ကျွန်တော်တို့ ယောကျာ်းလေးတွေမှာ အနည်းဆုံး တစ်ပတ်တစ်ခါလောက်တော့ မျက်နှာပေါ်က အမွေးအမျှင်တွေကို ရိတ်ရလေ့ရှိပါတယ်။ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးလို အမွေးအမျှင် တွေကို ရိတ်ပြီးတဲ့အခါမှာ ကျွန်တော်တို့ရဲ့ အသားအရေက ကြမ်းတမ်းပြီး ပျက်စီးတာမျိုးတွေ ဖြစ်တက်ပါတယ်။ အလားတူ ဓားထိရာ ၊ ပွန်းရာရှရာတွေကနေလည်း ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ချေ ရှိပါတယ်။ ဒီလို အရေပြားဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ဆို နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးတွေ ရိတ်ပြီးတိုင်းမှာ Aftershave လိမ်းပေးဖို့ပါပဲ။ ကျွန်တော်တို့ အမွေးအမျှင်တွေ ရိတ်ပြီးတိုင်းမှာ Aftershave လိမ်းပေးဖို့ ဘာကြောင့်လိုအပ်လဲ ၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရစေမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။

(၁) သွေးတိတ်စေတယ်

Aftershave

Photo : Esquire

တစ်ခါတစ်လေမှာ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးလို အမွေးအမျှင် တွေကို ရိတ်တဲ့အခါ မတော်တဆ ဓားရှရာ ၊ ပွန်းပဲ့ဒဏ်ရာတွေ ကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ အမြန်ဆုံး သွေးတိတ်ဖို့နဲ့ ဒဏ်ရာကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းက Aftershave လိမ်းပေးတာပါပဲ။ Lotion သို့မဟုတ် Cream Type Aftershave တွေက ဓားရှဒဏ်ရာတွေအတွက် အထူးသင့်တော်ပြီး အချိန်တိုအတွင်း သက်သာပျောက်ကင်းစေဖို့ ကူညီပေးပါတယ်။

(၂) အသားအရေကို ချောမွေ့စေတယ်

Aftershave

hoto : Lifestyle Asia Hong Kong

အမွေးအမျှင် တွေရိတ်ပြီးချိန်မှာ အသားအရေနီမြန်းတာ ၊ ကြမ်းတမ်းတာ ၊ ယားယံတာနဲ့ စပ်ဖျင်းဖျင်းဖြစ်တာတွေလို အရေပြားဆိုင်ရာ ပြဿနာတွေ အများဆုံးဖြစ်လေ့ရှိပါတယ်။ ဒီပြဿနာတွေအားလုံးကို Aftershave က ဖြေရှင်းပေးနိုင်ပါတယ်။ Aftershave သုံးမယ်ဆိုရင် အသားအရေကို အေးမြလန်းဆန်းစေပြီး ပိုမိုနူးညံ့ချောမွေ့တဲ့ ခံစားမှုအထိအတွေ့ကို ရနိုင်ပါတယ်။

(၃) ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတယ်

Aftershave

Photo : Montrose Dermatology

Aftershave တွေဟာ ဘက်တီးရီးယားပိုးမွှားတွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် တစ်ကိုယ်ရေးသန့်ရှင်းမှုအတွက် မရှိမဖြစ်အသုံးပြုသင့်တဲ့ Hygienic Product တစ်ခုလို့ပြောရင်လည်း မမှားနိုင်ပါဘူး။ အရေပြားဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက ချွေးပေါက်တွေမှာ ဖုန်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ ပိတ်ဆို့လာတာကြောင့်ပါ။ အမွေးအမျှင် တွေရိတ်ပြီးချိန်မှာ ချွေးပေါက်တွေထဲကို ဖုန်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ ပိုမိုဝင်ရောက်နိုင်ချေ ရှိပါတယ်။ Aftershave ကတော့ ဒီလို ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပြီး ပိုးဝင်တာ ၊ အရေပြားထဲပြန်လိပ်ဝင်နေတဲ့ Ingrown Hairs ပြဿနာတွေနဲ့ ဝက်ခြံပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။

(၄) အသားအရေ ထိန်းသိမ်းပေးတယ်

Aftershave

Photo : Men’s Journal

ကျွန်တော်တို့ ယောကျာ်းလေးတော်တော်များများက အလှပဆိုင်ရာပစ္စည်းတွေ သုံးလေ့သုံးထ နည်းကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အသားအရေကို နူးညံ့ချောမွေ့နေစေဖို့ Skin Care ပစ္စည်းတစ်ခုခုတော့ မဖြစ်မနေသုံးပေးဖို့ လိုပါတယ်။ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးလို အမွေးအမျှင် တွေ ရိတ်ပြီးချိန်မှာ တခြားသော Skin Care ပစ္စည်းတွေ မသုံးနိုင်ရင်တောင် Aftershave တော့ မဖြစ်မနေ လိမ်းပေးဖို့လိုပါတယ်။ Aftershave ဟာ အမျိုးသားတွေအတွက် အသင့်တော်ဆုံး Skin Care Product တစ်ခုဖြစ်သလို အရေပြားဆိုင်ရာ ပြဿနာအမျိုးမျိုးကိုလည်း ထိထိရောက်ရောက် ကာကွယ်လျော့ချပေးနိုင်စွမ်းရှိပါတယ်။

(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်တက်စေတယ်

Aftershave
Photo : Live More Zone

Aftershave သုံးပေးတာဟာ ကွီးတို့ရဲ့အသားအရေကို ပိုမိုကောင်းမွန်စေတယ်လို့ ခံစားရစေရုံမက ကိုယ့်ကိုယ်ကို ယုံကြည်မှု Levels ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အသားအရေကို ပိုမိုကောင်းမွန်စေပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်အသွင်ကို ဖော်ဆောင်ပေးတာကြောင့် ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသားတစ်ယောက်အဖြစ်နဲ့ နေရာတိုင်းမှာ ဝင့်ကြွားနိုင်မှာပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ အမွေးအမျှင် တွေရိတ်ပြီးတဲ့အခါ Aftershave သုံးပေးခြင်းဖြင့် ကွီးတို့ရနိုင်မယ့် ကောင်းကျိုးတွေအကြောင်းပါ။ ကွီးတို့ရော နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးတွေ ရိတ်ပြီးချိန်မှာ Aftershave သုံးဖြစ်ပါရဲ့လား?

Featured Photo : MensXP