ကျွန်တော်တို့ ယောကျာ်းလေးတွေကတော့ ဂိမ်းဆိုရင် ကြမ်းကြမ်းတမ်းတမ်း တိုက်ရခိုက်ရဖိုက်ရတာမျိုးမှ ကြိုက်ကြတာ များပါတယ်။ Fighting ဂိမ်းတွေကို စွဲစွဲလန်းလန်း မရိုးတမ်းဆော့ကစားကြတဲ့ အမာခံ ဂိမ်းချစ်သူတွေလည်း အများကြီးရှိမယ် ထင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အမှန်အကန် ဖိုက်ရမယ့် Android အတွက် အကောင်းဆုံး တိုက်ခိုက်ရေးဂိမ်းအချို့ကို ကွီးတို့အတွက် ညွှန်းပေးချင်ပါတယ်။

(၁) Brawlhalla

Source : Brawlhalla

ပျော်စရာကောင်းတဲ့ တိုက်ခိုက်ရေးဂိမ်းလို့ ပြောရင် Brawlhalla ကို ထိပ်ဆုံးက ပြောရမှာပါ။ ဒီဂိမ်းလေးက Super Smash Bros ဂိမ်းစီးရီးနဲ့ တော်တော်လေး ဆင်တူပါတယ်။ Super Smash Bros ဂိမ်းလိုပဲ မတူညီတဲ့ဇာတ်ကောင်တွေ အများကြီးပါဝင်ပြီး တစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ စွမ်းရည်တွေ ၊ တိုက်ခိုက်မှုနည်းစနစ်တွေ ကိုယ်စီရှိကြပါတယ်။ ဒီဂိမ်းလေးမှာ မတူညီတဲ့ ဂိမ်း Modes တွေလည်း ပါဝင်ပြီး On-Screen Controls တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဇာတ်ကောင်သစ် ၅၀ ကိုလည်းထည့်သွင်းပေးထားပြီး ပြင်းပြင်းထန်ထန် အမှန်အကန် ဖိုက်ရတဲ့ ပျော်စရာဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ Brawlhalla ဂိမ်းလေးက Free To Play ဆော့ကစားလို့ ရပါတယ်။

(၂) Injustice: Gods Among Us 1 And 2 (And Mortal Kombat)

Source : Warner Bros. Games

Injustice: Gods Among Us 1 နဲ့ 2 တို့ကတော့ တိုက်ခိုက်ရေး မိုဘိုင်းလ်ဂိမ်းတွေထဲမှာ လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံး ဂိမ်းတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ပြိုင်ဘက် ကစားသမားကို ဆက်တိုက် သတ်ပုတ်တိုက်ခိုက်ချက်တွေနဲ့ ယှဉ်ပြိုင်အနိုင်တိုက်ယူ ရမှာဖြစ်ပါတယ်။ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ DC Comics စူပါဟီးရိုးဇာတ်ကောင်တွေ အများကြီးပါဝင်ပြီး Mortal Kombat ဇာတ်ကောင်တွေလည်း ပါပါတယ်။ ရိုးရှင်းတဲ့ ဂိမ်း Controls တွေနဲ့ သွက်သွက်လက်လက် ဆော့ကစားနိုင်မှာဖြစ်ပြီး အွန်လိုင်း Multiplayer အနေနဲ့လည်း ကစားလို့ ရမှာဖြစ်ပါတယ်။ Injustice: Gods Among Us 1 And 2 (And Mortal Kombat) ဂိမ်းတွေကလည်း Free To Play ကစားလို့ရတဲ့ အမိုက်စား တိုက်ခိုက်ရေးဂိမ်းတွေ ဖြစ်ပါတယ်။

(၃) The King of Fighters ALLSTAR

Source : The King of Fighters ALLSTAR

The King of Fighters ALLSTAR ဂိမ်းကတော့ အမှန်အကန် ဖိုက်ရတဲ့ တိုက်ခိုက်ရေး ဂိမ်းတွေထဲမှာ အသစ်ထွက်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းက KoF Universe မှာ နေရာယူထားပြီး မတူညီတဲ့ ဂိမ်းအမျိုးမျိုးက ဇာတ်ကောင်အများကြီးကို ထည့်သွင်းပေးထားပါတယ်။ ဂိမ်း Controls ပိုင်းမှာ အနည်းငယ် ရှုပ်ထွေးမှုလေးတွေ ရှိပေမယ့် Mortal Kombat X နဲ့ Injustice 2 တို့ထက် ရွေးချယ်စရာတွေ ပိုများပါတယ်။ အွန်လိုင်း PvP ပွဲတွေ ၊ Co – Op Play နဲ့ တခြား Campaign Option တွေ ပါဝင်ပြီး PvP ပွဲတွေ ကစားတဲ့အခါမှာတော့ နည်းနည်းလေး ထစ်တာမျိုးဖြစ်တဲ့ အားနည်းချက်တော့ ရှိပါတယ်။ ဒါပေမယ့်လည်း The King of Fighters ALLSTAR ဂိမ်းက Free To Play ကစားလို့ရတဲ့ အားသာချက် ရှိနေပြန်တာကြောင့် စမ်းသပ်ဆော့ကစားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၄) Real Boxing 2

Source : Vivid Games

Real Boxing 2 ဂိမ်းကတော့ လက်ဝှေ့ဝါသနာရှင် ဂိမ်းချစ်သူတွေ အကြိုက်တွေ့ရမယ့် အကောင်းဆုံး တိုက်ခိုက်ရေး ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Players တွေအနေနဲ့ လူကြိုက်များတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေ နေရာကနေ တိုက်ခိုက်ကစားနိုင်မှာဖြစ်ပြီး ဂိမ်းထဲမှာ လုပ်စရာတွေလည်း အများကြီး ပါဝင်ပါတယ်။ ကွီးတို့အနေနဲ့ အခြား တိုက်ခိုက်ရေးသမားတွေကို စိန်ခေါ်ယှဉ်ပြိုင် ထိုးသတ်နိုင်သလို အသေးစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဖိုက်တာ ဇာတ်ကောင်တွေကို စိတ်ကြိုက်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်း Controls ပိုင်းကောင်းမွန်ပြီး Graphics လည်းကောင်းတဲ့အထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ယှဉ်ပြိုင်ထိုးသတ်ရတာ ဝါသနာပါတဲ့ ဘောက်ဆင်ချစ်သူ ကွီးတို့ကတော့ ဒီ အမှန်အကန် ဖိုက်ရမယ့် Real Boxing 2 ဂိမ်းလေးကို Try ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ Real Boxing 2 ဂိမ်းလေးကလည်း Free To Play ဆော့ကစားလို့ ရပါတယ်။

Featured Photo : Vivid Games