ရိုမန့်တစ်ဆန်တဲ့ ချစ်ခြင်းတွေမှာ ခန္ဓာကိုယ် အထိအတွေ့တွေ ပါလာတဲ့အခါ အဆင့်တက်လာပြီး ချစ်တင်းနှော ကြတာကတော့ ဓမ္မတာပါပဲ။ ကိုယ့်ရှော်တီလေးနဲ့ ချစ်တင်းနှော တယ်ဆိုတာသည် ကွီးတို့ ယေဘုယျကျန်းမာရေးအတွက်ကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ကွီးတို့သာ နည်းမှန်လမ်းမှန် ချစ်တင်းနှော မယ်ဆိုရင်ပေါ့။ ဒါပေမဲ့ အမျိုးသား ထုကြီးတို့သည် စိတ်မပါလို့ ချစ်တင်းမနှော ဖြစ်တော့တဲ့အချိန်တွေ နှစ်ရှည် လများ ကြာသွားတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကိုရော သိပြီးပါပြီလား။

(၁) စိတ်ဖိစီးလာမယ်

man stressed

ကွီးတို့ စကီလေးနဲ့ ချစ်တင်းနှော ခြင်းသည် ကွီးတို့ရဲံ စိတ်ခံစားချက်များကို ကောင်းမွန်သွားစေပြီး Endorphins ဟော်မုန်းများကို ဦးနှောက်မှ ထုတ်လုပ်ပေးပါတယ်။ ထိုဟော်မုန်းကြောင့် စိတ်ဖိစီးမှုများ လျော့ကျသွားတာပဲဖြစ်ပါတယ်။ တကယ်လို့ အမျိုးသား တို့အနေနဲ့ ချစ်တင်းမနှော တဲ့အချိန်က ကြာလာတဲ့အခါ စိတ်ဖိစီးမှုများကိုလည်း လျော့ချပေးနိုင်မှာ မဟုတ်တော့ဘဲ စိတ်ဖိစီးမှုများ စုပုံလာတတ်ပါတယ်။

(၂) ကောင်းမွန် နှစ်ခြိုက်စွာ မအိပ်စက်နိုင်တော့ဘူး

couple sleep

အိပ်စက်ခြင်းနှင့် စိတ်ဖိစီးမှုများသည် တိုက်ရိုက် ဆက်နွယ်နေတယ်လို့ ထောင်ပေါင်းများစွာသော လေ့လာချက်များအရ သိရှိရပါတယ်။ တကယ်လို့ ကွီးတို့သည် စိတ်ဖိစီးမှု များလာတဲ့အခါ ကောင်းမွန် နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ပါဘူး။ ချစ်တင်းနှောခြင်းတဲ့အခါမှာ ကွီးတို့ အိပ်ပျော်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် Oxytocin ၊ Prolactin နှင့် Dopamine တို့ ထွက်ရှိလာပြီး နှစ်ခြိုက်စွာ အိပ်မောကျဖို့ ကူညီပေးနိုင်ပါတယ်။

(၃) သွေးဖိအားတွေ ဆောင့်တက်လာမယ်

အမျိုးသား ချစ်တင်းမနှော

၂၀၀၆ ခုနှစ်တုန်းက ဆေးသိပ္ပံဂျာနယ်က ပြုလုပ်ထားတဲ့ လေ့လာချက်များအရ ချစ်တင်းနှောခြင်း မရှိတဲ့ အမျိုးသားများသည် ပုံမှန် ချစ်တင်းနှောတဲ့ အမျိုးသားများထက် သွေးဖိအား မတည်မငြိမ်ဖြစ်တတ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ သွေးပေါင် ကျသွားတာမျိုးလည်း ဖြစ်နိုင်သလို၊ သွေးတိုးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

(၄) နှလုံးရောဂါ ခံစားရနိုင်ခြေ မြင့်တက်လာမယ်

အမျိုးသား ချစ်တင်းမနှော

၂၀၁၀ ခုနှစ်က ပြုလုပ်ထားတဲ့ လေ့လာချက်အရ တစ်ပတ်လျှင် ၂ ကြိမ်ခန့် ချစ်တင်းနှောတဲ့ အမျိုးသားများသည် နှလုံးရောဂါ ခံစားရနိုင်ခြေကို ထက်ဝက်ခန့် လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ချစ်တင်းမနှောတဲ့ အမျိုးသားများကတော့ နှလုံးရောဂါ ခံစားရနိုင်ခြေ မြင့်တက်နေတာကို တွေ့ရှိရပါတယ်။

(၅) ကွီးတို့ရဲ့ မှတ်ဥာဏ်စွမ်းအား ကျဆင်းလာမယ်

အမျိုးသား ချစ်တင်းမနှော

ဒီတွေ့ရှိချက်ကတော့ မှားယွင်းကောင်းလည်း မှားနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီစမ်းသပ်ချက်ကို ကြွက်တွေနဲ့သာ စမ်းသပ်ထားရလို့ပဲဖြစ်ပါတယ်။ လူသားတွေနဲ့တော့ မစမ်းသပ်ထားရသေးပါဘူး။

ထိုစမ်းသပ်ချက်က ၂၀၁၃ ခုနှစ်တုန်းက စမ်းသပ်ခဲ့တာဖြစ်ပြီး ကာမစပ်ယှဥ်မှုရှိတဲ့ ကြွက်တွေသည် ပုံမှန်ထက် မှတ်ဥာဏ်စွမ်းအား ပိုမို တိုးမြှင့်နေတာကို တွေ့ရှိရပါတယ်။

(၆) နောက်တစ်ကြိမ် ချစ်တင်းနှောတဲ့အခါ ခန္ဓာကိုယ် စည်းချက်မကိုက် ဖြစ်လာမယ်

အမျိုးသား ချစ်တင်းမနှော

ကွီးတို့ ခန္ဓာကိုယ်က အလေ့အကျင့်တစ်ခုကို လိုက်ပြီး ပြောင်းလဲသွားတာမျိုးတွေ ရှိပါတယ်။ အချိန်အကြာကြီး ချစ်တင်းမနှောဘဲ နေမိတဲ့အနေ နောက်တစ်ကြိမ် ပြန်လည် ချစ်တင်းနှောမယ်ဆိုရင် အမြီးအမှောက် မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ ကွီးတို့ ခန္ဓာကိုယ် စည်းကျကလည်း စိတ်သွားတိုင်း ကိုယ် ပါနိုင်မှာမဟုတ်သလို ကွီးတို့ ရှော်တီလေးနဲ့လည်း အပေးအယူ တည့်မှာ မဟုတ်ပါဘူး။

အထက်ဖော်ပြပါ အချက်များကတော့ အမျိုးသား ထုကြီးတွေ ချစ်တင်းမနှော ဖြစ်တဲ့အချိန် ကြာမြင့်လာတဲ့အခါမှာ ခံစားရမယ့် နောက်ဆက်တွဲ ဆိုးကျိုးများပဲ ဖြစ်ပါတယ်။

ကွီးတို့ကိုယ်တိုင် ဒီနောက်ဆက်တွဲ ဆိုးကျိုးများကို မခံစားချင်ဘူး မဟုတ်လား။

Source : Menshealth

Featured Photo : Menshealth