ခေါင်းအစ ခြေအဆုံး စတိုင်မိတဲ့ အမျိုးသား တစ်ယောက်ဖြစ်ဖို့ ဆိုရင် အဝတ်အစားကို အာရုံစိုက်ရုံမက ဖိနပ်တွေကိုလည်း သေချာရွေးချယ် ဝတ်ဆင်ဖို့ လိုပါတယ်။ ကိုယ်ဝတ်တဲ့ outfit နဲ့ လိုက်ဖက်မှုရှိတဲ့ ဖိနပ်ကို ရွေးချယ်ဝတ်ဆင်ခြင်ဟာ ကွီး တို့ရဲ့ အသွင်အပြင်ကို သာမန်နဲ့ မတူပဲ ကွဲသွားစေ နိုင်ပါတယ်။ အခုပြောပြပေးမှာကတော့ စမတ်ကျပြီး စတိုင်မိုက်တဲ့ အမျိုးသား တစ်ယောက်ဖြစ်ဖို့ ကွီး တို့ ပိုင်ဆိုင်ထားသင့်တဲ့ Shoes ၅ ရံ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) လည်သာ Boot
Photo : The Trend Spotter
စတိုင်ကျချင်တဲ့ အမျိုးသားတိုင်း Leather Boot တစ်ရံတော့ အနည်းဆုံး ရှိထားသင့်ပါတယ်။ Leather Boot တွေက ဆောင်းရာသီ အချိန်တွေမှာ ဝတ်လို့အကောင်းဆုံး ဖိနပ်တစ်ရံ ဖြစ်ပါတယ်။ အနက်ရောင်နဲ့ အညိုရောင်လည်သာ ဖိနပ်တွေကတော့ အဝတ်များပြီး လွတ်လပ်ဖက်ရှင်စတိုင်ကို အပြည့်အဝရစေမှာ ဖြစ်ပါတယ်။
(၂) အဖြူရောင် Low Top Trainer

Photo : The Trend Spotter
ပေါ့ပေါ့ပါးပါးရှိတဲ့ ဖိနပ်မျိုးကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်ကတော့ အဖြူရောင် Trainer ဖိနပ်တွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။ အဖြူရောင် Low Top Trainer ဖိနပ်တွေက ရိုးရှင်းသလောက် စတိုင်ကျတဲ့ ဖိနပ်အမျိုးအစားတစ်ခုလို့ ပြောရမှာပါ။ အနက်ရောင် jeans ဘောင်း ဘီတွေနဲ့ တွဲဝတ်မယ်ဆိုရင် အလိုက်ဖက်ဆုံးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သပ်ရပ်တဲ့ ဖက်ရှင်ပုံစံကို ပုံဖော်ပေးနိုင်ပါတယ်။
(၃) Loafer

Photo : The Trend Spotter
ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ ဝတ်စုံတွေအတွက် Loafer ဖိနပ်တွေက မရှိမဖြစ်ပဲ ဖြစ်ပါတယ်။ များသေားအားဖြင့် နွေရာသီ ဖက်ရှင်တစ်ခုအနေနဲ့ Loafer ဖိနပ်တွေကို ဝတ်လေ့ရှိကြပါတယ်။ Chino ဘောင်းဘီနဲ့ စမတ်ကျတဲ့ ဖက်ရှင်မျိုး ဝတ်နိုင်သလို ဘောင်းဘီတိုဖက်ရှင်တွေနဲ့လည်း ပေါ့ပေါ့ပါးပါး ဝတ်လို့ရတဲ့ အကောင်းဆုံး ဖိနပ်စတိုင်တစ်မျိုး ဖြစ်ပါတယ်။
(၄) Oxford

Photo : The Trend Spotter
Oxford Shoes တွေကတော့ လူကြီးလူကောင်းဆန်ဆန် ပွဲတက်ရတဲ့ အခမ်းအနားတွေ ၊ လုပ်ငန်းခွင် ဖက်ရှင်တွေအတွက် သင့်တော်တဲ့ ဖိနပ်တစ်မျိုး ဖြစ်ပါတယ်။ အဓိကအားဖြင့် Suit တွေနဲ့ တွဲဖက်ဝတ်ဆင်ရတာဖြစ်ပြီး စမတ်ကျတဲ့ ဖက်ရှင်စတိုင်မျိုး ရရှိစေမှာ ဖြစ်ပါတယ်။ Suit တွေဝတ်လေ့ရှိတဲ့ အမျိုးသား တွေအနေနဲ့တော့ အနက်ရောင် Oxfords ဖိနပ် ကောင်းကောင်းတစ်ရံတော့ ဝယ်ထားဖို့ လိုပါတယ်။
(၅) Sneakers

Photo : The Trend Spotter
သက်တောင့်သက်သာ ရှိပြီး ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်အတွက် Sneakers တွေကတော့ ဆရာတစ်ဆူလို့ ပြောနိုင်ပါတယ်။ ဘယ်လို outfit မျိုးနဲ့မဆို တွဲဖက် ဝတ်ဆင်နိုင်ပြီး လူငယ်ဆန်ဆန် street style ဖက်ရှင်တွေနဲ့ပဲ ဝတ်ဝတ် ၊ ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ ဝတ်စုံတွေနဲ့ ပဲတွဲဝတ်ဝတ် အဆင်ပြေတဲ့ စွယ်စုံရ ဖိနပ်တစ်မျိုးဖြစ်တာကြောင့် စတိုင်ကျချင်တဲ့ ကွီးတို့ရဲ့ ဗီရိုထဲမှာ ရှိသင့်တဲ့ ဖိနပ်တစ်မျိုးပဲ ဖြစ်ပါတယ်။
Featured Photo : The Adult Man

