ အရည်တွေဟာ Paraurethral ဂလင်းကနေတဆင့် ထုတ်လုပ်တာပါ။ အမျိုးသမီးတွေရဲ့ သုတ်ရည်ထဲမှာ Prostatic Acid Phosphatase (PSA) ပါဝင်တယ်လို့ လေ့လာမှုများစွာက ထွက်ဆိုထားပြီး ၎င်းက အမျိုးသားတွေရဲ့ သုတ်ပိုးမှာ ပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် သုတ်ကောင်လေးတွေကို ကူးခတ်ရလွယ်ကူစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ သုတ်ရည်မှာ သကြားဓာတ်တစ်မျိုးဖြစ်တဲ့ Fructose ပါဝင်တတ်ပါတယ်။ Fructose ဟာ အမျိုးသားတွေရဲ့ သုတ်ရည်မှာလည်း ယေဘုယျအားဖြင့် ပါဝင်ပြီး သုတ်ပိုးတွေအတွက် စွမ်းအင်အရင်းအမြစ်အဖြစ် လုပ်ဆောင်ပေးပါတယ်။

Squirting Fluid – Squirting Fluid လို့ခေါ်တဲ့ အရည်တွေကတော့ များသောအားဖြင့် အရောင်မရှိသလို အနံ့လည်း မရှိပါဘူး။ Squirting Fluid အရည်တွေဟာ ဆီးအိမ်ကနေ အဓိက ထုတ်လုပ်ပြီး ဆီးကဲ့သို့ ဖွဲ့စည်းပုံချင်း ဆင်တူပါတယ်။ အဆိုပါ အရည်တွေမှာတစ်ခါတစ်ရံ Prostatic Acid Phosphatase (PSA) ပါဝင်တက်ပြီး ပုံမှန်အားဖြင့် လူတစ်ယောက်ချင်းစီပေါ်မူတည်ပြီး စွန့်ထုတ်တဲ့ ပမာဏဟာ Ejaculate Fluid စွန့်ထုတ်မှုထက် ပိုများပါတယ်။

female ejaculation
Photo – MedicalNewsToday

အမျိုးသမီးသုတ်လွှတ်ခြင်း (Female Ejaculation) ဟာ အမျိုးသားတွေနည်းတူ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပြီး ဒါဟာ ထူးခြားမှုမရှိတဲ့ ပုံမှန်လိင်မှုဆိုင်ရာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ အဓိကအားဖြင့် လိင်မှုဆိုင်ရာ နှိုးဆွမှုလုပ်ဆောင်နေချိန် ဒါမှမဟုတ် လိင်စိတ်နိုးကြားနေချိန်မှာ မိန်းမကိုယ်ကနေတဆင့် အရည်တွေ ထွက်ပေါ်လာတက်ပါတယ်။ လိင်စိတ်နိုးကြားမှု ၊ နှိုးဆွမှုအခြေအနေတွေပေါ်မူတည်ပြီး မိန်းမကိုယ်ကနေ မတူညီတဲ့ အရည်တွေကို စွန့်ထုတ်နိုင်ပါတယ်။

၂၀၁၃ ခုနှစ်က လေ့လာမှုတစ်ခုအရ အမျိုးသမီး ၁၀ – ၅၄ ရာခိုင်နှုန်းခန့်ဟာ သုတ်လွှတ်ခြင်းကို ခံစားရကြပြီး အများစုကတော့ သုတ်လွှတ်မှုအခြေအနေကို ကောင်းကောင်း သိမြင်ခံစားနိုင်ခြင်း မရှိဘူးလို့ ဆိုထားပါတယ်။

အချို့သော သူတွေမှာဆိုရင် သတိမထားမိလိုက်ပါပဲ လိင်စိတ်နိုးကြားနေချိန်မှာ မိန်းမကိုယ်ကနေ လိင်အင်္ဂါအရည်တွေကို စွန့်ထုတ်မိတာမျိုး ဖြစ်တက်ပါတယ်။

လိင်စိတ် ခံစားချက် ၊ လိင်စိတ်နှိုးကြားမှု နဲ့ စွန့်ထုတ်တဲ့ သုတ်ရည် ပမာဏ အပါအဝင် အမျိုးသမီး သုက်လွှတ်ခြင်း အတွေ့အကြုံဟာ လူတစ်ဦးနဲ့တစ်ဦး သိသိသာသာ မတူကွဲပြားမှု ရှိနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ အမျိုးသမီးတွေ သုတ်လွှတ်တယ်ဆိုတာ ဘယ်လိုလဲ သိသွားလောက်ပြီ ထင်ပါတယ်။

Source : MedicalNewsToday

Featured Photo : Superinteressante – Assine Abril