ဟော်မုန်းမညီမျှမှု ပြဿနာဟာ အမျိုးသမီးတွေတင် မကပါဘူး။ အမျိုးသားတွေမှာလည်း အဖြစ်များပါတယ်။ ငယ်ရွယ်တဲ့ အမျိုးသားတွေမှာပင် တက်စတိုစတီရုန်း (Testosterone) ပမာဏ လျော့ကျခြင်းနဲ့အတူ မျိုးပွားမှုဆိုင်ရာ ကမောက်ကမဖြစ်ခြင်း ၊ လိင်စိတ် လျော့နည်းခြင်း ၊ စွမ်းအင်ကျဆင်းခြင်း စတဲ့ အခြေအနေတွေ ဖြစ်ပေါ် ကြုံတွေ့ နေကြရပါတယ်။ အကယ်၍ ကွီးတို့မှာ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်း မညီမျှမှု ပြဿနာ ရှိနေပြီဆိုရင်တော့ အခုပြောပြမယ့် အစောပိုင်းလက္ခဏာတွေ ပြသပါလိမ့်မယ်။
(၁) လိင်ဆက်ဆံလိုစိတ် နည်းပါးနေမယ်
Photo : Independent News Reporters
တက်စတိုစတီရုန်း (Testosterone) ဟော်မုန်း ဟာ အမျိုးသားတွေရဲ့ Sex Drive နဲ့ အဓိက ဆက်စပ်နေပါတယ်။ ကျားဟော်မုန်း ပမာဏ ကျဆင်းလာတာနဲ့ တပြိုင်နက် လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု လျော့ကျသွားနိုင်ပြီး လိင်ဆက်ဆံလိုစိတ် နည်းပါးတာ ၊ လိင်တံထောင်မတ်ဖို့ ခက်ခဲတာ သို့မဟုတ် လိင်တံ ထောင်မတ်မှုကို အချိန်ကြာကြာ ထိန်းမထားနိုင်တာ စတဲ့ အခြေအနေတွေ ကြုံရနိုင်ပါတယ်။
(၂) ပင်ပန်းနွမ်းနယ်နေမယ်
Photo : BBC
တက်စတိုစတီရုန်း (Testosterone) ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏကို ထုတ်ပေးရာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ တက်စတိုစတီရုန်း (Testosterone) ပမာဏ ကျဆင်းလေ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ စွမ်းအင်ကျဆင်းခြင်းစတဲ့ အခြေအနေတွေ ဖြစ်စေနိုင်ပါတယ်။ အိပ်ချိန် လုံလုံလောက်လောက် အိပ်စက်ပြီး သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေပါလျက်နဲ့ အချိန်တိုင်း ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ ဒါဟာ ဟော်မုန်း မညီမျှခြင်းကို ပြသနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
(၃) ကြွက်သားထု ကျဆင်းလာမယ်
Photo : Swolefoods
ကြွက်သား တည်ဆောက်ရာမှာ အရေးပါတဲ့ ဟော်မုန်းကတော့ တက်စတိုစတီရုန်း (Testosterone) ပါပဲ။ တက်စတိုစတီရုန်း (Testosterone) ဟာ ကြွက်သားထုထည် တည်ဆောက်ဖို့နဲ့ ကြွက်သားထု ထိန်းသိမ်းရာမှာ မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းဓာတ် တစ်မျိုးပါ။ တက်စတိုစတီရုန်း (Testosterone) ပမာဏ ညီမျှမှု မရှိဘူးဆိုရင် ကြွက်သားထု လျော့ကျပြီး ကြွက်သားတွေရဲ့ ကြံ့ခိုင်သန်မာမှု ကျဆင်းလာနိုင်ပါတယ်။ ရုတ် တရက် ကြွက်သားတွေ အားနည်းလာတယ် ၊ ကြွက်သားထု လျော့ကျလာတယ်ဆိုရင်တော့ တက်စတိုစတီရုန်း (Testosterone) ပမဏ လျော့ကျနေတာ ဖြစ်နိုင်ပါတယ်။
(၄) စိတ်အတက်အကျ ဖြစ်မယ်
Photo : The Ranch TN
တက်စတိုစတီရုန်း (Testosterone) ဟာ စိတ်ခံစားချက်အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ တက်စတိုစတီရုန်း (Testosterone) ပမာဏ ကျဆင်းလာတယ်ဆိုရင် စိတ်ခံစားချက်တွေ အမျိုးမျိုးပြောင်းလဲနိုင်ပြီး ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းတို့ကို ခံစားရနိုင်ပါတယ်။ စိတ်အတက်အကျတွေ မြန်ဆန်ပြီး မကောင်းတဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်း ကျဆင်းခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
Source : TheHealthSite
Featured Photo : CNN