အမျိုးသားတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေဖို့ နည်းလမ်းအမျိုးမျိုးရှာဖွေအသုံး ပြုလာကြပေမယ့် အန္တရာယ်ကင်းပြီး သဘာဝအတိုင်း လိင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်တာကတော့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဘယ်အစားအစာတွေက အမျိုးသားတို့ကို သက်လုံတိုးပွား ခွန်းအားများစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေမလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ဆယ်လ်မွန်ငါး

Photo : First For Women

ဆယ်လ်မွန်ငါး နဲ့ ဆာဒင်း ၊ တူနာ တို့လို ပင်လယ်ငါးတွေမှာ omega-3 fatty acids ဓာတ်များ ပေါပေါများများ ပါဝင်ပါတယ်။ ပရိုတင်းဓာတ်၊ သံဓာတ်၊ ဇင့်၊ ဗီတာမင် B12 နဲ့ ဗီတာမင် D ဓာတ်တို့ကိုလည်း ၎င်းအစာအစာတွေကနေ ရနိုင်ပါတယ်။ ပင်လယ်ငါးတွေဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုနဲ့ နှလုံးကျန်းမာရေးကို ကောင်းစေတဲ့အပြင် ကျားဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတာကြောင့် လိင်မှုစွမ်းရည်ပိုင်းမှာ အားရကျေနပ်စရာ ဖြစ်စေမှာပါ။

(၂) အသား

Meat
Photo : Safefood

အမဲသား၊ ကြက်သားနဲ့ ဝက်သား တို့လို ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားတွေက ကျားခွန်အားတိုးစေပြီး လိင်မှုစွမ်းရည်တိုးတက်စေတဲ့ အဓိကအစားအစာတွေ ဖြစ်ပါတယ်။ အသားတွေမှာ မိုင်နိုအက်ဆစ်နဲ့ ဇင့်ဓာတ်တို့လို သွေးစီးဆင်းမှု ပိုကောင်းစေတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ မိုင်နိုအက်ဆစ်က အမျိုးသားတွေမှာ အဖြစ်များတဲ့ ပန်းသေပန်းညိုးခြင်း ၊ လိင်အင်္ဂါကောင်းစွာမထောင်မတ်နိုင်ခြင်း စတဲ့ပြဿနာတွေကို ကုသပေးနိုင်ပြီး လိင်မှုစွမ်းဆောင်ရည်ကို တိုးတက်စေနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) ကမာ

Oysters
Photo : Shaws Iberian

ကမာဟာ လိင်မှုစွမ်းရည် မြှင့်တင်ပေးတဲ့ အစားအစာတစ်ခုအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက နာမည်ကျော်ပါတယ်။ အဓိကအားဖြင့် ကမာမှာ ဇင့်ဓာတ်အမြောက်အများ ပါဝင်တာကြောင့်ပါ။ ဇင့်ဓာတ်က လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပြီး တက်စတိုစတီရုန်း ပမာဏကို တိုးမြှင့်ပေးပါတယ်။ အကယ်၍ သင်က ကမာမကြိုက်ဘူးဆိုရင် ဇင့်ဓာတ်ပါဝင်မှုများတဲ့ ပုဇွန်၊ ဂဏန်းနဲ့ အနီရောင်အသားတွေ စားပေးနိုင်ပါတယ်။

(၄) အခွံမာသီး

Nuts

Photo : Martha Stewart

သစ်ကြားသီး၊ ဗာဒံစေ့နဲ့ သီဟိုဠ်စေ့တွေလို အခွံမာသီးတွေမှာ ဇင့်နဲ့ မိုင်နိုအက်ဆစ်ဓာတ်တွေ မြင့်မားစွာ ပါဝင်တာတွေ့ရပါတယ်။ အထူးသဖြင့် သစ်ကြားသီးတွေဟာ ကျန်းမာရေးအကျိုးပြုဓာတ် တစ်မျိုးဖြစ်တဲ့ omega-3 fatty acids အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ သစ်ကြားသီးဟာ အမျိုးသားတို့ရဲ့ သုတ်ပိုး အရည်အသွေးကို ကောင်းမွန်စေပြီး မျိုးပွားနိုင်စွမ်းမြှင့်တင်ပေးနိုင်တယ်လို့ လေ့လာမှုတွေက အတည်ပြုထားပါတယ်။ သစ်ကြားသီးအပါအဝင် အခွံမာသီးနဲ့ အစေ့အဆန်တွေ စားပေးမယ်ဆိုရင် ကျားခွန်းအားတိုးပွားပြီး လိင်မှု စွမ်းဆောင်ရည် ကို မြင့်တက်စေမှာပဲ ဖြစ်ပါတယ်။

Source : WebMD

Featured Photo : Eat This Not That