ကိုယ် ချစ်ရတဲ့ ချစ်သူလေးနဲ့ မင်္ဂလာပွဲကြီး ခမ်းခမ်းနားနား ကျင်းပပြီးတဲ့နောက်မှာ တစ်ဘဝလုံးစာ အမှတ်ရ ဖို့အတွက် ဘယ်လို ပျားရည်ဆမ်း ခရီးမျိုးကို သွားဖို့ ပြင်ဆင်ထားပါသလဲ။

တစ်သက်မှာ တစ်ခါသာ ဆောင်ရတဲ့ မင်္ဂလာပွဲဆိုတော့ ကွီးတို့လည်း ပျားရည်ဆမ်း ခရီးကို သာယာလှပပြီး လည်ပတ်လို့ကောင်းတဲ့ နေရာ၊ ရိုမန့်တစ်ဆန်တဲ့ နေရာကိုသာ သွားလည်ချင်ကြမှာပါပဲ။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများဆီသို့ သွားရောက်လည်ပတ်နိုင်ပါတယ်။

ဘိုရာ ဘိုရာ

ဘိုရာ ဘိုရာ

ဘိုရာ ဘိုရာဆိုတဲ့ နေရာလေးကတော့ သေးငယ်တဲ့ ကျွန်းတစ်ကျွန်းပဲဖြစ်ပါတယ်။ လှပပြီး ရိုမန့်တစ်ဆန်တဲ့ ဘန်ဂလိုများတွင် တည်းခိုနိုင်ပြီး နူးညံ့အိစက်တဲ့ သဲသောင်ပြင်တစ်လျှောက်မှာ စက်ဘီးပဲ စီးချင်သလား၊ ဒါမှမဟုတ် ခြေဗလာနဲ့ လမ်းလျှောက်ချင်သလား။ ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ကွီးတို့က ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်ဆိုရင်လည်း ပင်လယ်ပြင်ကြီးကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။

မော်လ်ဒိုက်

အမှတ်ရ ပျားရည်ဆမ်း

မော်လ်ဒိုက်က သဲသောင်ပြင်တွေကတော့ ဖြူဖြူဖွေးဖွေးလေးနဲ့ မြင်ရသူအဖို့ တကယ့်ကို အပန်းဖြေ အနားယူချင်စရာ ကောင်းလှပါတယ်။ လာရောက် လည်ပတ်သူများအနေနဲ့ ပင်လယ်ပြင်ထက်တွင် Water Sports များကို ပြုလုပ်နိုင်ပါတယ်။ Scuba Diving လုပ်ရင် သန္တာကျောက်တန်းများ၊ ပင်လယ်ရေအောက် ကြမ်းပြင်ထက်က အလှအပတွေကို ကြည့်ရှု ခံစားချင်သလား၊ ဒါမှမဟုတ် ရေလွှာလျှောစီး အားကစားပဲ လုပ်ချင်သလား။ ကွီးတို့ စိတ်ကြိုက် အပန်းဖြေ အနားယူနိုင်ပါတယ်။

ပဲရစ်

အမှတ်ရ ပျားရည်ဆမ်း

တစ်ဘဝစာလုံး အမှတ်ရ ဖို့အတွက် ပျားရည်ဆမ်း ခရီးကို ကမ်းခြေ မသွားချင်ဘူးဆိုသူတွေအတွက်ကတော့ ပဲရစ်သို့ သွားရောက်နိုင်ပါတယ်။ ပဲရစ်ကတော့ ဖက်ရှင်မြို့တော်လို့လည်း အမည်တွင်သလို ချစ်သူများအကြား ရိုမန့်တစ်ဆန်တဲ့ မြို့လို့လည်း သတ်မှတ်နိုင်ပါတယ်။ ပြင်သစ်ဘာသာစကားနဲ့ ခေါ်ဝေါ်ချင်တယ်ဆိုရင်တော့ ပါရီ လို့ ခေါ်ရမှာပေါ့။ ကွီးတို့အနေနဲ့ ပါရီမြို့သို့ ရောက်တဲ့အခါ အဆင့်မြင့် စားသောက်ဆိုင်များဆီသို့ တစ်ခါ တစ်ခေါက်လောက် အရောက်သွားရင် ပါရီမြို့ကြီးသား ဖြစ်ရခြင်းရဲ့ အနှစ်သာရကို တစ်ဝကြီး ခံစားလိုက်ပါ။

ဖူးခက်

အမှတ်ရ ပျားရည်ဆမ်း

ဝေးလံတဲ့ ပြည်ပနိုင်ငံကြီးတွေဆီလည်း မသွားချင်ဘူး။ အသင့်အတင့် ဘက်ဂျက်လေးနဲ့ အမှတ်ရ စေမယ့် ပျားရည်ဆမ်း ခရီးလေးကို ဖန်တီးချင်တယ်ဆိုရင်တော့ ဖူးခက်ကိုသာ သတိရလိုက်ပါ။ ဘေးချင်းကပ်ရပ် အိမ်နီးချင်း နိုင်ငံပဲဆိုတော့ လေယာဥ်စီးရတာလည်း အရမ်းကြီး အချိန်ကြာမှာ မဟုတ်ပါဘူး။ ပင်လယ်ကမ်းခြေမှာ အုန်းရည်သောက်ရင်း အနားယူမလား၊ နေဝင်ဆည်းဆာကို ကြည့်ရှုခံစားရင်း ကြင်စဦး မောင်နှံနှစ်ယောက် လမ်းအတူတူ လျှောက်ကြမလား။ ကွီးတို့ စိတ်ကြိုက် Activities များကို ပြုလုပ်နိုင်ပါတယ်။

ဆန်တိုရီနီ

အမှတ်ရ ပျားရည်ဆမ်း

ပျားရည်ဆမ်းခရီးအတွက် ရိုမန့်တစ်ဆန်တဲ့ နောက်ထပ် နေရာတစ်နေရာ ရှိပါသေးတယ်။ ထိုနေရာကတော့ ဂရိနိုင်ငံထဲက ဆန်တိုရီနီပဲဖြစ်ပါတယ်။ ဒီနေရာလေးကလည်း ကြင်စဦး ဇနီးမောင်နှံများအကြား ရေပန်းစားပါတယ်။ သူ့ရဲ့ အဆောက်အဦးများက ရှေးခေတ် ဗိသုကာလက်ရာများဖြင့် ဆောက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ ရှေ့ခေတ် အငွေ့အသက်များကို ခံစားနိုင်ပါသေးတယ်။ ဒါ့အပြင် ဇိမ်ခံ သင်္ဘောကြီး စီးကာ သဘာဝ လေကောင်း လေသန့်ကို ရှူရှိုက်ချင်ပါသလား။ ဒါမှ မကျေနပ်သေးဘူး ဆိုရင်လည်း ကျွန်းပေါ်ရှိ စပျစ်ခြံထဲ သွားရောက်ကာ ဝိုင်သောက်ရင်း တမေ့တမောကြီး အနားယူနိုင်ပါသေးတယ်။

ကွီးတို့ရော ပျားရည်ဆမ်းခရီးအတွက် ဘယ်နေရာ သွားကြမယ်လို့ တိုင်ပင်ထားကြပါသလဲ။

Source: Travel.usnews

Featured Image: Freepik