အမျိုးသမီးတွေမှာပဲ ဂျီစပေါ့ ရှိတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အမျိုးသားတွေမှာလည်း ဂျီစပေါ့ ရှိပါတယ်။ အမျိုးသား ဂျီစပေါ့ ကို P-Spot လို့လည်း ခေါ်ကြပြီး ၎င်းဟာ စအိုအတွင်းဘက် နှစ်လက်မခန့်မှာရှိတဲ့ ဂလင်းငယ်တစ်ခု ဖြစ်ပါတယ်။ စအိုအတွင်းဘက်ကို လက်နဲ့စမ်းကြည့်မယ်ဆိုရင် မြေပဲအရွယ်အစားလောက်ရှိတဲ့ သေးငယ်တဲ့ အင်္ဂါတစ်ခုကို ခံစားမိမှာပါ။ အမျိုးသားတွေရဲ့ ဂျီစပေါ့ဟာ အဓိအားဖြင့် မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်နဲ့ လိင်မှုဆိုင်ရာ သာယာမှုကို ပေးစွမ်းပါတယ်။
Photo : Anatomy.app
ဂျီစပေါ့ကို ရှာဖို့အတွက်ဆို သန့်စင်တဲ့ ချောဆီကို လက်ချောင်းမှာ သုတ်လိမ်းပြီး လိင်တံရဲ့အောက်ခြေအရင်း စအိုအတွင်းဘက်နေရာသို့ ထိုးသွင်းနှိုးဆွ နိုင်ပါတယ်။ ပျော့ပျောင်းတဲ့ အသွင်အပြင်ကို ခံစားရမိတယ်ဆိုရင်တော့ ဂျီစပေါ့ကို ရှာတွေ့ပြီ ဖြစ်ပါတယ်။
သန့်ရှင်းမှုအတွက် သားရေလက်အိတ် ဒါမှမဟုတ် ကွန်ဒုံးကို အသုံးပြုပြီး နှိုးဆွနိုင်ပါတယ်။ အမျိုးသားတွေရဲ့ ဂျီစပေါ့ဟာ အမျိုးသမီးတွေရဲ့ Clitoris ကဲ့သို့ပင် ဆီးကျိတ်မှာ အာရုံကြောအဆုံးများစွာရှိတဲ့အတွက် ခံစားမှုအာရုံကတော့ အမြင့်ဆုံး ဖြစ်ပါတယ်။
အမျိုးသား ဂျီစပေါ့ ကို ဘယ်လို နှိုးဆွရမလဲ ?
Photo : New York Magazine
အမျိုးသား ဂျီစပေါ့ကို ကိုယ်တိုင်ဖြစ်စေ ဒါမှမဟုတ် ပါတနာ (လိင်တူ/လိင်ကွဲ) ရဲ့ အကူအညီနဲ့ ဖြစ်စေ နှိုးဆွလို့ ရပါတယ်။ စအိုအတွင်းဘက်ကို လက်ဖြင့် နှိုးဆွပေးလို့ရသလို ကပ်ပယ်အိတ်အောက်ဘက်နေရာ စအိုရဲ့ အပြင်ဘက်ခြမ်းကိုလည်း လက်ချောင်းတွေနဲ့ နှိပ်နယ်နှိုးဆွပေးလို့ ရပါတယ်။ ဂျီစပေါ့ကို နှိုးဆွတဲ့အခါ ချောဆီအသုံးပြုပြီး ညင်သာစွာ ပွတ်လိမ်း နှိုးဆွနိုင်ပါတယ်။ အမျိုးသား ဂျီစပေါ့ကို နှိုးဆွမှုလုပ်မယ်ဆိုရင်တော့ အောက်ပါ ပစ္စည်းလေးတွေ မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်။
ချောဆီ – စအိုဟာ သဘာဝချောဆီမထုတ်ပေးနိုင်တဲ့အတွက် စအိုကိုနှိုးဆွတော့မယ်ဆိုရင် ချောဆီမဖြစ်မနေ သုံးသင့်ပါတယ်။ ချောဆီဟာ ပွတ်တိုက်မှုကို လျှော့ချပေးပြီး နာကျင်မှုသို့မဟုတ် အရေပြား စုတ်ပြဲခြင်းတွေကနေ ကာကွယ်ပေးပါတယ်။ ရေ သို့မဟုတ် စီလီကွန်အခြေခံ ချောဆီကို ရွေးချယ်ပါ။
အကာအကွယ် – စအိုနေရာတဝိုက်ဟာ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ အများကြီး စုပြုံနေနိုင်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့ ကွန်ဒုံး သို့မဟုတ် ရာဘာလက်အိတ်ကို အသုံးပြုပြီး နှိုးဆွပေးဖို့ လိုပါတယ်။
Anal Toys – မတူညီတဲ့ ခံစားမှုအထိအတွေ့ကို ရစေဖို့ Anal Toys တွေကို အသုံးပြုနိုင်ပါတယ်။ Anal Toys တွေက စအိုအတွက် သီးသန့်ဒီဇိုင်းဖော်ထားတဲ့ အရုပ်တွေဖြစ်တာကြောင့် ဂျီစပေါ့ ကို အလွယ်တကူ ရှာတွေ့နိုင်ဖို့ အထောက်အကူ ပြုပါတယ်။
တစ်ရှုးအစို – သန့်ရှင်းမှုအတွက် ဂျီစပေါ့ကို မနှိုးဆွခင်နဲ့ နှိုးဆွပြီးချိန်တွေမှာ တစ်ရှုးအစိုအသုံးပြုပြီး သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ သတိထားရမှာက ယားယံမှုနဲ့ ဓာတ်မတည့်ခြင်းတွေ မဖြစ်စေဖို့ အယ်လယ်ကိုဟော မပါတဲ့ တစ်ရှုးအစိုတွေကို သုံးပေးသင့်ပါတယ်။
လက်နဲ့ပဲ နှိုးဆွမယ်ဆိုရင်တော့ လုပ်ငန်းမစခင်မှာ လက်တွေကို သေချာသန့်ရှင်းအောင် ဆေးကြောထားပါ။ လက်သည်းတွေကို ညှပ်ထားပေးရပါမယ်။ ဒါမှသာ ဘက်တီးရီးယား ပြန့်ပွားမှုနဲ့ ပွန်းပဲ့ဒဏ်ရာ အနာတရတွေ ရနိုင်ခြင်းကို တားဆီးပေးပါလိမ့်မယ်။
Featured Photo : Medical News Today